Thursday, November 8, 2018

သံဃိကကျောင်းလှူအကျိုး


သံဃိကကျောင်းလှူအကျိုး

++++++++++++++++++++

ကျောင်းလှူသော သူသည် ခပ်သိမ်းသော အလှူကို လှူ သူ မည်၏၊
ကျောင်းလှူအကျိုးသည် အလွန်ကြီးမားသည်၊
တိရစ္ဆာန်တစ်ကောင်ကို လှူရသော အကျိုးသည် တစ်ရာသော အကျိုးကို ရ၏၊
တိရစ္ဆာန်တစ်ရာထက်နွားနှင့်တူသော လူမိုက်တစ်ယောက်အား လှူရသော အကျိုးသည် ကြီး၏၊
လူမိုက်တစ်ရာလှူရသည်ထက် သီလသမာဓိရှိသူ တစ်ယောက်အား လှူရသော အကျိုးသည်ကြီး၏၊
သီလသမာဓိရှိသူတစ်ရာအား လှူရသည်ထက် သီတင်းသည် တစ်ယောက်ကို လှူရသော အကျိုးကြီး၏၊
သီတင်းသည် တစ်ရာလှူရသည်ထက် သာမဏေတစ်ပါး လှူရကျိုးသည် ကြီး၏၊
သာမဏေတစ်ရာလှူရသည်ထက် ရဟန်းတစ်ပါး လှူရကျိုးသည် ကြီး၏၊
ရဟန်းတရာလှူရသည်ထက် သီလဝန္တပုထုဇဉ် ရဟန်းတစ်ပါး လှူရကျိုးသည်ကြီး၏၊
သီလဝန္တပုထုဇဉ် ရဟန်းတစ်ရာ လှူရသည်ထက် သောတာပန် အရိယာတစ်ပါးလှူရကျိုးသည် ကြီး၏၊
သောတာပန်တစ်ရာထက် သကဒါဂါမ်တစ်ပါး လှူရသည် က ပို၍ အကျိုးကြီး၏၊
သကဒါဂါမ်တစ်ရာထက် အနာဂါမ်တစ်ပါး လှူရသည်က ပို၍ အကျိုး ကြီး၏၊
အနာဂါမ်တစ်ရာ လှူရသည်ထက် ရဟန္တာတစ်ပါး လှူရသည်က ပို၍ အကျိုးကြီး၏၊
ရဟန္တာတစ်ရာ လှူရသည်ထက် ဘုရားတစ်ပါး လှူရသည်ကား ပို၍ အကျိုးကြီး၏၊
ထိုထက်ကား ဘုရားအမှူးရှိသော သံဃာကို လှူရသည်ကား ပို၍ အကျိုးကြီး၏၊
ထို့ထက် သရဏဂုံနှင့် ပဉ္စသီလဆောက်တည်ခြင်းကား ပို၍ အကျိုး ကြီး၏၊
ကျောင်းအလှူ အကျိုးသည်ကြီး၏။ တန်ခိုးကြီးသော ဗြဟ္မာလျှာ သုံး ခုဖြင့် အသက်ရှည်သမျှ ဟောပြောပြသော်လည်း မကုန်နိုင်ရာ၊
ကျောင်းဆောက်လှူ၍ ပြဿဒ်ရှစ်သောင်း ပေါက်ပါ သည်၊
စကြာဝတေးမင်းအဖြစ် စကြာရတနာခုနှစ်ပါးကို ရရှိခံစားရသည်။

No comments:

Post a Comment