၂ဝသင်္ချေနှင့်ကမ္ဘာတစ်သိန်းအထ
ဂေါတမမြတ်ဗုဒ္ဓအလောင်းတော်နှ
==========================
ဤဘဒ္ဒကမ္ဘာမှရေတွက်သော်
ကမ္ဘာပေါင်း၂၀သင်္ချေနှင့်ကမ္ဘာ
အထက်က ပေါရာဏဒီပင်္ကရာမြတ်ဗုဒ္ဓ
ပွင့်သည့်ကာလတွင်ဂေါတမမြတ်ဗ
လောင်းလျာသည် ဘုရင်သမီးတော်
အမျိုးသမီး ဘ၀၌ဖြစ်ခဲ့သည် ။
ပေါရာဏဒီပင်္ကရာမြတ်ဗုဒ္ဓ၏
လူ့ဘ၀က နှမတော်လည်းဖြစ်သည် ။
မင်းသမီးသည် တစ်နေ့သော
ညနေအခါတွင် ဆီးမီးအလို့ငှာ
မုန့်ညှင်းဆီကိုအလှူခံနေသော
ရဟန်းတော်တစ်ပါးအား မုန့်ညှင်းဆီကို
လှူဒါန်းပြီး ဗုဒ္ဓဖြစ်ရန်ဆုပန်ခဲ့သည် ။
ပေါရာဏဒီပင်္ကရာမြတ်ဗုဒ္ဓက
ဂေါတမမြတ်ဗုဒ္ဓလောင်းလျာမင်း
ယောက်ျားဘ၀ကိုအရင်ဆုတောင်းရ
ညွှန်ကြားခဲ့သည်။
မင်းသမီး လောင်းလှူလိုက်သော
ဆီးမီးကို အလှူခံသောရဟန်းတော်သည်
ဒီပင်္ကရာမြတ်ဗုဒ္ဓကဲ့သို့ဗုဒ္ဓ
ဆုတောင်းခဲ့ရာ " ဗုဒ္ဓက ထိုရဟန်းတော်အား
နောင် ၁၆-သင်္ချေ ကမ္ဘာတစ်သိန်းကြာအောင်
ပါရမီဖြည့်တော်မူပြီးနောက် ဒီပင်္ကရာဗုဒ္ဓ
(၀ီရိယ ဓိက) သုမေဓာရှင်ရသေ့အား
ဗျာဒိန်ပေးတော်မူမည့် ဘုရားတစ်ဆူ
ဖြစ်လာမည် " ဟုဗျာဒိတ်ပေးခဲ့သည် ။
မင်းသမီးသည် ဗျာဒိတ်ရ
ရဟန်းတော်ထံတွင်နောက်နေ့၌
မုန့်ညှင်းဆီ ဒါနပြုပြီးယောက်ျားဘ၀ကို
ဆုပန်ခဲ့သည် ။
မင်းသမီးသည် ဒီပင်္ကရာဗုဒ္ဓလောင်းလျာ
ရဟန်းတော်နှင့်အတူအသက်ထက်ဆု
ဒါန၊ သီလ၊ ဘာဝနာမှုပြုကာ
ပါရမီအတူဖြည့်တော်မူခဲ့သည် ။
၇-သင်္ချေ နှင့် ကမ္ဘာတစ်သိန်း (ပထမကာလကြီး)
ထို့နောက် ယောက်ျားဘ၀အဖြစ်ကို
ရရှိနေပြီးဖြစ်သည့် ဂေါတမမြတ်ဗုဒ္ဓလောင်းလျာ
အမျိုးသားသည် ကမ္ဘာပေါင်း ၇-သင်္ချေ
ကာလအတွင်းပွင့်တော်မူသော
ဗုဒ္ဓပေါင်း ၁-သိန်း ၂-သောင်း ၅-ထောင်ဆူတို့
ထံတွင် ဒါန၊ သီလ၊ ဘာဝနာမှုပြုပြီး
ဗုဒ္ဓဖြစ်ရန် စိတ်ထဲမှဆုပန်ခဲ့သည် ။
ဤကာလသည် ဂေါတမဗုဒ္ဓလောင်းသည်
" ဗုဒ္ဓဖြစ်လိုစိတ် " ပြင်းပြစွာထားကာ
ပါရမီဖြည့်ရသည့် ပထမဆုံးကာလကြီးဖြစ်သည်။
၉-သင်္ချေ နှင့် ကမ္ဘာတစ်သိန်း ( ဒုတိယကာလကြီး)
ထို့နောက် တစ်ခုသောဘ၀တွင်
ဗုဒ္ဓလောင်းလျာသည်အလွန်
ခွန်အားဗလကောင်းသော၊
အရပ်အမောင်းကြီးမားသော
ဆင်းရဲသားအမျိုးသားဖြစ်ခဲ့သ
ဆင်းရဲချို့တဲ့စွာ မိခင်နှင့်အတူနေရသည် ။
ထိုဆင်းရဲချို့တဲ့မူကိုပြေလ
သင်္ဘောသားအဖြစ်လုပ်ကာ
သုဝဏ္ဏဘုမ္မိ သို့လိုက်သွားရန်ပြင်ခဲ့သည်
သူ့အမေပါ ထိုသင်္ဘောပေါ်သို့ခေါ်ပြီး
ပင်လယ်ခရီးကိုစတင်ခဲ့သည် ။
ပင်လယ်ထဲတွင် မုန်တိုင်းကျ၍
သင်္ဘောပျက်သောအခါ
ဗုဒ္ဓလောင်းလျာသည် မိခင်ကို
ကျောပိုးကာပျဉ်ပြားပေါ်တွင်
သားအမိနှစ်ယောက် ကူးကာနေခဲ့သည် ။
ထိုအချိန်တွင် ဗြဟ္မာ(သုဒ္ဓါဝါသ ၅-ဘုံမှ)
ကြီးတစ်ဦးက ဘုရားပွင့်ခဲ့သည့်
ကာလကိုချင့်တွက်ကာ ဗုဒ္ဓများ
မပွင့်ပေါ်သည်မှာ ကြာလာပြီဖြစ်သဖြင့်
ဗုဒ္ဓဖြစ်နိုင်ရန်ပုဂ္ဂိုလ်ကု
လုံလ၀ီရိယထက်သန်သောဂေါတမမြတ
လောင်းလျာသဘောင်္သားကိုတွေ့ရှ
ဗုဒ္ဓဆုပန်ရန်တိုက်တွန်းသဖြင
ဂေါတမဗုဒ္ဓလောင်းလျာသည် ဤသို့-
" ငါ ဗုဒ္ဓဖြစ်လို့ သစ္စာလေးပါးသိသလို၊
သတ္တ၀ါတွေကို သစ္စာလေးပါးတရားကို
သိစေမည်ငါသံသရာမှလွတ်မြောက်
သတ္တ၀ါတွေကို လွတ်မြောက်စေရမည် ။
ငါ သံသရာသမုဒ္ဒရာကြီးကိုကူးပြီး
(နိဗ္ဗာန်တည်းဟူသော ဟိုဘက်ကမ်းရောက်သလို
သတ္တ၀ါတွေကိုလည်းနိဗ္ဗာန်တည်း
ဟိုဘက်ကမ်းကိုပို့ဆောင်ပေးမ
ဟု နှုတ်မြွက်ပြီး ဆုပန်ခဲ့သည် ။
ဂေါတမမြတ်ဗုဒ္ဓလောင်းလျာသည်
ထိုသင်္ဘောသားကြီးဘ၀မှ စတင်ကာ
ကမ္ဘာပေါင်း ၉-သင်္ချေကာလကြီး၌်
ပွင့်တော်မူသည့် ဗုဒ္ဓပေါင်း ၃-သိန်း
၈- သောင်း ၇- ထောင်ဆူတို့ထံတွင်
ဒါန၊ သီလ၊ ဘာဝနာမှုတို့ပြုကာ
ဗုဒ္ဓဖြစ်ရန်နှုတ်မြွက်ပြီး ဆုတောင်းခဲ့သည် ။
ဤကာလသည် ဂေါတမဗုဒ္ဓလောင်းသည်
ဗုဒ္ဓဖြစ်တော်မူလိုသောစိတ်တု
အပြင်းပြဆုံးရောက်ရှိကာ၊ နှုတ်တော်မှ
မြွက်ကြားကာ ပါရမီဖြည့်တော်မူရသည့်
ဒုတိယကာလကြီးဖြစ်သည် ။
၎-သင်္ချေနှင့် ကမ္ဘာတစ်သိန်း
( တတိယကာလကြီး နှင့် ဗုဒ္ဓဖြစ်ချိန် )
ဤဘဒ္ဒကမ္ဘာမှ ကမ္ဘာပေါင်း ၄-သင်္ချေ နှင့်
ကမ္ဘာတစ်သိန်းထက် ကာလတွင်
ဂေါတမမြတ်ဗုဒ္ဓလောင်းလျာသည်
ဈာန်အဘိဥာဉ်ရသော သုမေဓာအမည်ရှိ
ရသေ့ဖြစ်လာသည် ။
ပေါရာဏဒီပင်္ကရာဘုရားထံတွင်
ဝိရီယဓိကဘုရားအဖြစ်ဖြင့်
ဗျာဓိတ်ရသော ရဟန်းတော်သည်
ပါရမီပြည့်၍ ဒီပင်္ကရာမြတ်ဗုဒ္ဓဖြစ်တော်မူသ
ဒီပင်္ကရာဗုဒ္ဓသည် သုမေဓာရသေ့ကို
လွန်ခဲ့သော ၁၆ သင်္ချေနဲ့ကမ္ဘာတစ်သိန်း
ကာလက အတိတ်ဖြစ်တော်စဉ်ကို
ဟောကြားပြီးမုန့်ညှင်းဆီလှူ
အကြောင်းကြောင့်လည်းကောင်း၊
ဗုဒ္ဓဖြစ်ရန်ဆုပန်သဖြင့်လည်း
နောင် ၄-သင်္ချေ နှင့် ကမ္ဘာတစ်သိန်း
ကာလကြာအောင် ပါရမီဖြည့်ပြီးနောက်၊
ဘဒ္ဒကမ္ဘာတွင်(သိဒ္ဓတ္ထ- မုန်ညှင်း၊ တေလ-ဆီ )
မုန့်ညှင်းဆီ) သိဒ္ဓတ္ထမင်းသားအဖြစ်မှ
ဂေါတမအမည်ရဗုဒ္ဓတစ်ဆူဖြစ်မည်
ဗျာဓိတ်တော်ပေးခဲ့သည် ။
ထိုအချိန်တွင် ယသော်ဓရာဒေ၀ီလောင်းလျာ
သုမိတ္တာအမည်ရှိ သူဋ္ဌေးသမီးသည်
နောက်တော်ပါအခြွေအရံတော်တွေ
ဒီပင်္ကရာဗုဒ္ဓကို ကြာပန်းလှူရန်ရောက်ရှိနေသည်
သူမသည် သုမေဓာရသေ့
ဗုဒ္ဓဗျာဓိတ်ရတော်မူသည်ကို ကြားသိကာ
သုမေဓာရသေ့၏ ပါရမီဖြည့်ဘက်ဆုကို
တောင်းရာ ဗျာဓိတ်တော်ရခဲ့သည် ။
( သုမိတ္တာသည် လှူရန် ကြာပန်း
၈-ခိုင်ကို ယူလာရာ ၅-ခိုင်ကို
သုမေဓာရှင်ရသေ့အားလှူပြီး၊
၃-ခိုင်ကို ဒီပင်္ကရာဗုဒ္ဓအား လှူခဲ့သည် ။
ဂေါတမဗုဒ္ဓသည် ပါရမီဖြည့်ဘက်
ယသော်ဓရာဒေ၀ီနှင့်အတူ
ဤဘဒ္ဒကမ္ဘာ၌ ဝေဿန္တာရာမင်းကြီးဘ၀ဖြင့်
ပါရမီတော် အလုံးစုံပြည့်တော်မူသည် ။
ထို့နောက် တုဿိတာနတ်ပြည်ရှိ
သေတကေတုနတ်သားအဖြစ်မှ
နတ်သက်ကြွေကာ ၊ လူပြည်တွင်
သိဒ္ဓတ္ထမင်းသားဖြစ်လာခဲ့သည်။
ဂေါတမမြတ်ဗုဒ္ဓဖြစ်တော်မူသော
ကပ္ပိလ၀တ်ပြည်သို့ဗုဒ္ဓဖြစ်တေ
နောက် ပထမဆုံးပြန်လာ စဉ်တွင်
ယသော်ဓရာဒေ၀ီအား
ထို ၁၆-သင်္ချေနှင့်ကမ္ဘာတစ်သိန်းက
ပါရမီဖြည့်ခဲ့ရပုံကို ဟောကြားတော်မူခဲ့သည် ။
နောင်သောအခါတွင် အခြားသူတို့
မေးမြန်းလျှောက်ထားသဖြင့်
ယသော်ဓရာရဟန္တာထေရီမကြီးသည်
၎-သင်္ချေနှင့်ကမ္ဘာ တစ်သိန်းအလွန်
၁၆-သင်္ချေနှင့်ကမ္ဘာတစ်သိန်းက
ဂေါတမဗုဒ္ဓပါရမီဖြည့်ရာကာလ
နှင့်ပါရမီဖြည့်ရာဖြစ်တော်စ
တစ်ဆင့်ဟောကြားပေးခဲ့သည် ။
ရမီဖြည့်ဆည်းရာကာလများ - အနှစ်ချုပ်
ဂေါတမဗုဒ္ဓ (ပညာဓိကဗုဒ္ဓ)
ပါရမီပြည့်ရန် ကိုယ်၊ နှုတ်၊ စိတ်
သုံးပါးလုံးဖြင့် ဖြည့်ဆည်းရာ
ကာလကြာချိန် - ( ၂၀ ) သင်္ချေထက်
ကမ္ဘာတစ်သိန်းပါရမီဖြည့်ရာ
ပထမကာလကြီး ကမ္ဘာပေါင်း ၇-သင်္ချေနှင့်
ကမ္ဘာတစ်သိန်း ပွင့်တော်မူသည့်
ဗုဒ္ဓပေါင်း - ၁- သိန်း ၂- သောင်း ၅- ထောင်ဆူ
အမျိုးသမီးဘ၀မှ ယောက်ျားစဖြစ်တဲ့
အချိန်ထိ စိတ်ဖြင့်ဆုတောင်း ပါရမီဖြည့်ရာ
ဒုတိယကာလကြီး ကမ္ဘာပေါင်း ၉ သင်္ချေနှင့်
ကမ္ဘာတစ်သိန်း ပွင့်တော်မူသည်
ဗုဒ္ဓပေါင်း -၃- သိန်း ၈- သောင်း ၇- ထောင်ဆူ
သင်္ဘောသားဘ၀မှစတင်ကာ
နှုတ်ဖြင့်ဆုတောင်း ကမ္ဘာပေါင်း
၁၆- သင်္ချေကာလတွင်
ဗုဒ္ဓရှင်ပေါင်း ၅- သိန်း ၁- သောင်း
၂- ထောင် ဆူ ပွင့်တော်မူသည် ။
ထိုကာလတွင် ဘုရားအလောင်းတော်သည်
စိတ် ၊ နှုတ် နှစ်ပါးဖြင့်သာ ဆုတောင်းခဲ့သည် ။
ပါရမီဖြည့်ရာ တတိယကာလကြီး -
ပါရမီပြည့်ပြီး ဗုဒ္ဓဖြစ်တော်မူသည့်အချိန်ထိ
ကမ္ဘာပေါင်း ၄-သင်္ချေ နှင့် ကမ္ဘာတစ်သိန်း
ပွင့်တော်မူသည် ဗုဒ္ဓပေါင်း
နှစ်ကျိပ်ရှစ်ဆူ (၂၈)ဆူ )
သုမေဓာရသေ့ဘ၀မှစတင်ကာ
ကိုယ်၊ နှုတ်၊ စိတ် သုံးပါးလုံးဖြင့် ဆုတောင်း
ကမ္ဘာပေါင်း ၂၀-သင်္ချေ နှင့် ကမ္ဘာတစ်သိန်း
ကာလတွင် ဗုဒ္ဓရှင်တော်မြတ်ပေါင်း
၅ -သိန်း ၁-သောင်း၂-ထောင်
နှစ်ကျိပ်ရှစ်ဆူ ၂၈ဆူ ပွင့်တော်မူသည် ။
ဤနေရာ၌ သမ္ဗုဒ္ဓေဂါထာတော်လာ
၅ သိန်း ၁ သောင်း ၂ ထောင် ၂ ကျိပ် ၈ ဆူသော
ဘုရားရှင်တို့၏ အရေအတွက်ကို
သိရှိကြည်ညိုနိုင်ကြပါသည် ။
ဗုဒ္ဓဘာသာဝင် အမျိုးကောင်းသား၊
အမျိုးကောင်းသမီးတို့သည် မိမိတို့၏
ဆရာဖြစ်တော်မူသောဂေါတမမြတ်ဗ
ပါရမီဖြည့်ဆည်းရသည့် ဗုဒ္ဓဖြစ်တော်စဉ်နှင့်
ကာလတို့ကို ဖတ်ရှုကြည်ညိုပြီး ၊
မိမိတို့သဏ္ဍာန်၌လည်း "ဗုဒ္ဓ"ကဲ့သို့
မကောင်းမူအပေါင်းကို ရှောင်ကြဉ်ပြီး၊
ကောင်းမှုပါရမီအပေါင်းကို
ဖြည့်ကျင့်ဆည်းပူးကာအနှိုင်
စိတ်ဓာတ်ဖြူစင် အေးချမ်းမှုကို
ရအောင် သမထ၊ ၀ိပဿနာတရားတို့ကို
ကျင့်ကြံအားထုတ်သင့်သည်။
မူရင်း / Crdit

No comments:
Post a Comment