ဘုရားရုပ်တုထုလုပ်ပူဇော်သောအကျိုး
++++++++++++++++++
အပါယ်လေးပါးသို့ မလားရခြင်း၊
မဇ္ဈိမတိုက်သားတို့သာဖြစ်ရခြင်း၊
ယောက်ျားမြတ်အဖြစ်ရခြင်း၊
ကိုယ်လက်အင်္ဂါ ချို့တဲ့သောသူ မဖြစ်ရခြင်း၊
ဒွန်းစဏ္ဏား သူ့ကျွန်ဘဝမျိုး မရောက်ခြင်း၊
လောကန္တရိက် ငရဲသို့ မကျရောက်ခြင်း၊
ယုတ်မာသောအမျိုး၌ မဖြစ်ရခြင်း၊
အဆင်းလှခြင်း၊
ဘုန်းကြီးခြင်း၊
လူအပေါင်းချစ်မြတ်နိုးမှုခံရခြင်း၊
မြတ်သော လာဘ်လာဘကို ရခြင်း၊
ကျီကြဘဏ္ဍာနှင့်ပြည့်စုံရခြင်း၊
ဆင်၊ မြင်း၊ ကျွဲ၊ နွား၊ ရွှေ၊ ငွေ၊ ဥစ္စာနှင့် ပြည့်စုံခြင်း၊
အကြံအစည်ဟူသမျှ အောင်မြင်ခြင်း၊
နတ်ဖြစ်သော် နတ်မင်း၊ လူဖြစ်သော် လူမင်းဖြစ်ရခြင်း၊
သိကြားမင်းအဖြစ် အကြိမ်တစ်ထောင်ဖြစ်ရခြင်း၊
စကြဝတေးမင်းအဖြစ် အကြိမ်တစ်ထောင်ဖြစ်ရခြင်း၊
ဧကရာဇ်၊ ပဒေသရာဇ်မင်းအဖြစ်ကား မရေမတွက်နိုင်အောင် ဖြစ်ရခြင်း၊
ဘုရားဆု၊ ပစ္စေကဗုဒ္ဓါဆုတောင်းက ပြည့်စုံရခြင်း၊
သာဝကဆုတောင်းကလည်း ပြည့်စုံရခြင်း၊
မြင့်မြတ်သော မင်းမျိုးပုဏ္ဏားမျိုး၌သာ ဖြစ်ရခြင်း
ဥစ္စာစည်းစိမ်ပေါများခြင်း၊
အခြံအရံပေါများခြင်း၊
ပညာကြီးခြင်း၊
တန်ခိုးကြီးခြင်း၊
အနာကင်းခြင်း၊
အသက်ရှည်ခြင်း၊
ခွန်အားကြီးခြင်း၊
မြဲမြံသောပညာရှိခြင်း၊
ရဲရင့်ခြင်း၊
အကြားအမြင်များခြင်း၊
ထက်သောပညာရှိခြင်း၊
ချစ်ဖွယ်သောအသွင်ရှိခြင်း၊
မနှိုင်းယှဉ်အပ်စည်းစိမ်ကို ခံစားရခြင်း၊
နောက်ဆုံးဘဝ၌ ဈာန်မဂ်ဖိုလ်ရပြီး နိဗ္ဗာန်သို့ ရောက်ရခြင်း။
No comments:
Post a Comment