ကြွေးဟောင်းဆပ်ခွင့်ယူကြပါ
~~~~~~~~~~~~~~
မိမိမှာ လူ့ဘဝရလာတာဟာ မိဘရဲ့ ကျေးဇူးကြောင့်ပဲ ဖြစ်တယ်။ မိဘက ကိုယ့်ကို လက်မခံဘူး ဆိုရင် ဒီလူ့လောက ကိုယ်ရောက်လာမှာ မဟုတ်ဘူး။ ဒီတစ်ခုတည်းနဲ့ မိဘရဲ့ ကျေးဇူး ဆပ်ဖို့ မကုန်ပါဘူး။
ဘုရားရှင်က...
မာတရံ ပိတရဉ္စာပိ ဇိဏ္ဏကံ ဂတယောဗ္ဗနံ ပဟု သန္တော န ပေါသိဿံ ဣတိ ပစ္ဆာနုတပ္ဗတိ။
(ဇာတက၊၁၊၂၄၇)
အခုခေတ်ဆိုရင် လက်မခံတဲ့ မိဘတွေ ပေါ်လာပြီ။ လူ့ဘဝ လာချင်တာတောင် လက်မခံဘူး ဆိုတာတွေ၊ ဒါတွေ တွေ့နေရပြီ။ ကိုယ့်ကို ဆင်းရဲဒုက္ခခံပြီးတော့ မွေးပေးမယ့် မိဘရဲ့ကျေးဇူး၊ မွေးပေးလို့ ကိုယ်ဟာ လူဖြစ်လာတယ်ဆိုတာ နည်းတဲ့ ကျေးဇူး မဟုတ်ဘူး။ တော်ကြာ အမှိုက်ပုံးထဲပစ် ဟိုပစ် ဒီပစ်၊ ပစ်ထားတာတွေထက် စာရင်၊ ဘယ်လို လုပ်မလဲ။ လောကကြီးမှာတောင် လူဖြစ်ချင်တာတောင် ဖြစ်ခွင့် မပေးကြဘူး။ကံတရားက ပို့လိုက်ပါတယ်၊ ဒါပေမယ့် ဒီကျတော့ ပြန်မောင်းထုတ်လိုက်တာမျိုးတွေပေါ့။ ဒီတော့ ကိုယ်ဟာ လူပီပီသသ ဖြစ်လာတဲ့ အခါမှာ ကိုယ့်မိဘတွေရဲ့ ကျေးဇူးကို သိရမယ်။ “တော်သေးတယ် ငါ့မိဘတွေက အမှိုက်ပုံးထဲ မထည့်လိုက်လို့ အမှိုက်ပုံးထဲသာ ထည့်လိုက်ရင်......” ဒီလိုတွေးကြည့်။
အဲ့ဒီလို မိဘရဲ့ ကျေးဇူးတရားတွေကို သိပြီး၊ မိဘတွေရဲ့ ကျေးဇူးတရားကို ဆပ်ရမယ်။ ကိုယ်ရှိတဲ့ဟာလေးနဲ့ တတ်နိုင်သလောက် မိဘကို ပြုစုလုပ်ကျွေးရမယ်။ ကိုယ်စားတဲ့ ထဲကနေ မိဘကို စားဦး စားဖျားပေးတယ်၊ ဒီလို လုပ်ရမယ်။ ဒီလို မလုပ်ဘူးဆိုလို့ရှိရင် နောင်ကျရင် နောင်တပူပန်မှုတွေ ဖြစ်ရလိမ့်မယ်။
( ပါမောက္ခချုပ်ဆရာတော်
ဒေါက်တာနန္ဒမာလာဘိဝံသ)
Credit >> Zar Zar Wint Thu >> Thanks
No comments:
Post a Comment