#နေရာဟောင်း
🌟🌟🌟🌟🌟
တစ်ရံရောအခါက အသက်အရွယ် အိုမင်းသော
အဖိုးအိုလင်မယားနှစ်ယောက်သည်
တံငါလုပ်ငန်းဖြင့် အသက်မွေးကြလေသည်။
တစ်ခုသော နံနက်ခင်းတွင် ပိုက်ကွန်အတွင်း၌ ထူးဆန်းသော ကြေးဝါဘူးလေးတစ်ဘူး ကပ်ငြိပါလာလေသည်။
အိမ်ပြန်ရောက်သောအခါ အဖိုးအိုလင်မယားနှစ်ယောက်လည်း ထူးဆန်းသော ကြေးဝါဘူးလေးကို ဖွင့်လိုက်လေသည်။ ထိုအတွင်းမှာ ကြီးမားကြမ်းတမ်းစွာသော သရဲကြီးတစ်ကောင်ထွက်လာလေတော့သည်။
” အဘယ့်ကြောင့် ဤသေးငယ်သော ကြေးဝါဘူးလေးထဲတွင် နေရသနည်း”
”ငါ့ရဲ့ရက်စက်ကြမ်းတမ်းမှုကြောင့် အစွမ်းထက်သော မှော်ဆရာတယောက်၏ အစီအရင်ဖြင့်
ဤကြေးဝါဘူးလေးထဲတွင် ကျဉ်းမြောင်းကျပ်တည်းစွာ နေရခြင်း ဖြစ်ပေသည်
ထို့ပြင် ငါသည်နှစ်ပေါင်းများစွာ အစာရေစာပြတ်လတ်နေသောကြောင့် သင်အဖိုးအိုလင်မယား
နှစ်ယောက်အား ယခုပင် စားရပေတော့မည်”
”အို...... အသင်သရဲကြီး အမှားကြီးမှားပေတော့မည် ငါတို့လင်မယားသည် သင့်ရဲ့ကျေးဇူးရှင်များသာ ဖြစ်ကြသည် ထို့ကြောင့် ကျေးဇူးရှင်ကို မပြစ်မှားအပ်”
”ငါ့မှာကျေးဇူးတရားဆိုမရှိဘူး နားလည်းမလည်ဘူး စားရပေလိမ့်မည်”
”ကဲဒါဆိုလဲ ယခုအချိန်ငါတို့သည် အလုပ်ပြန်လာချိန်ဖြစ်သောကြောင့် ဗိုက်ဆာလှပြီ ထမင်းစားပြီသည်အထိ စောင့်ပါအုံး” ဟုဆိုကာ အကြံထုတ်နေလေသည်။
”ဤသေးငယ်သော ကြေးဝါဘူးလေးထဲမှ သင်သရဲကြီးထွက်လာတယ်ဆိုတာ ငါတို့ဖြင့်မယုံနိုင်အောင်ဖြစ်ရတယ် တကယ်ဟုတ်မဟုတ်သိရအောင် ပြန်ဝင်ပြပါအုံး”
”မယုံရင်ကြည့်ထား”ဟုဆိုကာ ကြေးဝါဘူးလေးထဲသို့ဝင်သွားလေသည်။ ထိုအခါမှ
အဖိုးအိုလင်မယားလည်း အဖုံးကို လုံခြုံစွာ
ဖုံး၍ ရေထဲသို့ ပစ်ချလိုက်လေတော့သည်။
..........................+.................................
ကျေးဇူးတရား နားမလည်သူတို့သည်
နေရာဟောင်းသို့ ပြန်ရောက်တတ်ပါကြောင်း....
ပြောကြားလိုရင်းပါ။
ဝန်ခံချက်။ ။ ငယ်ငယ်ကဖတ်ဖူးသော စာတပုဒ်အား ပြန်လည်မျှဝေခြင်းဖြစ်ပါသည်။ မူရင်းစာရေးသူ မမှတ်မိခြင်းသည် ကျွန်ုပ်၏ အားနည်းချက်ပါ။
ကျေးဇူးတရားကို နားလည်တတ်ကြပါစေ...
ကိုသာအေး(Bangkok)

No comments:
Post a Comment