"ဆွမ်းကိစ္စတွေ တရားနာကိစ္စတွေမှာ
သီရိလင်္ကာနဲ့ မြန်မာပြည် ဒီလိုတွေကွာတယ်"
*******
ဆွမ်းစားအလှူကို သီရိလင်္ကာမှာ 'ဒါနေး'လို့ ခေါ်ပါတယ်..
ဆွမ်းလှူတဲ့နေရာမှာ မြန်မာပြည်မှာက နေ့စဉ်
သံဃာတွေကို ဆွမ်းလောင်းချင်လောင်းမယ်..
ဒါမှမဟုတ် ဘုန်းကြီးကျောင်းကို ဆွမ်းချိုင့်ပို့ချင်ပို့မယ်..
သီရိလင်္ကာမှာက ရဟန်းတွေဆွမ်းခံထွက်စရာမလို ဘူး..
ကိုယ့်ရပ်ကွက်ဘုန်းကြီးကျော င်းရဲ့ ဆွမ်းကိစ္စကို ကိုယ့်ဘာသာတာဝန်ယူ သွားပို့ကြတာပါ..
ကျောင်းထိုင်ဘုန်းကြီး ဆွမ်းခံထွက်နေတာမြင်ရင်
သက်ဆိုင်ရာအုပ်ချုပ်ရေးအဖွဲ့ အစည်းကနေ အဲ့ဒီရပ်ကွက်ကို ဆွမ်းပုံမှန် ပို့မပို့ လာစစ်ပါသတဲ့..
သံဃာတွေရဲ့ဆွမ်းကိစ္စကို အစိုးရကပါ တရားဝင်သတ်မှတ်ပေးထားတဲ့သဘောပါပဲ..
ပုံမှန်အားဖြင့် သီရိလင်္ကာမှာ 'ဒါနေး'လုပ်ကြတာဟာ
ရက်လည် လလည် နှစ်လည်တွေ လုပ်ကြတာများပါတယ်..
ကွယ်လွန်သူရဲ့ဓာတ်ပုံကို သံဃာတွေကြွလာရင် အာရုံပြုလို့ရအောင်
အပြင်မှာ ကျကျနနထောင်ထားပေးပါတယ်..
သူတို့'ဒါနေး'လုပ်တာက အစကအဆုံး စနစ်ကျပါတယ်..
အိမ်တစ်အိမ်မှာ ဒါနေးလုပ်တော့မယ်ဆိုရင်
မိသားစုအားလုံး စုံပြီဆိုမှ ပေါင်းလုပ်ကြတာ များပါတယ်..
အိမ်ထဲကို ဝင်လိုက်ပြီဆိုရင်ပဲ မြန်မာပြည်မှာ သိမ်ဆွမ်းလောင်းသလို
သံဃာတွေကို အားလုံးက မတ်တတ်ရပ်စောင့်နေကြတာ..
ဘုရားရှင်လက်ထက်ကအတိုင်း 'ခြေဆေးရေ ခြေဆေး အင်းပျဉ်'
အနေနဲ့ သံဃာတွေရဲ့ခြေဖမိုးကို ရေဆေးတယ်..
ပြီးရင် တဘက်နဲ့သုတ်ပေးတယ်..
သူတို့နိုင်ငံမှာ အလေးမြတ်ဆုံးထားတဲ့ စွယ်တော်ပွားကို ဆွမ်းစားပင့်လာကတည်းက
ထီးဖြူနဲ့ကျကျနန တရိုတသေ အိမ်ကို ပင့်ရပါတယ်..
အိမ်ရောက်ရင် စွယ်တော်အိမ်ထဲမှာ ထည့်ပြီး ဆွမ်း သင်္ကန်း ဆီမီး အမွှေးတိုင် ပူဇော်တယ်..
နောက်တစ်ခုက သံဃာတွေကို ပင့်တဲ့အခါ ဗျောတီးပင့်တာလည်း တွေ့ရတယ်..
ဆွမ်းကျွေးတဲ့အခါမှာလည်း စားပွဲဝိုင်းနဲ့ မဟုတ်ဘူး..
ခုံရှည်တွေကို ချထားပြီး အဝတ်ဖြူနဲ့ အုပ်ထားတဲ့အပေါ်မှာ ထိုင် ဘုဉ်းပေးရတာ..
ပြီးတော့ ဆွမ်းဟင်းဆွမ်းထမင်းတွေကိုလ ည်း အားလုံးခူးခပ်ပြီး
အဝတ်ဖြူနဲ့ အုပ်ထားကြတာ..
ကပ်ချိန်ကျမှ အိမ်သားအားလုံးက ဟင်းခွက်ထမင်းခွက်လေးတွေကို င်ပြီး ဘုန်းကြီးတွေရဲ့ပန်းကန်ပြား ထဲ ပေါင်းထည့်ကြတာ..
ပတ္တပိုင် သဘောမျိုးပဲ..
သူတို့ထည့်နေတာကို တော်ချင်ရင် ပန်းကန်ပြားကို လက်နဲ့ ကာပြရတယ်..
မြန်မာပြည်မှာလို ခေါင်းခါပြရင်တော့ အဆက်မပြတ် ထည့်နေတော့မယ်သာ မှတ်..
ဘာလို့လဲဆိုတော့ သူတို့မှာ ခေါင်းခါတာက သဘောတူကြောင်းပြောတာပါ..
ငြင်းပယ်တဲ့သဘော မဟုတ်ဘူး..
နောက်ပြီးမြန်မာပြည်မှာ ဆွမ်းစားဆိုရင် ဘုန်းကြီးတွေ တရားဟောရတာက ဆွမ်းဘုဉ်းမပေးမီ တစ်ကြိမ်ပဲ..
သူတို့ဆီမှာက အနည်းဆုံးနှစ်ကြိမ် ဟောတယ်..
အောက်က တရားနာတဲ့ ဒကာဒကာမတွေကလည်း
ဘုန်းကြီးတွေဘက်ကို ကျောပေးနာတာကလွဲရင် ကြိုက်တဲ့ဣရိယာပုတ်နဲ့ နေကြတာ..
ခြေဆင်းတယ်..ငုတ်တုပ်ထိုင်တ ယ်..
တင်ပလ္လင်ခွေတယ်..မတ်တပ်ရပ်တ ယ်..မျိုးစုံပဲ..
တရားဟောဘုန်းကြီးက ကြိုက်သလောက်ဟော
နာတဲ့သူတွေက ကြာချင်သလောက်ကြာ နာနိုင်ကြတယ်..
တစ်နေ့လုံးလည်း နာကြတယ်..
မြန်မာပြည်မှာလို
"အရှင်ဘုရား တရားတိုတို ဟောပါ ဘုရား" လို့
လာပြောမယ့်သူ မရှိဘူး..
ချစ်စရာကောင်းတဲ့ဓလေ့တစ်ခုက တရားဟောပြီးလို့
လှူဖွယ်ပစ္စည်းတွေ ကပ်တဲ့အခါမှာ ကလေးတွေကို ဦးစားပေးကပ်ခိုင်းတဲ့ အကျင့်လေးတွေပါ..
ကလေးလေးတွေကို လူကြီးတွေက သင်ပေးသွားတာ..
ပြီးရင် ကာတွန်းပုံမှာပြထားတဲ့ထဲကအတိုင်းပဲ မိသားစုတွေအကုန်လုံး ကိုယ်လှူမယ့် လှူဖွယ်ဝတ္ထုကို လက်နဲ့ထိဖြစ်အောင် ထိကြတယ်..
ဧည့်သည်ပါလာရင်လည်း အားလုံးလက်ဆင့်ကမ်းပြီး ထိခိုင်းတာ..
သဟတ္တိက ဒါန သဘောပါ..
ဒါနပြုတဲ့နေရာမှာ ဘုရားဟောနဲ့ကို ညီနေတာပဲ..
ဟော ရိုရိုသေသေ သပ်သပ်ရပ်ရပ်လှူတာကျတော့
သက္ကစ္စ ဒါန ပေါ့..
အတုယူစရာလေးတွေပါ..
သူတို့ဓလေ့ကို အသေးစိပ်ပြောရမယ်ဆိုရင်တော့ မကုန်သေးပါဘူး..
Bodhi Thitsar
စေတနာ မေတ္တာအရင်းခံဖြင့် ထပ်ဆင့်မျှဝေပါသည်..
Credit - ohmarshin
သီရိလင်္ကာနဲ့ မြန်မာပြည် ဒီလိုတွေကွာတယ်"
*******
ဆွမ်းစားအလှူကို သီရိလင်္ကာမှာ 'ဒါနေး'လို့ ခေါ်ပါတယ်..
ဆွမ်းလှူတဲ့နေရာမှာ မြန်မာပြည်မှာက နေ့စဉ်
သံဃာတွေကို ဆွမ်းလောင်းချင်လောင်းမယ်..
ဒါမှမဟုတ် ဘုန်းကြီးကျောင်းကို ဆွမ်းချိုင့်ပို့ချင်ပို့မယ
သီရိလင်္ကာမှာက ရဟန်းတွေဆွမ်းခံထွက်စရာမလို
ကိုယ့်ရပ်ကွက်ဘုန်းကြီးကျော
ကျောင်းထိုင်ဘုန်းကြီး ဆွမ်းခံထွက်နေတာမြင်ရင်
သက်ဆိုင်ရာအုပ်ချုပ်ရေးအဖွဲ
သံဃာတွေရဲ့ဆွမ်းကိစ္စကို အစိုးရကပါ တရားဝင်သတ်မှတ်ပေးထားတဲ့သဘေ
ပုံမှန်အားဖြင့် သီရိလင်္ကာမှာ 'ဒါနေး'လုပ်ကြတာဟာ
ရက်လည် လလည် နှစ်လည်တွေ လုပ်ကြတာများပါတယ်..
ကွယ်လွန်သူရဲ့ဓာတ်ပုံကို သံဃာတွေကြွလာရင် အာရုံပြုလို့ရအောင်
အပြင်မှာ ကျကျနနထောင်ထားပေးပါတယ်..
သူတို့'ဒါနေး'လုပ်တာက အစကအဆုံး စနစ်ကျပါတယ်..
အိမ်တစ်အိမ်မှာ ဒါနေးလုပ်တော့မယ်ဆိုရင်
မိသားစုအားလုံး စုံပြီဆိုမှ ပေါင်းလုပ်ကြတာ များပါတယ်..
အိမ်ထဲကို ဝင်လိုက်ပြီဆိုရင်ပဲ မြန်မာပြည်မှာ သိမ်ဆွမ်းလောင်းသလို
သံဃာတွေကို အားလုံးက မတ်တတ်ရပ်စောင့်နေကြတာ..
ဘုရားရှင်လက်ထက်ကအတိုင်း 'ခြေဆေးရေ ခြေဆေး အင်းပျဉ်'
အနေနဲ့ သံဃာတွေရဲ့ခြေဖမိုးကို ရေဆေးတယ်..
ပြီးရင် တဘက်နဲ့သုတ်ပေးတယ်..
သူတို့နိုင်ငံမှာ အလေးမြတ်ဆုံးထားတဲ့ စွယ်တော်ပွားကို ဆွမ်းစားပင့်လာကတည်းက
ထီးဖြူနဲ့ကျကျနန တရိုတသေ အိမ်ကို ပင့်ရပါတယ်..
အိမ်ရောက်ရင် စွယ်တော်အိမ်ထဲမှာ ထည့်ပြီး ဆွမ်း သင်္ကန်း ဆီမီး အမွှေးတိုင် ပူဇော်တယ်..
နောက်တစ်ခုက သံဃာတွေကို ပင့်တဲ့အခါ ဗျောတီးပင့်တာလည်း တွေ့ရတယ်..
ဆွမ်းကျွေးတဲ့အခါမှာလည်း စားပွဲဝိုင်းနဲ့ မဟုတ်ဘူး..
ခုံရှည်တွေကို ချထားပြီး အဝတ်ဖြူနဲ့ အုပ်ထားတဲ့အပေါ်မှာ ထိုင် ဘုဉ်းပေးရတာ..
ပြီးတော့ ဆွမ်းဟင်းဆွမ်းထမင်းတွေကိုလ
အဝတ်ဖြူနဲ့ အုပ်ထားကြတာ..
ကပ်ချိန်ကျမှ အိမ်သားအားလုံးက ဟင်းခွက်ထမင်းခွက်လေးတွေကို
ပတ္တပိုင် သဘောမျိုးပဲ..
သူတို့ထည့်နေတာကို တော်ချင်ရင် ပန်းကန်ပြားကို လက်နဲ့ ကာပြရတယ်..
မြန်မာပြည်မှာလို ခေါင်းခါပြရင်တော့ အဆက်မပြတ် ထည့်နေတော့မယ်သာ မှတ်..
ဘာလို့လဲဆိုတော့ သူတို့မှာ ခေါင်းခါတာက သဘောတူကြောင်းပြောတာပါ..
ငြင်းပယ်တဲ့သဘော မဟုတ်ဘူး..
နောက်ပြီးမြန်မာပြည်မှာ ဆွမ်းစားဆိုရင် ဘုန်းကြီးတွေ တရားဟောရတာက ဆွမ်းဘုဉ်းမပေးမီ တစ်ကြိမ်ပဲ..
သူတို့ဆီမှာက အနည်းဆုံးနှစ်ကြိမ် ဟောတယ်..
အောက်က တရားနာတဲ့ ဒကာဒကာမတွေကလည်း
ဘုန်းကြီးတွေဘက်ကို ကျောပေးနာတာကလွဲရင် ကြိုက်တဲ့ဣရိယာပုတ်နဲ့ နေကြတာ..
ခြေဆင်းတယ်..ငုတ်တုပ်ထိုင်တ
တင်ပလ္လင်ခွေတယ်..မတ်တပ်ရပ်တ
တရားဟောဘုန်းကြီးက ကြိုက်သလောက်ဟော
နာတဲ့သူတွေက ကြာချင်သလောက်ကြာ နာနိုင်ကြတယ်..
တစ်နေ့လုံးလည်း နာကြတယ်..
မြန်မာပြည်မှာလို
"အရှင်ဘုရား တရားတိုတို ဟောပါ ဘုရား" လို့
လာပြောမယ့်သူ မရှိဘူး..
ချစ်စရာကောင်းတဲ့ဓလေ့တစ်ခုက
လှူဖွယ်ပစ္စည်းတွေ ကပ်တဲ့အခါမှာ ကလေးတွေကို ဦးစားပေးကပ်ခိုင်းတဲ့ အကျင့်လေးတွေပါ..
ကလေးလေးတွေကို လူကြီးတွေက သင်ပေးသွားတာ..
ပြီးရင် ကာတွန်းပုံမှာပြထားတဲ့ထဲကအတ
ဧည့်သည်ပါလာရင်လည်း အားလုံးလက်ဆင့်ကမ်းပြီး ထိခိုင်းတာ..
သဟတ္တိက ဒါန သဘောပါ..
ဒါနပြုတဲ့နေရာမှာ ဘုရားဟောနဲ့ကို ညီနေတာပဲ..
ဟော ရိုရိုသေသေ သပ်သပ်ရပ်ရပ်လှူတာကျတော့
သက္ကစ္စ ဒါန ပေါ့..
အတုယူစရာလေးတွေပါ..
သူတို့ဓလေ့ကို အသေးစိပ်ပြောရမယ်ဆိုရင်တော့
Bodhi Thitsar
စေတနာ မေတ္တာအရင်းခံဖြင့် ထပ်ဆင့်မျှဝေပါသည်..
Credit - ohmarshin

No comments:
Post a Comment