Wednesday, January 9, 2019

လူမထွက်နဲ့ ဆိုတဲ့စကား အလွန်ခါး၏ (ဆုံးအောင်ဖတ်ပေးပါ)



လူမထွက်နဲ့ ဆိုတဲ့စကား အလွန်ခါး၏
(ဆုံးအောင်ဖတ်ပေးပါ)
*** *** ******************
တကယ်တော့ လူထွက်ကြလို့
လျှော့တာ မှန်ပေမဲ့
နောက်ထပ်မဝတ်ကြလို့ ပိုအားနည်းတာပါ
လူထွက်တွေကို ကြည့်ပြောနေမဲ့ အစား
ကိုယ်တူ ကိုယ့်သားတွေကို တစ်ယောက်လောက်များ သင်္ကန်းဝတ်အောင် တိုက်တွန်းကြည့်ပါလား ရူးနေလားတောင်
အပြောခံရအုန်းမယ်
လူသာ မထွက်နဲ့ပြောနေကြတာ
တစ်ပါးတစ်လေ လေးကိုတောင်
ပြည့်စုံအောင် ထောက်ပံ့ဘူးလား
မေးလိုက်ခြင်ပါတယ်ဗျာ
လူမထွက်နဲ့လို့ ပြောကြမဲ့အစား
လိုအပ်ရာရာလေးတွေကို ဂရုစိုက်ပေးရင်
ကိုယ်တော်လေးတွေလည်း ငဲ့ညှာတတ်တဲ့
အသိရှိပါတယ်
ထွက်မယ်ဆိုရင်တောင် စဉ်းစားပေးပါလိမ့်မယ်
လူထွက်ရင်မခေါ်တော့ဘူးဘာညာ
ပြောနေကြတယ်
လူထွက်သွားရင် မိမိဘာသာရှာစားရမှာပဲလေ
ကိုယ်ခေါ်ကြွေးထားရတာမှမဟုတ်တာ
လူမထွက်နဲ့ ဘာလုပ်စားမလည်း ဆိုတဲ့
စကားဟာ မုန်းစရာ အကောင်းဆုံးပဲ
လူသားတစ်ယောက်အနေနဲ့ သူနေခြင်တဲ့ဘဝကို
သူကိုယ်တိုင် ရွေးချယ်ပိုင်ခွင့် ရှိသင့်တာပေါ့
"လူထွက်တာကို တားချင်ရင် ဂရုစိုက် ရိုသေပေးပါ
'လူမထွက်နဲ့ ကိုယ်တော်တို့' ဆိုတာထက်
အများကြီးသာပါတယ်"
"ငါတစ်ယောက်လောက် ရဟန်းမဝတ်တာနဲ့
သာသနာ စည်ပင်မှု မတိုးပွားဘူး
မအောက်မေ့ပါနဲ့
ငါတစ်ယောက် မဝတ်တာများသွားရင်
သာသနာစည်ပင်မှု မရှိနိုင်တော့ပါဘူး
'တားမြစ်ဖို့ပဲ မတွေးပါနဲ့
တိုက်တွန်းပေးဖို့လည်း စဉ်းစားပေးပါ' "
တချိုက သာသနာ့ မယုတ်လျှော့စေချင်တာနည်းနည်း ဆရာလုပ်ချင်တာက များများပါ
သာသနာ့ဆိုတာ ကိုးကွယ်သူ ရင်ထဲမှာ
တည်ပါတယ်
လူတွေရဲ့ရင်ထဲမှာ ရတနာသုံးပါး မရှိတော့ရင်
သာသနာ့ ကွယ်တာပါပဲ
စိုက်ထားတဲ့သစ်ပင် သူ့ကြီးပဲရှင်ဖို့ ခက်ပါတယ်
ရေမလောင်း ပေါင်းမသင် ဂရုမစိုက်ပဲ
မသေပါနဲ့ပြောတော့ ရူးရာကျတာပေါ့
တန်ဖိုးကြီးလေ ပိုဂရုစိုက်ရလေပဲ
သူ့မှန်းချက်နဲ့ နှမ်းထွက်မကိုက်ရင်
နေရာပြောင်းတတ်ကြတာ သဘာဝပဲလေ
သူနေနိုင်သလောက်နေခဲ့တာကိုပဲ သာဓုခေါ်မဆုံးဘူး
လူထွက်တာဟာ သာသနာမချစ်လို့
ပစ်ခဲ့တာမှမဟုတ်တာ ကိုယ်ချင်းစာကြည့်ပါလေ
ခင်များတို့သာသနာ့ ချစ်တာမှန်ပါတယ်
သူတို့ကလည်း ခင်များတို့ထက်မပိုရင်တောင်
မလျှော့ကြပါဘူး
လူမထွက်အောင် တားနည်းအသစ်ရှာသင့်တယ်
အဝင်အထွက်မမျှတဲ့ သာသနာ ရင်လေးစရာပါ
အဝင်များလာအောင် ပိုဦးစားပေးပါ
"စကားမစပ် … … …
လူမထွက်နဲ့လို့ မတားနဲ့နော် ဘာလှူပေးရမလည်းလို့ပဲ လျှောက်ထားပေးပါ"
သာသနာ စည်ပင်ပြန့်ပွားပါစေ
ကျန်းမာ ချမ်းသာကြပါစေ
မေတ္တာဖြင့်​.......copyမျှ​ဝေပါသည်
Credit-

No comments:

Post a Comment