#မခံချင်စိတ်မထားကြနဲ့ 
---------------------
မိန်းမတစ်ရောက်ဟာ တခုသောဘဝမှာ
သူဋ္ဌေးသား ၄ ဦးက ဖျက်ဆီး ပစ္စည်းယူ
လူသတ်တဲ့အတွက် အငြိုးနဲ့ ဆုတောင်းခဲ့တယ်
ဘဝအဆက်ဆက်တွေ့ တိုင်းမှာ လက်စားချေခဲ့ပေမဲ့
နောက်ဆုံးဘဝမှာတော့သူဟာ အရိယာတွေကို
စော်ကားမိသလိုဖြစ်ပြီး ငရဲကျသွားရှာတယ်
နောက်ဆုံးဘဝမှာ သူဟာ ဘီလူးမဖြစ်နေပြီး
အဲဒီ ၄ ဦးလုံးကို နွားမယောင်ဆောင်ပြီး
ဝှေ့ သတ်ခဲ့ပါတယ် အဲဒီလေးဦးက
ဗာဟိရဒါရုစိရိယ (လူရဟန္တာ)
ပုက္ကုဿာတိ (အနာဂါမ်)
သုပ္ပဗူဒ္ဓ (သောတာပန်)
တမ္ဗဒါဋ္ဌိက (ဝိပဿနာဥာဏ်ရင့်သန်သူ)
မခံချင်စိတ်နဲ့ လက်စားချေပေမဲ့
အရိယာတွေဖြစ်နေတဲ့အတွက်
သူ့ မခံချင်စိတ်ဟာ ငရဲကိုသာ ဆွဲခေါ်သွားပါတော့တယ်
မိတ်ဆွေတို့ လည်း
မခံချင်စိတ်နဲ့  အငြိုးအတေးများကို
သတိထားနိုင်ကြပါစေ
ဦးမြင့်ခိုင်
©©©©©©©©©©©©©©©©©©©©
#ကောင်းကျိုးလိုရာပြည့်ကြပါစေ

No comments:
Post a Comment