ကထိန်သင်္ကန်းလှူအကျိုး
+++++++++++++++++++
ဝါဆိုသင်္ကန်းအလှူဒါနသည် နှစ်စဉ်လှူဒါန်းရသော ဒါန (နိဗဒ္ဓဒါန) ဖြစ်၍ ဝါဆိုသင်္ကန်း အလှူရှင်သည် သောတာပန်နှင့် အလားတူသည် အပါယ်လေးပါး တံခါးပိတ်သည်ဟု ကျမ်းဂန်များက မိန့်ဆိုပါသည်။ သင်္ကန်းလှူဒါန်းရသော အခြား အကျိုးကျေးဇူးများမှာ -
သင်္ကန်းအလှူရှင်သည် ရွှေအဆင်းကဲ့သို့ ဝါဝင်းလှပခြင်း၊
ကိုယ်အညစ်အကြေးကင်းခြင်း၊
ကိုယ်ရေ အရောင်တောက်ပခြင်း၊
တန်ခိုးရှိန်ဇော် အာနုဘော်ကြီးခြင်း၊
ကိုယ်လုံး ကိုယ်နေ ပြေပြစ်ခြင်း၊
အဖိုးတန်လှပသော အဝတ်အထည်တို့ကို ရရှိဆင်မြန်းခြင်း၊
သင်္ကန်းလှူသူသည် အမျိုးသမီးဖြစ်ပါက အသပြာ ကိုးကုဋေ တန်သော မဟာလတာတန်ဆာကို ရရှိဆင်မြန်းနိုင်ခြင်း၊
အမျိုးသားဖြစ်ပါက ဧဟိဘိက္ခူရဟန္တာဖြစ်ပြီး တန်ခိုးဖြင့် ဖြစ်ပေါ် လာသော သင်္ကန်းကို ရရှိနိုင်ခြင်း။
No comments:
Post a Comment