အရှင်တိလောကသာရ (ရဝေထွန်း)
အမေးအဖြေ
အမေးအဖြေ
လူထွက်၍ ခေါင်းတုံးရိတ်မှု
================
================
အရှင်ဘုရား၊ ယခုအခါ ရှင်သာမဏေ၊ ရဟန်း ဦးပဉ္ဖင်း
အဖြစ်ဝတ်ပြီး လူဝတ်ကြောင်ဘ၀သို့ ပြောင်းသောအခါ
ရဟန်း၊ သာမဏေဘ၀ဖြင့် ရှိခဲ့သော ဆံပင်ကို လူ့ဘဝ
သို့ မပါကောင်း၊ ခေါင်းတုံးပါလျှင် ငရဲကြီးသည်ဟု ဆိုပါ
သည်။ ထို့ကြောင့် လူထွက်လျှင် ခေါင်းတုံးပြန်ရိတ်ကြပါ
သည်။ ထိုသို့ ပြုလုပ်ခြင်းမှာ အကျိုး ရှိ-မရှိ၊ မပြုလုပ်လျှင်
ငရဲ ကြီး-မကြီး အထောက်အထားနှင့်တကွ ဖြေကြားပေး
တော်မူပါဘုရား။
( ဟိန်းထက်ဝင်း-အင်းစိန်)

(ဖြေ)
အကျိုးလည်း အထူး မရှိ၊ ငရဲလည်း မကြီးပါ။ အလုပ်အပို
သာ ဖြစ်ပါသည်။

ဓမ္မစာပေများ ဘလော့မှ ကူးယူဖေါ်ပြပါသည်။
တရားစကား

No comments:
Post a Comment