Thursday, November 8, 2018

စေတီတော်ကို သန့်ရှင်းရသည့်အကျိုး



စေတီတော်ကို သန့်ရှင်းရသည့်အကျိုး

+++++++++++++++++++++++++

ပစ္စုပ္ပန်၌ပင် အနာရောဂါကင်းရှင်း၍ အသက်ရှည်စွာ နေရခြင်း။

သေလွန်သော် နတ်ပြည်၌ ဖြစ်ရ၍ ဇောက်ယူဇနာခြောက်ဆယ်၊ အချင်းယူဇနာသုံးဆယ်၊ အထွဋ်သုံးရာရှိသော ဗိမာန် ပေါက်ရောက် ပြီး နတ်သမီး တစ်ထောင်ခြံရံလျက် စံစားရခြင်း။

သိကြားမင်းအဖြစ် အကြိမ်သုံးရာ ဖြစ်ခြင်း။

စကြာဝတေးမင်းအဖြစ် နှစ်ဆယ့်ငါးကြိမ်ဖြစ်ခြင်း။

ပဒေသရာဇ်မင်း၊ ဧကရာဇ်မင်းအဖြစ်ကား မရေတွက်နိုင်အောင် ဖြစ်ရခြင်း။

ကမ္ဘာတစ်သိန်းတိုင်အောင် အပါယ်မလားဘဲ နတ်ပြည်၌သာ ကျင်လည်ရခြင်း။

သံသရာကျင်လည်သမျှ ကာလပတ်လုံး စည်းစိမ်ဥစ္စာပြည့်စုံစွာဖြင့် နေရပြီး စည်းစိမ်ဥစ္စာယုတ်လျော့ပျက်စီးမှု မရှိခြင်း။

သွားလေရာအရပ်တို့တွင် ဆင်၊ မြင်း၊ ယာဉ်ရထားတို့ဖြင့် ပြည့်စုံ ရခြင်း။

သွားလေရာအရပ်တို့၌ လူအများ၏ ပူဇော်မှုကို ခံရခြင်း။

သွားလေရာအရပ်၌ ငုတ်၊ ဆူးတို့ကို မမြင်ရခြင်း။

နူနာ၊ အိုင်းအနာ၊ နူဖြူအနာ၊ ဝက်ရူးနာ၊ ပွေးနာ၊ ဝဲနာ ကင်းရခြင်း။

လူနတ်ဘဝ၌ အံ့ဖွယ်သော စည်းစိမ်ကို ခံစားရခြင်း။

လူနတ်ဘဝ၌ အရောင်အဆင်းသည် ရွှေအဆင်းသို့ ရှိခြင်း။

ကိုယ်ရောင်ဝါတောက်ပမှုရှိခြင်း။

မနှစ်သက်သောအရာများ မမြင်မတွေ့ရခြင်း။

ကိုယ်ခန္ဓာသန့်ရှင်းစင်ကြယ်၍ စိတ်တည်ကြည်ရခြင်း။

No comments:

Post a Comment