Monday, October 8, 2018

သေမှ သိလိမ့်မယ်


သေမှ သိလိမ့်မယ်
----------------------
သာသနာတော်နဲ့ တွေ့ ကြုံနေကြရတဲ့
ဗုဒ္ဓဘာသာဝင်တွေရဲ့ အချိန်ဟာ
အင်မတန်မှ တန်ဘိုးကြီးမားလှတယ်
ဘာပဲလုပ်လုပ် အေးအေးဆေးဆေး လုပ်ဖို့ 
မသင့်တော်ဘူး
အသက်တမ်းတစ်ရာဆိုတာ သံသရာနဲ့ ယှဉ်လိုက်
ရင် မျက်စိတမှိတ် လျှပ်တပြတ် ဆိုတဲ့ ခဏတာ
ကြာချိန်လေးလောက်ပဲရှိတယ်
အဲဒီခဏတာအချိန်လေးအတွင်းမှာပဲ
နိဗ္ဗါန်ရဖို့  သို့ မဟုတ် နိဗ္ဗါန်ရောက်ဖို့ အကြောင်း
အထောက်အပံ့ကို ရသလောက် ယူကြရမှာ
ပြောချင်တာက
အချိန်အကန့် အသတ်နဲ့ 
လိုချင်တာရဖို့  ယူကြရမှာ
တခါတလေမှာ
သူများအတွက်နဲ့ အလဟသကုန်ဆုံးတတ်တဲ့
အချိန်တွေ
ကိုယ်ကိုယ်တိုင် ဘာမှတန်ဘိုးမရှိ အရေးမကြီးပဲ
ဖြုန်းတီးနေတဲ့အချိန်တွေဟာ
လူတိုင်းလူတိုင်းမှာ အများကြီးပဲ
ဗုဒ္ဓက အပါယ်လေးပါးက
ကိုယ်ပိုင်အိမ်လို့ ဟောထားတာ
ကောင်းမှု့ကုသိုလ်အရှိကုန်လို့ 
ငရဲကိုတပတ်ပြန်လည်ရင်တော့
ဘာကုသိုလ်မှာ ယူဖို့ မစဉ်းစားနဲ့ တော့
အော်ဟစ်နေရတာနဲ့ တင်
အချိန်မလောက်ဘူး
ဒီအကြောင်းအရာတွေကို
အမြင်ကျယ်ကျယ်နဲ့ 
ကြည့်ဖို့ လိုအပ်တယ်
ကုန်ကုန်ပြောရရင်
တရားနာတာတောင်
သုတ္တံ တရားထက်
ဝိပဿနာတရားကို
ဦးစားပေးပြီးနာကြရမဲ့အချိန်ဖြစ်တယ်
သံသရာကို
အနားသတ်နိုင်တဲ့ အခွင့်အရေး
ရ ရှိနေကြချိန်မှာ
အလဟသ
အချိန်တွေ မဖြုန်းကြနဲ့
စက္ကန့် နဲ့ အမျှ အရေးကြီးတယ်ဆိုတာ
သေပြီးမှ သိလိမ့်မယ်
ဦးမြင့်ခိုင်
share

No comments:

Post a Comment