ဘုရားနဲ့ အမြဲတွေ့နေသူများ
÷•÷•÷•÷•÷•÷•÷•÷•÷•÷•÷•÷
တရားလုပ်နေသမျှ
တရားနဲ့တွေ့နေသမျှ
ဘုရားရှိနေတာကိုးဗျာ့ ၊
ဓမ္မအားဖြင့် ဘုရား အမြဲရှိနေတယ် ။
တရားမေ့နေတဲ့ ပုဂ္ဂိုလ်ဟာ ...
ဘုရားသက်တော် ထင်ရှားရှိနေသေးတဲ့
ဘုရားနဲ့တွေ့နေရရင်တောင်မှ
သူအနေနဲ့တော့
ဘုရားနဲ့ တွေ့တာ မဟုတ်ပါဘူး ။
တရားလွတ်နေတဲ့
ပုဂ္ဂိုလ်တွေ တရားဖြည့်ကျင့်ခွင့်
မရတဲ့ ပုဂ္ဂိုလ်တွေ
ဘုရားနဲ့တွေ့နေသူများ မဟုတ်ကြ ။
ဘုရားပင်သက်တော်
ထင်ရှားမရှိတော့ သော်လည်း
တရားလမ်း ကြောင်းပေါ်မှာ
ရောက်ရှိနေတဲ့ တရားမမေ့တဲ့
ပုဂ္ဂို လ်တွေကတော့
ဘုရားနဲ့ အမြဲတွေ့နေကြတာပါဘဲ ။
ဒါကြောင့် တရားမမေ့ရင်
ဘုရားနဲ့တွေ့နေကြတာ
နေ့တိုင်း ဗုဒ္ဓနေ့ ချည်းဘဲ ။
အလုပ်သဘောအားဖြင့်
နေ့တိုင်း ဘုရားနေ့ကြီးဘဲ ။
ဘုရားနဲ့တွေ့နေတဲ့ နေ့ကြီးဘဲ ၊
ဗုဒ္ဓနေ့ကြီးဘဲ ။
တိပိဋက ယော ဆရာတော်

No comments:
Post a Comment