လူဟောတဲ့တရား
ဘုန်းကြီးက နာကောင်းသလား။
ဘုန်းကြီးက နာကောင်းသလား။
"အရှင်ဘုရာ့း့ 
ရဟန်းသံဃာတစ်ပါးဟာ လူကဟောတဲ့
တရားကို နာယူကောင်းပါသလား"တဲ့။
ရဟန်းသံဃာတစ်ပါးဟာ လူကဟောတဲ့
တရားကို နာယူကောင်းပါသလား"တဲ့။
အမေးရှိလာတော့လည်း အဖြေက ရှိရမှာပေါ့။
တရားနာတဲ့အခါမှာ
အတော်များများက တရားဟောတဲ့ပုဂ္ဂိုလ်ရဲ့ဂုဏ်ကို
ကြည့်ပြီးတော့ နာကြတာက များပါတယ်။
ဂုဏ်ကြီးရင် ကြီးသလို
အရှိန်အဝါကြီးရင် ကြီးသလို အစွဲကြီးတတ်ကြတယ်။
တရားနာတဲ့အခါမှာ
အတော်များများက တရားဟောတဲ့ပုဂ္ဂိုလ်ရဲ့ဂုဏ်ကို
ကြည့်ပြီးတော့ နာကြတာက များပါတယ်။
ဂုဏ်ကြီးရင် ကြီးသလို
အရှိန်အဝါကြီးရင် ကြီးသလို အစွဲကြီးတတ်ကြတယ်။
ရပ်ကွက်တရားပွဲတွေမှာ ကြည့်လိုက်။
မကြားဘူးတဲ့နာမည်
ဘာဘွဲ့ ညာဘွဲ့မှ မပါတဲ့ဘုန်းကြီး ဟောမယ့်ညဆိုရင်
အားနာဖို့ကောင်းလောက်အောင်ပင်
တရားနာပရိတ်သတ်ဆိုတာ မရှိသလောက်ပါပဲ။
လူတွေရဲ့ အစွဲကြီးပုံ ပြောတာပါ။
မကြားဘူးတဲ့နာမည်
ဘာဘွဲ့ ညာဘွဲ့မှ မပါတဲ့ဘုန်းကြီး ဟောမယ့်ညဆိုရင်
အားနာဖို့ကောင်းလောက်အောင်ပင်
တရားနာပရိတ်သတ်ဆိုတာ မရှိသလောက်ပါပဲ။
လူတွေရဲ့ အစွဲကြီးပုံ ပြောတာပါ။
ဦးဇင်း ဆိုလိုချင်တဲ့သဘောကတော့
တရားဆိုတာ ဘယ်သူကဟောဟော"တရား"ဆိုတဲ့
အသိလေးနဲ့ နာတတ်မယ်ဆိုရင် အကျိုးရှိပါတယ်။
ယောနိသော မနသိကာယ ဖြစ်ဖို့က အဓိကပါ။
နားက တရားနာပြီး
ဉာဏ်က ခန္ဓာဘက် လှည့်ထားရင် တရားဟောတဲ့
ပုဂ္ဂိုလ်ဆိုတာ မရှိတော့ပါဘူး။
ပုဂ္ဂိုလ်ကြည့်နေရင်တော့ တရားသိဖို့ ခက်ပါလိမ့်မယ်။
တရားဆိုတာ ဘယ်သူကဟောဟော"တရား"ဆိုတဲ့
အသိလေးနဲ့ နာတတ်မယ်ဆိုရင် အကျိုးရှိပါတယ်။
ယောနိသော မနသိကာယ ဖြစ်ဖို့က အဓိကပါ။
နားက တရားနာပြီး
ဉာဏ်က ခန္ဓာဘက် လှည့်ထားရင် တရားဟောတဲ့
ပုဂ္ဂိုလ်ဆိုတာ မရှိတော့ပါဘူး။
ပုဂ္ဂိုလ်ကြည့်နေရင်တော့ တရားသိဖို့ ခက်ပါလိမ့်မယ်။
မိမိတို့ သိထားသင့်တာက
သာသနာတွင်းတရားမှန်ရင် ဘယ်သူကဟောဟော
ဘယ်လိုပုဂ္ဂိုလ်က ဟောဟော
တရားနာတတ်ဖို့ ယူတတ်ဖို့ပဲ အရေးပါတယ်။
တရားဟောတဲ့ပုဂ္ဂိုလ်က လူလား ဘုန်းကြီးလား
ခွဲခြားနေတာထက်
ဟောတဲ့တရားက မိမိကို အသိဘယ်လောက်ဖြစ်စေ
တယ်ဆိုတာက ပိုအရေးကြီးပါတယ်ဗျာ။
သာသနာတွင်းတရားမှန်ရင် ဘယ်သူကဟောဟော
ဘယ်လိုပုဂ္ဂိုလ်က ဟောဟော
တရားနာတတ်ဖို့ ယူတတ်ဖို့ပဲ အရေးပါတယ်။
တရားဟောတဲ့ပုဂ္ဂိုလ်က လူလား ဘုန်းကြီးလား
ခွဲခြားနေတာထက်
ဟောတဲ့တရားက မိမိကို အသိဘယ်လောက်ဖြစ်စေ
တယ်ဆိုတာက ပိုအရေးကြီးပါတယ်ဗျာ။
"လူပုဂ္ဂိုလ် တရားပြခြင်း"
ယောဟိ ကောစိ ဘိက္ခုဝါ ဘိက္ခုနီဝါ
ဥပသကောဝါ ဥပသိကာဝါ
ဒေဝေါဝါ သက္ကောဝါ မာရောဝါ
ဗြဟ္မာဝါ ဓမံ္မဒေသေတု ပကာသေတု
သဗ္ဗောသော သတ္ထာရာ ဒေသိတော
ပကာသိတောဝ နာမဟောတိ။
(အင်္ဂုတ္တရအဌကထာ ၉၅-၉၆)
ဥပသကောဝါ ဥပသိကာဝါ
ဒေဝေါဝါ သက္ကောဝါ မာရောဝါ
ဗြဟ္မာဝါ ဓမံ္မဒေသေတု ပကာသေတု
သဗ္ဗောသော သတ္ထာရာ ဒေသိတော
ပကာသိတောဝ နာမဟောတိ။
(အင်္ဂုတ္တရအဌကထာ ၉၅-၉၆)
ယောဟိကောစိ- အကြင် တစ်စုံတစ်ယောက်သော။
ဘိက္ခုဝါ - ရဟန်းယောက်ျားသည်၎င်း။
ဘိက္ခုနီဝါ - ရဟန်းမိန်းမသည်၎င်း။
ဥပသကောဝါ - လူယောက်ျားသည်၎င်း။
ဥပသိကာဝါ - လူမိန်းမသည်၎င်း။
ဒေဝေါဝါ - နတ်သည်၎င်း။
သက္ကောဝါ - သိကြားသည်၎င်း။
မာရောဝါ - မာရ်နတ်သည်၎င်း။
ဗြဟ္မာဝါ - ဗြဟ္မာသည်၎င်း
ဓမ္မံ - မြတ်စွာဘုရားတရားတော်အမှန်ကို။
ဒေသေတု - ဟောတော်မူသည်လည်းဖြစ်စေ။
ပကာသေတု - ပြတော်မူသည်လည်းဖြစ်စေ။
သဗ္ဗော - အလုံးစုံသောသော
ပုဂ္ဂိုလ်အမျိုးမျိုးတို ကဟောပြသော
တရားအမှန်သည်။
သတ္တာရာ - မြတ်စွာဘုရားသည်
ဒေသိတောဝ - ဟောတော်မူခြင်း
မည်သည်သာလျှင်
ပကာသိတောဝ နာမ - ပြတော်မူခြင်း
မည်သည်သာလျှင်
ဟောတိ - ဖြစ်၏။
ဘိက္ခုဝါ - ရဟန်းယောက်ျားသည်၎င်း။
ဘိက္ခုနီဝါ - ရဟန်းမိန်းမသည်၎င်း။
ဥပသကောဝါ - လူယောက်ျားသည်၎င်း။
ဥပသိကာဝါ - လူမိန်းမသည်၎င်း။
ဒေဝေါဝါ - နတ်သည်၎င်း။
သက္ကောဝါ - သိကြားသည်၎င်း။
မာရောဝါ - မာရ်နတ်သည်၎င်း။
ဗြဟ္မာဝါ - ဗြဟ္မာသည်၎င်း
ဓမ္မံ - မြတ်စွာဘုရားတရားတော်အမှန်ကို။
ဒေသေတု - ဟောတော်မူသည်လည်းဖြစ်စေ။
ပကာသေတု - ပြတော်မူသည်လည်းဖြစ်စေ။
သဗ္ဗော - အလုံးစုံသောသော
ပုဂ္ဂိုလ်အမျိုးမျိုးတို ကဟောပြသော
တရားအမှန်သည်။
သတ္တာရာ - မြတ်စွာဘုရားသည်
ဒေသိတောဝ - ဟောတော်မူခြင်း
မည်သည်သာလျှင်
ပကာသိတောဝ နာမ - ပြတော်မူခြင်း
မည်သည်သာလျှင်
ဟောတိ - ဖြစ်၏။
မြတ်စွာဘုရားရဲ့ တရားတော် အစစ်အမှန်ကို
ပြန်လည်ဟောပြောတယ်ဆိုရင်
လူဟောတာလား?
ရဟန်းဟောတာလား?
လူမိုလို့  ရဟန်းမို့လို့ ဆိုတဲ့ အယူအစွဲတွေ
မရှိသင့်တော့ပါဘူး။
တရားတော် အစစ်အမှန်ဆိုရင် လက်ခံနာယူ
သင့်ကြောင်း ထောက်ပြတဲ့ အဌကထာစကားပါ။
ပြန်လည်ဟောပြောတယ်ဆိုရင်
လူဟောတာလား?
ရဟန်းဟောတာလား?
လူမိုလို့  ရဟန်းမို့လို့ ဆိုတဲ့ အယူအစွဲတွေ
မရှိသင့်တော့ပါဘူး။
တရားတော် အစစ်အမှန်ဆိုရင် လက်ခံနာယူ
သင့်ကြောင်း ထောက်ပြတဲ့ အဌကထာစကားပါ။
ကဲ ဒီလောက်ဆိုရင်
မေးခွန်းရှင်
ဒကာတော်ကြီး ကျေနပ်နိုင်မယ် ထင်ပါတယ်။
ကျန်းမာချမ်းသာ အမြင်ကြည်လင်နိုင်ပါစေဗျာ။
မေးခွန်းရှင်
ဒကာတော်ကြီး ကျေနပ်နိုင်မယ် ထင်ပါတယ်။
ကျန်းမာချမ်းသာ အမြင်ကြည်လင်နိုင်ပါစေဗျာ။
ဦးဓမ္မသာရ(ဆေးသဲ့တောင်)

No comments:
Post a Comment