အရူးနှင့် တူသူများ
🔄👁🔄👁🔄
🔄👁🔄👁🔄
ဣနြေ္ဒ ငါးပါးပွားများမှု မရှိဘူးဆိုရင်
ဒကာ , ဒကာမ , ဦးဇင်းတို့ တစ်တွေဟာ
ကောင်းမြတ်တဲ့ အလုပ်ကိစ္စတွေမှာ
ကိုယ့်စိတ်ကို ကိုယ်မနိုင်တော့ဘူး …
ဒကာ , ဒကာမ , ဦးဇင်းတို့ တစ်တွေဟာ
ကောင်းမြတ်တဲ့ အလုပ်ကိစ္စတွေမှာ
ကိုယ့်စိတ်ကို ကိုယ်မနိုင်တော့ဘူး …
လောကမှာ
ကိုယ့်စိတ်ကို ကိုယ်မနိုင်ဘူးဆိုရင်
ဘယ်လို ပြောကြလဲ ?
အရူးလို့ ပြောတာနော် …
ကိုယ့်စိတ်ကို ကိုယ်မနိုင်ဘူးဆိုရင်
ဘယ်လို ပြောကြလဲ ?
အရူးလို့ ပြောတာနော် …
ဒကာ , ဒကာမတို့ , ဦးဇင်းတို့ တစ်တွေဟာလည်း
သာမန်ကိစ္စတွေမှာ ကိုယ့်စိတ်ကို နိုင်နင်းပေမယ့်
ဘာဝနာကိစ္စမှာတော့ ကိုယ့်စိတ်ကို
မနိုင်နင်းကြဘူး …
သာမန်ကိစ္စတွေမှာ ကိုယ့်စိတ်ကို နိုင်နင်းပေမယ့်
ဘာဝနာကိစ္စမှာတော့ ကိုယ့်စိတ်ကို
မနိုင်နင်းကြဘူး …
ဘာဝနာကိစ္စနှင့် ပတ်သက်လာရင်တော့
အရူးတွေနှင့် တူနေတယ် …
အရူးတွေနှင့် တူနေတယ် …
ဒါဟာ
လယ်တီဆရာတော်ဘုရားကြီး ပေးခဲ့တဲ့
ဥပမာပါ …
လယ်တီဆရာတော်ဘုရားကြီး ပေးခဲ့တဲ့
ဥပမာပါ …
လောကမှာ ပကတိ အရူးတွေဟာ
ထမင်းတစ်နပ် စားချိန်လောက်တောင်
ကိုယ့်စိတ်ကို အစိုးမရကြဘူး …
ထမင်းတစ်နပ် စားချိန်လောက်တောင်
ကိုယ့်စိတ်ကို အစိုးမရကြဘူး …
စကားဝါကျတစ်ခု ပြီးရုံလောက်တောင်
ကိုယ်စိတ်ကို အစိုးမရကြဘူး …
ကိုယ်စိတ်ကို အစိုးမရကြဘူး …
ဒါကြောင့် …
ထမင်းလေးငါးလုတ် စားပြီးရင်
ထမင်းပန်းကန်ကို သွန်မှောက်ပြီးတော့
ထချင် ထသွားတာပဲ …
ထမင်းပန်းကန်ကို သွန်မှောက်ပြီးတော့
ထချင် ထသွားတာပဲ …
စကားတွေကိုလည်း အဓိပ္ပါယ်မရှိ
ပြောချင်ရာ ပြောလိုက်တာပဲ …
ပြောချင်ရာ ပြောလိုက်တာပဲ …
အဲသလို ရူးနေပြီဆိုရင်
သူတို့ကို လူရာသွင်းလို့ မရတော့ဘူး …
သူတို့ကို လူရာသွင်းလို့ မရတော့ဘူး …
ဘာမှလည်း သုံးလို့မရတဲ့အတွက်ကြောင့်
ပစ်ထားလိုက်တော့တာပဲတဲ့…
ပစ်ထားလိုက်တော့တာပဲတဲ့…
ဆရာကောင်း သမားကောင်း
ဆေးကောင်းဝါးကောင်းနှင့် ကုသလို့
အရူးပျောက်သွားပြီဆိုတော့မှ …
ဆေးကောင်းဝါးကောင်းနှင့် ကုသလို့
အရူးပျောက်သွားပြီဆိုတော့မှ …
ပုံမှန်လူတွေလို
စားနိုင် , သွားနိုင် ပြောနိုင် , ဆိုနိုင်
လုပ်နိုင် ကိုင်နိုင်သွားတာတဲ့…
စားနိုင် , သွားနိုင် ပြောနိုင် , ဆိုနိုင်
လုပ်နိုင် ကိုင်နိုင်သွားတာတဲ့…
ဒကာ , ဒကာမတို့ , ဦးဇင်းတို့ တစ်တွေဟာလည်း
အဲဒီ အရူးတွေလို ရူးနေတာတော့
မဟုတ်ဘူးပေါ့ …
အဲဒီ အရူးတွေလို ရူးနေတာတော့
မဟုတ်ဘူးပေါ့ …
ဒါပေမယ့်
ဘာဝနာအလုပ်နှင့် ပတ်သက်လာရင်တော့
ကိုယ့်စိတ်ကို မနိုင်တဲ့အတွက်ကြောင့်
အရူးတွေနှင့် တူနေတယ် …
ဘာဝနာအလုပ်နှင့် ပတ်သက်လာရင်တော့
ကိုယ့်စိတ်ကို မနိုင်တဲ့အတွက်ကြောင့်
အရူးတွေနှင့် တူနေတယ် …
ဆရာတော်ကြီးက ဘာပြောလဲဆိုရင်
ဘုရားရှိခိုးမယ်,ဂုဏ်တော်ပွားမယ်ဆိုပြီးတော့
'ဣတိပိသော ဘဂဝါ' အစရှိတဲ့
ဂုဏ်တော်ကိုးပါးကို ရွတ်တဲ့အခါမှာ
ဣတိပိသောတစ်ပုဒ်ဆုံးအောင်တောင်
ကိုယ့်စိတ်ကို ဂုဏ်တော်မှာ တည်နေအောင်
အစိုးမရကြဘူးတဲ့ …
ဘုရားရှိခိုးမယ်,ဂုဏ်တော်ပွားမယ်ဆိုပြီးတော့
'ဣတိပိသော ဘဂဝါ' အစရှိတဲ့
ဂုဏ်တော်ကိုးပါးကို ရွတ်တဲ့အခါမှာ
ဣတိပိသောတစ်ပုဒ်ဆုံးအောင်တောင်
ကိုယ့်စိတ်ကို ဂုဏ်တော်မှာ တည်နေအောင်
အစိုးမရကြဘူးတဲ့ …
ဂုဏ်တော်အာရုံမှတပါး
တခြား အာရုံတွေဆီကို စိတ်က
ရောက်ရောက်သွားတာပဲတဲ့ …
တခြား အာရုံတွေဆီကို စိတ်က
ရောက်ရောက်သွားတာပဲတဲ့ …
ဂုဏ်တော်ကိုးပါးကို ရွတ်နေချိန်မှာ
တခြားကို စိတ်ရောက်သွာတိုင်းသာ
အစကနေ ပြန်ပြန်ပြီး ရွတ်ရမယ်ဆိုရင်
တစ်နှစ်လုံး ရှိခိုးလို့
'ဣတိပိသော' တစ်ပုဒ်ဆုံးမှာ မဟုတ်ဘူးတဲ့ …
တခြားကို စိတ်ရောက်သွာတိုင်းသာ
အစကနေ ပြန်ပြန်ပြီး ရွတ်ရမယ်ဆိုရင်
တစ်နှစ်လုံး ရှိခိုးလို့
'ဣတိပိသော' တစ်ပုဒ်ဆုံးမှာ မဟုတ်ဘူးတဲ့ …
နှုတ်တက်ရွရွ ကျေကျေညက်ညက် ရထားကြလို့သာ
အဆုံးရောက်အောင် ရွတ်နိုင်တာတဲ့ …
အဆုံးရောက်အောင် ရွတ်နိုင်တာတဲ့ …
ဆိုလိုတာက
ဘုရားရှိခိုးတစ်ပုဒ် ဆုံးရုံလောက်တောင်
ကိုယ့်စိတ်ကို တစ်ဆက်တည်း တည်နေအောင်
အစိုးမရဘူးဆိုတဲ့ သဘောပဲ …
ဘုရားရှိခိုးတစ်ပုဒ် ဆုံးရုံလောက်တောင်
ကိုယ့်စိတ်ကို တစ်ဆက်တည်း တည်နေအောင်
အစိုးမရဘူးဆိုတဲ့ သဘောပဲ …
ဒါကြောင့် …
ဒကာ , ဒကာမ , ဦးဇင်းတို့ တစ်တွေဟာ
ဣနြေ္ဒငါးပါးကို ရင့်ကျက်အောင်
မပွားများနိုင်သေးဘူးဆိုရင် …
ဣနြေ္ဒငါးပါးကို ရင့်ကျက်အောင်
မပွားများနိုင်သေးဘူးဆိုရင် …
ဘာဝနာ အရာမှာတော့
အရူးတွေနှင့် တူနေတယ်လို့ ဆိုရမှာပဲ …
အရူးတွေနှင့် တူနေတယ်လို့ ဆိုရမှာပဲ …
#Credit , Original Uploader

No comments:
Post a Comment