Monday, December 17, 2018

" လောကဓံ ကို ဒေါမကန်နဲ့ "


" လောကဓံ ကို ဒေါမကန်နဲ့ "
=====================
ငါခံစားနေရတဲ့ အပူတွေ
များလှချည်လား ။
ငါ့လောက်ပူလောင်တဲ့သူ
ရှိကော ရှိပါဦးမလား ။
ငါ့ကျမှ ပဲ ဒီလိုအဆိုးတွေချည်း
တွေ့ နေရပါလား ။
ဒီကမ္ဘာပေါ်မှာ ငါ့အပူက
အပူဆုံး ပါလား သူများတွေ
ငါ့လောက် ပူမယ် မထင်ဘူး ။
ဒီလိုအတွေးတွေနဲ့ 
စိတ်ပမ်း လူနွမ်း ဖြစ်နေခဲ့တာ ။
စိတ်ညစ်တာတွေ ပြေအောင်
တရားစာအုပ်တွေ လိုက်ဖတ်လိုက်တယ် ။
ဟာ ……………
ဘုရားရှင်လည်း အဆဲခံရတာပါပဲလား ။
ဟာ ……………
ဘုရားရှင်လည်း လူတောထဲမှာ
အရှက်ခွဲခံရ တာပဲလား ။
ဟာ ……………
ဘုရား ရှင်လည်း တံတွေးနဲ့ 
ထွေးတာ ခံရတာ ပဲလား ။
ဟာ ……………
ဘုရားရှင်လည်းဝေဠုဝရွာမှာ
တဝါတွင်းလုံး ဆွမ်းမစားရလို့ 
ဂျုံနဲ့ပဲ ဆွမ်းကိစ္စပြီးတာပါပဲလား ။
ဟာ ……………
ဘုရားရှင်လည်း
လူသေအလောင်းက အဝတ်ကို
ခွါပြီးဝတ်ရုံရတာ ပါပဲလား ။
ဟာ ……………
ဘုရားရှင်လည်း ဒေဝဒတ်
ရန်ရှာတာကို ခံရတာပဲလား ။
ဒီလိုနဲ့ ……………
နောက်ထပ် တရားစာအုပ်တအုပ်ကို
ထပ်ပြီးဖတ်ကြည့်လိုက်တယ် ။
အိုး ………………
ငါပူတယ် ဆိုတဲ့ အပူက
ပဋာစာရီ ရဲ့ ခြေဖျားတောင် မမှီပါလား ။
ဟင် ……………
အနာထပိဏ်သူဋ္ဌေးကြီးလည်း
ဆင်းရဲသွားလို့  မိန်းမကို မြတ်ရိတ်ပြီး
ကျွေးဖူးတယ် တဲ့လား ။
ဟိုက် ……………
တရာ့တပါးသော ပြည့်ရှင်မင်းကြီး
တနိုင်ငံလုံး ကုန်အောင်လှူမယ်ဆိုတဲ့
ပဒေသရာဇ်မင်းကြီးလည်း
ဆင်းရဲသွားလိုက်တာ
သေခါနီးတော့ ဇီးဖြူသီး တခြမ်းပဲ
လှူ စရာရှိတော့တယ် တဲ့ ။
သြော် ……………
ငါ့ကိုယ်ငါ
ပူလောင်လှချည်ရဲ့ဆိုပြီး
နှလုံးသွင်းထားတာ ။
" ရှက်ဖို့ ကောင်း လိုက်တာကွာ "
ဇာတ်တော်တွေထဲက
တရားထူးရသွားသူတွေဟာ
အကြီးစား ဒုက္ခသည်တွေ ချည်းပါလား ။
ဒုက္ခအကြောင်း မသိပဲ
တရားထူးရတဲ့သူ
တယောက်မှ မတွေ့မိဘူး ။
အင်း ………………
အရင်းစစ်လိုက်တော့
ခန္ဓာ ရထား လို့ ကိုး ။
ခန္ဓာရသူတိုင်း
မကင်းနိုင်တဲ့
ဒုက္ခတွေပါလား ။
အသိတခု လင်းလတ်သွားပြီ
လာခဲ့စမ်း လောကဓံ
လောကဓံ ကို ဒေါကန်မနေတော့ဘူး
ဒုက္ခဆိုတာ
တရားထူးရမဲ့သူတွေရဲ့
အရင်း အနှိးဆိုတာ
ကောင်းကောင်း သိလိုက်ပြီ ။
ဒုက္ခသစ္စာကို
သံဝေဂ ဥာဏ် နဲ့ ပေါင်းပြီး
မဂ္ဂသစ္စာ ဆိုက်အောင်လုပ်ပြမယ် ။
မူရင်း / Crdit

No comments:

Post a Comment