Monday, December 17, 2018

" ချမ်းသာချင်ရင် " " ခိုးပါ ၊ လုပါ ၊ သတ်ပါ "


" ချမ်းသာချင်ရင် "
" ခိုးပါ ၊ လုပါ ၊ သတ်ပါ "
==================

ခေါင်းစဉ်မြင်လိုက်တာနဲ့ 
ဟိုးခနဲ ဟားခနဲ ဖြစ်မသွားပါနဲ့
စာကိုသေချာဆုံးအောင် ဖက်ပေးပါ ။

" ခိုး " ဆိုတာ

မနက်နဲ့ည အိပ်ရာဝင် အိပ်ရာထ
ဘုရားရှိ "ခိုး" ဖို့မမေ့ဖို့ပြောတာပါ ။

" လု " ဆိုတာ

မအားတဲ့အချိန်ကို "လု"ပြီး
ဒါန ၊ သီလ ၊ ဘာဝနာ အလုပ်တွေကို
လုပ်ဖို့ မမေ့နဲ့လို့ပြောတာပါ။

" သတ် "ဆိုတာ

ကိုယ့်မှာရှိနေတဲ့ အကျင့်စရိုက်ဆိုးတွေကို
တဖြေးဖြေးနဲ့​ပျောက်သွားအောင်
အဆုံး " သတ် " ပေးဖို့ ပြောတာပါ ။

ဒါက လောကုတ္တရာ ချမ်းသာနည်းပါ ။

အဲဒီတော့ ချမ်းသာချင်ရင်

" ခိုးဖို့ ၊ လုဖို့ ၊ သတ်ဖို့ " မ​မေ့ကြပါနဲ့​တော့ ။

မူရင်း / Credit

No comments:

Post a Comment