Tuesday, October 30, 2018

သူတော်ကောင်းအလှူ (၅) မျိုးနှင့် အကျိုးများ


သူတော်ကောင်းအလှူ (၅) မျိုးနှင့် အကျိုးများ

++++++++++++++++++++++++++

၁။ သဒ္ဓါဒါန - ကံ, ကံ၏ အကျိုးကို ယုံကြည်သော သဒ္ဓါတရားဖြင့် လှူဒါန်းခြင်း။

၂။ သက္ကစ္စဒါန - လှူဖွယ်ဝတ္ထုကို စင်ကြယ်မွန်မြတ် အောင် ကောင်းစွာပြုလုပ်၍ လှူဒါန်း ခြင်း။

၃။ ကာလဒါန - အချိန်အခါနှင့် သင့်လျော်စွာ လှူဒါန်း ခြင်း။ သင့်လျော်လျောက်ပတ်သော အချိန်၌ လှူဒါန်းခြင်း။

၎။ အနုဂ္ဂဟဒါန - အလှူခံပုဂ္ဂိုလ်ကို ချီးမြှောက်လိုသောစိတ်ထားဖြင့် လှူဒါန်းခြင်း။

၅။ အနုပဟစ္စဒါန - မိမိ၊ သူတစ်ပါး မည်သူ့အားမျှ ဂုဏ် ပျက်ပြားအောင် အစွန်းအငြိ အထိ အခိုက် မရှိစေဘဲ လှူဒါန်း

(တနည်း) သပ္ပုရိသဒါနငါးပါး
(၁) လှူဖွယ်ဝတ္ထုကို စင်ကြယ်ကောင်းမွန်အောင် ပြုပြင် စီမံ၍ လှူဒါန်းခြင်း။

(၂) စိတ်ထဲမှ ရိုသေလေးစား မြတ်နိုးမှုရှိ၍ လှူဒါန်းခြင်း။

(၃) မိမိကိုယ်တိုင် ကိုင်တွယ် လှူဒါန်းခြင်း။

(၄) ထမင်းကြွင်း ဟင်းကျန်စသည့် စွန့်ပစ်အပ်သော ပစ္စည်းမျိုးကဲ့ သို့ မဟုတ်ဘဲ ဂရုတစိုက် လှူဒါန်းခြင်း။

(၅) ဤလှူဒါန်းမှုကြောင့် နောင်အခါဝယ် ကောင်းကျိုးဧကန် ရောက်လိမ့်မည်ဟု သိရှိသော ကမ္မဿကတာ ပညာရှေ့ သွား၍ လှူဒါန်းခြင်း။

အကျိုးများ
++++++++

၁။ သဒ္ဓါဒါနကြောင့် အဆင်းလှခြင်း

၂။ သက္ကစ္စဒါနကြောင့် သားမယား ကျေးကျွန် အစေခံ အလုပ် သမားစသော အခြွေအရံ ပရိသတ်များ မိမိစကားကို လိုက် နာခြင်း။

၃။ ကာလဒါနကြောင့် လိုအပ်သော အကျိုးတရားတို့ကို ရရှိ နိုင်ခြင်း

၎။ အနုဂ္ဂဟဒါနကြောင့် ရရှိသော စည်းစိမ်တို့ကို ရန်သူမျိုး ငါးပါးတို့ အထိအပါး မခံရခြင်း။

No comments:

Post a Comment