သီလကို ပီယလိုဆောင် အိုတောင် မဆင်းရဲ
♣♣♣♣♣♣♣♣♣♣♣♣
♦ လောကတွင်
ပီမှသာရသော အရာတို့မှာ ...
ရုပ်ပြစားသောသူ
ရုပ်အပြ အလှမကုန်ခင်လေးသာ
ကြီးပွားတိုးတက်စေ၏။
အသံလွှင့်စားသောသူ
အသံလှ ပီသနေတုန်းလေးသာ
ကြီးပွားတိုးတက်စေ၏။
အင်အားပြစားသောသူ
အားထွက်များ ပီသနေစဉ်လေးသာ
ကြီးပွားတိုးတက်စေ၏။
♦ သီလကို
ပီပြင်စွာ သုတ်သင်၍
သိက္ခာစဉ်အလှ ကျနစွာ
အားထုတ်သူအား ...
အသက်ရလေ ဆက်လှလေ၊
အအိုထုလေ ပျိုနုလေတို့ဖြင့်
အသက်ကုန်သော်မှ ...
အဆက်မကုန်သေးရကား ...
♦ လောကီစီးပွား သူကြီးပွား
ဆီးတား၍ပင် မရပြီ။
♦ လောကုတ်ရွယ်ပျို ပန်းနွယ်မို
အိုပါဆိုလည်း မအိုပြီ။
မဟာဗောဓိမြိုင်ဆရာတော်ကြီး
(ဓမ္မနီတိကထာ ၁၀၉)
bwar99.blogspot.com
No comments:
Post a Comment