Sunday, February 3, 2019

ဘဝသံသရာ အကျဉ်းထောင်မှ လွတ်မြောက်ဖို့


ဘဝသံသရာ အကျဉ်းထောင်မှ လွတ်မြောက်ဖို့


အချုပ်, ထောင်ဆိုတဲ့အကျဉ်းထောင်မှာ
ကျတယ်ဆိုတာက နှစ်အပိုင်းအခြားရှိတယ်။
ဘဝသံသရာတည်းဟူသော အကျဉ်းထောင်ကတော့
နှစ်အပိုင်းအခြားမရှိဘူး။

ကိလေသာတို့မှ သန့်ရှင်းခြင်းဆိုတဲ့

`ဝိသုဒ္ဓိ` ကို မရမခြင်း
ဘဝသံသရာတည်းဟူသော အကျဉ်းထောင်မှ
ဘယ်သောအခါမှ မလွတ်မြောက်နိုင်ဘူး။

အဲဒီ အကျဉ်းထောင်ကျရခြင်းရဲ့
အကြောင်းအရင်းဟာ ကိလေသာပဲ။
ကိလေသာဆိုတာ -----
(၁) လောဘ (လိုချင်မက်မောခြင်း)
(၂) ဒေါသ (စိတ်ဆိုးခြင်း)
(၃) မောဟ (မသိနားမလည်ခြင်း)
(၄) မာန (ကိုယ့်ကိုယ်ကိုအထင်ကြီးခြင်း)
(၅) ဒိဋ္ဌိ (အယူမှားခြင်း)
(၆) ဝိစိကိစ္ဆာ (ယုံမှားသံသယ)
(၇) ထိန (ပျင်းရိခြင်း)
(၈) ဥဒ္ဓစ္စ (ပျံ့လွင့်ခြင်း)
(၉) အဟိရိက (အရှက်မရှိခြင်း)
(၁၀) အနောတ္တပ္ပ (မကြောက်လန့်ခြင်း) ဆိုတဲ့
မကောင်းတဲ့တရားတွေပဲ။

ဒီတော့ ကိလေသာဆယ်မျိုးစလုံးဟာ
ဒုက္ခအားလုံးတို့၏
(အကျဉ်းထောင်ကျခြင်းအားလုံးတို့၏)
အကြောင်းအရင်း၊
ဒီ ကိလေသာသန့်ရှင်းမှ
ဘဝသံသရာတည်းဟူသော
အကျဉ်းထောင်မှ လွတ်မြောက်နိုင်မယ်။

ဒါကြောင့်
ဘဝသံသရာအကျဉ်းထောင်မှ လွတ်မြောက်ဖို့
`ဝိမုတ္တိ သုခ` ကို ခံစားနိုင်ဖို့၊
ချမ်းသာခြင်းနှင့် ပျော်ရွှင်ခြင်းတို့ကို
ကိုယ့်ဆီ သယ်ဆောင်လာဖို့၊
`ဓမ္မ` ကို နေ့နေ့ ညည ကြိုးစားပါလို့
ဘုန်ကြီးတို့ တိုက်တွန်းပါတယ်။

သီတဂူဆရာတော်ကြီး
ဒေါက်တာအရှင်ဉာဏိဿရ

(ဘဝအကျဉ်းထောင် တရားတော်မှ)

bwar99.blogspot.com

No comments:

Post a Comment