အပြစ်တင်ခြင်းထက် အရေးကြီးသော အရာများ”
( #နွေးထွေးသာယာသောမိသားစုဆို
ကျွန်တော့်အမေက ဟင်းချက်အရမ်းကောင်းတယ်ဗျ။ အမြဲတမ်းလည်းပဲ စားလို့ကောင်းမယ့် ဖွယ်ဖွယ်ရာရာလေးတွေ
ချက်လေ့ရှိတယ်။ . တစ်ညနေမှာတော့ အမေဟင်းချက်တာ အရမ်းတူးနေတယ်ဗျာ။ မသိမသာလေး တူးနေတာမဟုတ်ဘူး။
မြင်ရုံနဲ့တင် တူးနေမှန်း သိရလောက်အောင်ကို တူးနေတာ။ တူးနံ့တွေလည်း ထွက်လို့ပေါ့။ . ကျွန်တော်လည်း ညနေစာ
ထမင်းဝိုင်းမှာ အဖေဘာပြောမလဲဆိုတာ စိုးရိမ်ရင်းပေါ့။ . ဒါပေမယ့် အဖေက ကျွန်တော် ထင်ထားသလို မဟုတ်ဘူးဗျ။
. အဖေဟာ တူးမှန်းသိရက်ကြီးနဲ့ ဟင်းတွေကို ခါတိုင်းလိုပဲ မြိန်ရေရှက်ရေ စားလိုက်တယ်။ စားနေရင်းနဲ့မှ “မိန်းမရေ..
မင်း ဒီနေ့အဆင်ပြေရဲ့လားကွာ.. တစ်ခုခုဖြစ်ရင်လည်း ငါ့ကိုပြောဦးနော်” အဲ့လိုအစချီပြီး အမေ့ကို ကြင်ကြင်နာနာ
စကားတွေပြောရင်း ညနေစာထမင်းဝိုင်းလေး ပြီးသွားရောပေါ့။ . ပြီးတော့မှ ကျွန်တော့် အဖေ့ကို မေးမိတယ်။ .
“ဘာလို့ ဒီလောက်တူးနေတဲ့ ဟင်းတွေကို မြိန်ရေရှက်ရေ စားနေတာတုန်း” ပေါ့။ . ဒီတော့မှ အဖေက ပြုံးပြီး “မင်း
အမေမှာလည်း စိတ်ညစ်စရာတွေ ရှိမှာပေါ့ကွာ။ သူ့မိသားစုနဲ့ ပတ်သက်တာတွေ၊ မင်းတို့ ပညာရေးနဲ့ ပတ်သက်တာတွေ ၊
ဒီတော့ အတွေးတွေလွန်ပြီး အမှားလုပ်မိနိုင်တာပေါ့”။ . “အဖေ့အနေနဲ့ကတော့ သူလုပ်မိတဲ့ အမှားသေးသေးလေးကို
လက်ညှိုးထိုးပြီး ပြောဖို့ထက်ကို သူဖြစ်နေတဲ့အရာတွေကို အာရုံစိုက်ဖို့က ပိုအရေးကြီးတယ်လို့ ထင်တာပဲလေ”။ .
အဖေ့ရဲ့စကားအဆုံးမှာ ကျွန်တော်တစ်ခု သိလိုက်တယ်။ . ကျွန်တော်တို့တွေဟာ အရေးကြီးတဲ့အရာတွေထက်ကို
အမှားတွေကိုပိုပြီး အာရုံစိုက်မိတတ်ကြတယ်။ ဘာလို့မှားတာလဲ ဆိုတဲ့ အကြောင်းအရာထက်စာရင်
အမှားလုပ်ရင် အပြစ်ရှိတယ်ဆိုတဲ့ အတွေးကို ပိုတွေးမိတတ်ကြတယ်။ . အဲဒီ့နေ့ ညနေခင်းထမင်းဝိုင်းလေးဟာ
ကျွန်တော့်အတွက် တွေးစရာတစ်ခု ၊ အသိတစ်ခု ရဖြစ်ခဲ့ပါတယ်။
ဘာသာပြန်….. ရွှေညာမောင် (Focus Youth) ..
#Dr Shwe Tun

No comments:
Post a Comment