Wednesday, February 6, 2019

အားမငယ်နဲ့



အားမငယ်နဲ့
~~~~~~~~
ဘယ်သူရှိရှိ မရှိရှိ
ကိုယ့်အနားမှာ ကိုယ်ရှိနေတာပဲလေ
အားငယ်မနေပါနဲ့။

ဘယ်သူသိသိ မသိသိ
ကိုယ့်ဘာသာကိုယ် သိနေတာပဲလေ
အားငယ်မနေပါနဲ့။

ဘယ်သူအားပေးပေး မပေးပေး
ကိုယ့်ကိုယ်ကိုယ်ပဲ အားပေးရမှာပဲလေ
အားငယ်မနေပါနဲ့။

ဘယ်သူထောက်ခံခံ မခံခံ
ကိုယ့်ဘာသာကိုယ်ပဲ ထောက်ခံရမှာပဲလေ
အားငယ်မနေပါနဲ့။

ဘယ်သူဆပ်ဆပ် မဆပ်ဆပ်
ကိုယ့်အကြွေးတော့ ကိုယ်ဆပ်ရမှာပဲလေ
အားငယ်မနေပါနဲ့။

ဘယ်သူလုပ်လုပ် မလုပ်လုပ်
ကိုယ့်အတွက်တော့ ကိုယ်လုပ်ရမှာပဲလေ
အားငယ်မနေပါနဲ့။

အရင်းစစ်တော့ 
ကိုယ်သာလျှင် ကိုးကွယ်ရာအစစ်
ကိုယ်ဖြစ်ကိုယ်ခံ၊ ကိုယ်ကောင်းကိုယ်စံ
ကိုယ်မှားကိုယ်ပြင်၊ ကိုယ်လဲကိုယ်ထ
အားလုံးဟာ ကိုယ်သာပဓာနပါပဲ။

ဘာမှအားငယ်မနေနဲ့
ကိုယ့်အတွက်က ကိုယ်ရှိပြီးသားပဲလေ။

မေတ္တာဖြင့်
မနာပဒါယီ အရှင်ဝိစိတ္တ

No comments:

Post a Comment