Sunday, January 13, 2019

သဒ္ဓါဆိုတာ မိတ်ဆွေကောင်း


သဒ္ဓါဆိုတာ မိတ်ဆွေကောင်း

+++++++++++++++++++

သဒ္ဓါဆိုတာ
မိတ်ဆွေကောင်းနဲ့ တူပါတယ်။

ဘုန်းကြီးတို့
ခရီးတစ်ခု သွားတဲ့အချိန်အခါမှာ
မိတ်ကောင်းဆွေကောင်းပါရင်
သွားရတဲ့ခရီးဟာ လုံခြုံတယ်။

စိတ်ချရတယ် နော်။

တစ်ယောက်တည်း သွားလို့ရှိရင်
အရေးအကြောင်း ကြုံတဲ့အခါမှာ
ကိုယ့်အနားမှာ ဘယ်သူမှမရှိဘူး။

ကူမယ့်ကယ်မယ့်သူ မရှိဘူး။

မိတ်ကောင်းနဲ့ သွားတဲ့အချိန်အခါကျတော့
ဒီလမ်းခရီးမှာ ကြုံလာတဲ့အန္တရာယ်ကိုလည်း
သူက ကူညီတယ်။ ဖြေရှင်းတယ်။

ဓမ္မဒူတဆရာတော် ဒေါက်တာအရှင်ပညိဿရ

(လိုအင်ဆန္ဒတွေပြည့်ပါစေ တရားစာအုပ်မှ)

(စံတော်ချိန် သတင်းစာ)

www.bwar99.blogspot.com

No comments:

Post a Comment