Saturday, December 8, 2018
မိဘများ၏ နောက်ဆုံးအချိန်
လူ့ဘဝကြီးထဲကို ခေါ်ဆောင်လာခဲ့တဲ့ မိဘများကို နောက်ဆုံးအချိန်မှာ ပျော်အောင် ထားပေးပါ။ မိဘများဟာ လူ့လောကထဲမှာ ရှိနေတုန်း ပြုစုပါ၊ ယုယပေးပါ။ လောကမှာ အစားထိုးမရနိုင်တဲ့ သူတွေဟာ မိဘများပါပဲ။
ယခု သင်ဆင်းရဲချင် ဆင်းရဲလိမ့်မယ်၊ ချမ်းသာချင်လည်း ချမ်းသာလိမ့်မယ်၊ မိသားစု အသိုင်းအဝိုင်း သူငယ်ချင်းတွေနဲ့သာ အချိန်တွေ ကုန်ချင် ကုန်နေလိမ့်မယ်။ မိဘတွေအတွက် အချိန်ပေးဖို့ မမေ့လျော့လိုက်ပါနဲ့။ ငွေမရှိပေမယ့်လည်း မိဘများကို ပြုစုနိုင်ပါတယ်။ မိဘတွေကို ပျော်အောင်ထားပါ။
သူတို့ရဲ့ နောက်ဆုံးနေဝင်ချိန်မှာ စိတ်ချမ်းသာအောင် ထားရှိခြင်းဖြင့် သင့်ဘဝ နောက်ဆုံး အချိန်မှာလည်း စိတ်ချမ်းသာပါလိမ့်မယ်။
ကျော်လင်းနိုင် (ရိုးရာလေး)#
www.yoyarlay.com
Subscribe to:
Post Comments (Atom)

No comments:
Post a Comment