Wednesday, January 30, 2019

'" ဘဝမှာ​​နေတတ်​လာတဲ့အခါ "



🌻~~~~~~~~~~~~~~~~~🌻
တစ်​ခါတစ်​​လေ
ဘဝကမပြည့်​မစုံနဲ့
ကိုယ့်​စိတ်​တိုင်းအလိုမကျခြင်း​တွေနဲ့
လျှောက်​လှမ်းကြရတဲ့အခါမျိုး​တွေရှိတယ်​ ၊
တစ်​ခါတစ်​​လေကျပြန်​​တော့
ဘဝကပြည့်စုံခြင်း​တွေ သာယာကြည်​နူးမှု​တွေနဲ့
စိတ်​ချမ်းချမ်းသာသာ
လျှောက်​လှမ်းရတဲ့အခါမျိုး​တွေလည်းရှိပါတယ်​ ၊
ပြည့်​စုံခြင်း​တွေ​နဲ့​နေရတဲ့အခါ
ပျော်​​ပျော်​ရွှင်​ရွှင်​နဲ့​နေရသလို
မပြည့်​မစုံနဲ့​နေရပြန်​​တော့
စိတ်​ညစ်​​စရာ​တွေနဲ့ပြည့်​နက်​ပြီး
ဘာပဲလုပ်​လုပ်​လုပ်​အဆင်​​မ​ပြေ​တော့တဲ့အခါ
ကိုယ့်​စိတ်​က
ဘာလို့ မ​ပျော်​မရွှင်​ဖြစ်​​နေရတာလဲ ?
အ​ဖြေက​တော့ရှင်းပါတယ်
ကိုယ့်​ရဲ့စိတ်​က
ပျော်​ရွှင်​မှု​တွေ
အနိုင်​ရလိုမှု​တွေ
အ​ကောင်း​တွေ
လိုချင်​​မှု​တွေ
သာယာမှုအာရုံတွေကို
အရမ်းနှစ်​သက်​မက်​​မော​တွယ်​တာ​နေမိလို့ပါပဲ ၊
ဘဝမှာ
နေတတ်​ဖို့ဆိုတာ
ပြည့်​စုံခြင်း​တွေနဲ့​နေရတဲ့အချိန်​မှာ
စိတ်​ကိုအလွန်​အကဲမသာယာမိဖိုနဲ့
မပြည့်​စုံခြင်း​တွေနဲ့​နေရတဲ့အချိန်​မှာလည်း
စိတ်​ကိုအလွန်​အကဲ မညစ်​ဖို့ကြိုတင်​ပြင်​ဆင်​ထားရမယ်​ ။
ဒီလိုဖြစ်​စဉ်​​တွေဟာ
တကယ်​တန်း​တော့ထူးဆန်းတဲ့အရာမျိုး​တွေ​တော့
မဟုတ်​ပါဘူး ၊
ပြည့်​စုံခြင်းနဲ့မပြည့်​စုံခြင်း
စိတ်​ချမ်းသာခြင်းနဲ့စိတ်​အလိုမကျခြင်း
ပျော်​ရွှင်​ခြင်းနဲ့စိတ်​ဆင်းရဲခြင်း
လိုချင်​ခြင်းနဲ့မလိုချင်​ခြင်း
ဒါ​တွေဟာ
လောကဓံတရား​တွေရဲ့
အလှည့်​ကျ ပုံမှန်​ ပြကွက်​​တွေပါပဲ ၊
အဓိကအ​နေနဲ့က​တော့
ပြည့်စုံခြင်း​တွေအပေါ်မှာ
အရမ်းကြီးမသာယာမိဖို့နဲ့
မပြည့်စုံခြင်း​တွေအပေါ်မှာ
အရမ်းကြီးစိတ်မညစ်မိဖို့ပါပဲ ၊
ဘဝနဲ့ဆန္ဒ​တွေ
စည်းချက်​မတူညီ​သေးတဲ့
လောကဓံတရား​တွေအ​ပေါ်မှာ
ခံနိုင်​ရည်​ရှိရှိနဲ့
အ​ကောင်းမြင်​တတ်​တဲ့စိတ်​နဲ့
နေသားတကျဖြစ်​​အောင်နေတတ်သွားတဲ့အခါ
တွေ့ကြုံသမျှအရာရာအားလုံးဟာ
လှပ​နေသလို
ဘဝဟာပျော်ရွှင်​စရာ
ကျေနပ်​စရာကြီးပါပဲ ။
မျိုးဆက်​သစ်​အရှင်​(ဖို​လေးလုံး)

No comments:

Post a Comment