Tuesday, October 9, 2018

သီတင်းကျွတ်လပြည့် ထူးခြားချက်များ


သီတင်းကျွတ်လပြည့် ထူးခြားချက်များ
🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏
၁။ သံဃာတော်များ ပုရိမဝါမှထွက်မြောက်တော်မူကြသောကြောင့် ၊(တနေရာတည်း သီတင်းသုံးနေထိုင်ခြင်းမှ ကျွတ်လွတ်ခြင်း) သီတင်းကျွတ်အခါတော်နေ့။
၂။ ဝါမှထမြောက်တော်မူကြသောသံဃာတော်များ အချင်းချင်း တပါးနှင့်တပါး အပြစ်ရှိက ဝန်ချတောင်းပန်ခြင်း ပဝါရဏာအခါတော်နေ့။
၃။ ဘုရားရှင်တာဝတိံသာ၌ အဘိဓမ္မာတရားတော်များ ဟောကြားပြီးဆုံးတဲ့နေ့အဖြစ် အဘိဓမ္မာအခါတော်နေ့။
၎။ ဘုရားရှင်တာဝတိံသာ၌ အဘိဓမ္မာတရားတော်များဟောကြားပြီး လူပြည်သို့ပြန်အဆင်းတွင် သင်္ကဿနဂိုရ်မြို့တံခါး၌ မြတ်စွာဘုရား၏ အသရေတော်ကို ဖူးမြင်ရသူတိုင်း ဘုရားဖြစ်ခြင်စိတ်များ ဖြစ်ပေါ်ကြပြီး အားလုံးဘုရားဆုပန်ကြတဲ့နေ့ ဖြစ်ခြင်းကြောင့် ဘုရားဆုပန်သည့်နေ့။
၅။ ဘုရားရှင်တာဝတိံသာ၌ အဘိဓမ္မာတရားတော်များဟောကြားပြီး လူပြည်အဆင်းတွင် နတ်ဗြဟ္မာများ နတ်မီးပန်းများဖြင့်ပူဇော်သကဲ့သို့ လူအများကလည်း ဆီမီးများထွန်းညှိပူဇော်ခြင်း မီးမြင်းမိုရ်ပွဲတော်နေ့။
၆။ ရှေအခါက ဘုရင်များသည် တိုင်းသူပြည်သားတို့အား ဆုလာဘ်တော်များ ပေးသနားသောနေ့ဖြစ်ခြင်းကြောင့် ဆုလာဘ်တော်နေ့။
စသည်ဖြင့် အမျိုးမျိုးပင် သီတင်းကျွတ်လပြည့်နေ့ကို အခါတော်နေ့ရက်များ သတ်မှတ်ကာ ကျင်းပခဲ့ကြသည်။
Credit to
ငြိမ်းလဲ့

No comments:

Post a Comment