🌻~~~~~~~~~~~~~~~~~🌻
တစ်ခါတစ်လေ
ဘဝကမပြည့်မစုံနဲ့
ကိုယ့်စိတ်တိုင်းအလိုမကျခြင်းတွေနဲ့
လျှောက်လှမ်းကြရတဲ့အခါမျိုးတွေရှိတယ် ၊
ဘဝကမပြည့်မစုံနဲ့
ကိုယ့်စိတ်တိုင်းအလိုမကျခြင်းတွေနဲ့
လျှောက်လှမ်းကြရတဲ့အခါမျိုးတွေရှိတယ် ၊
တစ်ခါတစ်လေကျပြန်တော့
ဘဝကပြည့်စုံခြင်းတွေ သာယာကြည်နူးမှုတွေနဲ့
စိတ်ချမ်းချမ်းသာသာ
လျှောက်လှမ်းရတဲ့အခါမျိုးတွေလည်းရှိပါတယ် ၊
ဘဝကပြည့်စုံခြင်းတွေ သာယာကြည်နူးမှုတွေနဲ့
စိတ်ချမ်းချမ်းသာသာ
လျှောက်လှမ်းရတဲ့အခါမျိုးတွေလည်းရှိပါတယ် ၊
ပြည့်စုံခြင်းတွေနဲ့နေရတဲ့အခါ
ပျော်ပျော်ရွှင်ရွှင်နဲ့နေရသလို
မပြည့်မစုံနဲ့နေရပြန်တော့
စိတ်ညစ်စရာတွေနဲ့ပြည့်နက်ပြီး
ဘာပဲလုပ်လုပ်လုပ်အဆင်မပြေတော့တဲ့အခါ
ကိုယ့်စိတ်က
ဘာလို့ မပျော်မရွှင်ဖြစ်နေရတာလဲ ?
ပျော်ပျော်ရွှင်ရွှင်နဲ့နေရသလို
မပြည့်မစုံနဲ့နေရပြန်တော့
စိတ်ညစ်စရာတွေနဲ့ပြည့်နက်ပြီး
ဘာပဲလုပ်လုပ်လုပ်အဆင်မပြေတော့တဲ့အခါ
ကိုယ့်စိတ်က
ဘာလို့ မပျော်မရွှင်ဖြစ်နေရတာလဲ ?
အဖြေကတော့ရှင်းပါတယ်
ကိုယ့်ရဲ့စိတ်က
ပျော်ရွှင်မှုတွေ
အနိုင်ရလိုမှုတွေ
အကောင်းတွေ
လိုချင်မှုတွေ
သာယာမှုအာရုံတွေကို
အရမ်းနှစ်သက်မက်မောတွယ်တာနေမိလို့ပါပဲ ၊
ကိုယ့်ရဲ့စိတ်က
ပျော်ရွှင်မှုတွေ
အနိုင်ရလိုမှုတွေ
အကောင်းတွေ
လိုချင်မှုတွေ
သာယာမှုအာရုံတွေကို
အရမ်းနှစ်သက်မက်မောတွယ်တာနေမိလို့ပါပဲ ၊
ဘဝမှာ
နေတတ်ဖို့ဆိုတာ
ပြည့်စုံခြင်းတွေနဲ့နေရတဲ့အချိန်မှာ
စိတ်ကိုအလွန်အကဲမသာယာမိဖိုနဲ့
နေတတ်ဖို့ဆိုတာ
ပြည့်စုံခြင်းတွေနဲ့နေရတဲ့အချိန်မှာ
စိတ်ကိုအလွန်အကဲမသာယာမိဖိုနဲ့
မပြည့်စုံခြင်းတွေနဲ့နေရတဲ့အချိန်မှာလည်း
စိတ်ကိုအလွန်အကဲ မညစ်ဖို့ကြိုတင်ပြင်ဆင်ထားရမယ် ။
စိတ်ကိုအလွန်အကဲ မညစ်ဖို့ကြိုတင်ပြင်ဆင်ထားရမယ် ။
ဒီလိုဖြစ်စဉ်တွေဟာ
တကယ်တန်းတော့ထူးဆန်းတဲ့အရာမျိုးတွေတော့
မဟုတ်ပါဘူး ၊
တကယ်တန်းတော့ထူးဆန်းတဲ့အရာမျိုးတွေတော့
မဟုတ်ပါဘူး ၊
ပြည့်စုံခြင်းနဲ့မပြည့်စုံခြင်း
စိတ်ချမ်းသာခြင်းနဲ့စိတ်အလိုမကျခြင်း
ပျော်ရွှင်ခြင်းနဲ့စိတ်ဆင်းရဲခြင်း
လိုချင်ခြင်းနဲ့မလိုချင်ခြင်း
ဒါတွေဟာ
လောကဓံတရားတွေရဲ့
အလှည့်ကျ ပုံမှန် ပြကွက်တွေပါပဲ ၊
စိတ်ချမ်းသာခြင်းနဲ့စိတ်အလိုမကျခြင်း
ပျော်ရွှင်ခြင်းနဲ့စိတ်ဆင်းရဲခြင်း
လိုချင်ခြင်းနဲ့မလိုချင်ခြင်း
ဒါတွေဟာ
လောကဓံတရားတွေရဲ့
အလှည့်ကျ ပုံမှန် ပြကွက်တွေပါပဲ ၊
အဓိကအနေနဲ့ကတော့
ပြည့်စုံခြင်းတွေအပေါ်မှာ
အရမ်းကြီးမသာယာမိဖို့နဲ့
မပြည့်စုံခြင်းတွေအပေါ်မှာ
အရမ်းကြီးစိတ်မညစ်မိဖို့ပါပဲ ၊
ပြည့်စုံခြင်းတွေအပေါ်မှာ
အရမ်းကြီးမသာယာမိဖို့နဲ့
မပြည့်စုံခြင်းတွေအပေါ်မှာ
အရမ်းကြီးစိတ်မညစ်မိဖို့ပါပဲ ၊
ဘဝနဲ့ဆန္ဒတွေ
စည်းချက်မတူညီသေးတဲ့
လောကဓံတရားတွေအပေါ်မှာ
ခံနိုင်ရည်ရှိရှိနဲ့
အကောင်းမြင်တတ်တဲ့စိတ်နဲ့
နေသားတကျဖြစ်အောင်နေတတ်သွားတဲ့အခါ
တွေ့ကြုံသမျှအရာရာအားလုံးဟာ
လှပနေသလို
ဘဝဟာပျော်ရွှင်စရာ
ကျေနပ်စရာကြီးပါပဲ ။
စည်းချက်မတူညီသေးတဲ့
လောကဓံတရားတွေအပေါ်မှာ
ခံနိုင်ရည်ရှိရှိနဲ့
အကောင်းမြင်တတ်တဲ့စိတ်နဲ့
နေသားတကျဖြစ်အောင်နေတတ်သွားတဲ့အခါ
တွေ့ကြုံသမျှအရာရာအားလုံးဟာ
လှပနေသလို
ဘဝဟာပျော်ရွှင်စရာ
ကျေနပ်စရာကြီးပါပဲ ။
မျိုးဆက်သစ်အရှင်(ဖိုလေးလုံး)

No comments:
Post a Comment