Sunday, September 30, 2018

တွေးတာတောင်မှ အကြမ်းဖက်တဲ့အတွေး မတွေးပါနဲ့


တွေးတာတောင်မှ အကြမ်းဖက်တဲ့အတွေး မတွေးပါနဲ့
▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬
(အ၀ိဟိံသသင်္ကပ္ပ)

★ Emotion management ဆိုတာက ဈေးရောင်းတဲ့ လူတွေအနေနဲ့ဆိုလဲ customer က ဘယ်လောက်ပဲလာပြီး complain တွေ လုပ်နေလုပ်နေ စိတ်တည်တည်ငြိမ်ငြိမ်နဲ့ ဆက်လက်ပြီးတော့ ပြောနိုင်တာ ဈေးရောင်းနိုင်တာ ဒါကိုပြောတာ။ 

★ Director တွေ အစည်းအဝေးတွေ လုပ်တယ်ဆိုရင်လဲပဲ တချို့ director တွေ ဘယ်လိုပဲပြောပြော အမြင်ချင်းမတူရင် ကိုယ်က စိတ်မဆိုးဘဲနဲ့ ဆက်လက် နားထောင်နိုင်တာကို ပြောတာ။ Calmness, you retained that calmness အဲဒီ calmness လေးကို ဆက်လက်ပြီးတော့ လက်ကိုင်ထားတာ။

★ ကားမောင်းတယ် ဟိုလိုင်းဝင် ဒီလိုင်းဝင် အဲလို Drivers တွေ ကိုယ့်ရှေ့မှာ ဘယ်လိုပဲမြင်မြင် ကိုယ်ကဟန်မပျက်ဘူး။ တချို့ကတာ့ အဲလိုမြင်လိုက်တယ် ဆို ကိုယ်ကလဲ ဒီလိုလုပ်လိုက်တယ်။ အဲလို လုပ်လိုက်တော့ အကုန်လုံး ပျက်ကုန်တာ လမ်းကြောင်းက။ နောက်ပိုင်းတော့ ဟိုဖက်လမ်းကြောင်းလဲ မဟုတ်ဘူး ဒီဖက်လမ်းကြောင်းလဲ မဟုတ်ဘူး မျဉ်းကြောင်းအဖြူ တည့်တည့်ပေါ်ကို တက်မောင်းတာ။ နောက်က လမ်းကြောင်းနှစ်ကြောင်းလုံးကို ပိတ်ထားတာ။

★ အဲလိုပဲ ဘဝမှာ ဘုန်းဘုန်းတို့ရဲ့ emotion တွေက ဒီ negative emotion တခုက positive emotions နှစ်ခုကို ပိတ်ထားနိုင်တယ်၊ smooth မဖြစ်အောင် function လုပ်လို့မရအောင် သူက ပိတ်ထားနိုင်တယ်။

★ အဲဒီကား အလယ်ကမျဉ်းလေးရှိတယ်မို့လား၊ အဲလို ကားနှစ်စီးရှိတယ်ဆိုရင် ကားနှစ်စီး တစ်စီးကလဲ ဒီဖက်မျဉ်းဖြူပေါ်မှာ နောက်တစီးကလဲ ဟိုဘက် မျဉ်းဖြူပေါ်မှာဆိုရင် သုံးစီးမောင်းရမဲ့ဟာ သုံးစီးချောချောချူချူ မောင်းနိုင်တာ ဒီနှစ်စီးက ကန့်လန့် ထားတယ်။ နှစ်စီးမကဘူး နောက်မှာ အများကြီး တန်းစီနေတယ်။

★ ဒီလိုနဲ့ negative emotion ကို ဘုန်းဘုန်းတို့က တဦးချင်း အနေနဲ့ရော အသင်းအနေနဲ့ရော မိသားစုထဲအနေနဲ့ရော နိုင်ငံအနေနဲ့ရော ဒီလိုပဲ accumulated လုပ်ထားကြတယ်။ စုစည်းထားကြတယ်။ “သမ္မာသင်္ကပ္ပ” ဒေါသ မဖြစ်နဲ့တဲ့၊ အနောက်နိင်ငံမှာ anger management ဆိုပြီး business leader တွေ အများကြီးတက်ရတယ်။

★ ဘာဖြစ်လို့တုန်းဆိုတော့ ဒေါသထွက်ပြီးတော့ တကယ့်လို့ နိုင်ငံရေးသမားက interview ထဲမှာ ပြောမိမယ်၊ စီးပွားရေးလုပ်ငန်းရှင်က board room ထဲမှာ ဖြစ်ဖြစ်၊ ဒါမှမဟုတ် customer တွေနဲ့ investor နဲ့ စကားပြောတဲ့အခါမှာဖြစ်ဖြစ် စိတ်ဆိုးပြီးပြောမိမယ်ဆိုရင် ပြီးပြီ။ ကိစ္စပြီးသွားပြီ။

★ ဒီ EQ သိပ်အရေးကြီးတယ်။ ဒီ EQ က တခြားကလာတာ မဟုတ်ဘူး မဂ္ဂင် ၈-ပါးကနေ ပြန်လာတယ်။ နောက်တခုက “အ၀ိဟိံသသင်္ကပ္ပ” တဲ့ - အ၀ိဟိံသသင်္ကပ္ပ သူတပါးကို မနှိပ်စက်ချင်ဘူး၊ မဖိနှိပ်ချင်ဘူး။ သူတို့ရဲ့အမြင် ဘယ်သူ့ရဲ့အမြင်က တို့နဲ့မတူဘူး၊ အဲဒီအမြင် အစည်းအဝေးထဲမှာ နောက်တခါပေါ်မလာအောင် နောက်တခါပြောလို့မရအောင် ဘယ်လိုလုပ်ရမလဲ အဲဒီလိုအတွေးမျိုး မဝင်ရဘူး။

★ အဲဒီ အတွေးမျိုးဝင်တဲ့လူက ကြောက်စိတ်နဲ့ လုပ်တာ because you feel insecure. #အ၀ိဟိံသသင်္ကပ္ပ ဆိုတာ ဘာပြောတာလဲ ဆိုတော့ ကိုယ်ချင်းစာတဲ့ကရုဏာတရား ပြောတာ - compassion။ အဲဒါကို အ၀ိဟိံသ တိုက်ရိုက်ဘာသာပြန်ရင်တော့ non-violent တဲ့။

★ Non-violent - အကြမ်းမဖက်တာတဲ့၊ အတွေးထဲမှာလဲ မဖက်ဘူး၊ ပါးစပ်အနေနဲ့ အပြောအနေနဲ့လဲ မဖက်ဘူး၊ လက်နဲ့လဲ ဖက်ဘူး။ board room ထဲမှာ အစည်းအဝေးလုပ်တာ ခြေနဲ့ လက်နဲ့ကတော့ ဖြစ်ခဲပါတယ်။ တချို့ပါလီမန်တွေက ဖြစ်တယ် Taiwan တို့ ဘာတို့လေ တခြားနိင်ငံတွေ အများကြီးတော့ မဟုတ်ဘူး။ အဲလို ဖြစ်တာ။

★ အများစုက သူတို့က ဘာဖြစ်လဲဆိုတော့ ပါးစပ်နဲ့ နာအောင်ပြောတာ။ ဒါကလဲတနည်း violent ဖြစ်တာပဲ အကြမ်းဖက်တာ။ ကြားရတဲ့ လူရဲ့ စိတ်ထဲမှာလေ စိတ်ဒဏ်ရာတွေ အများကြီးဖြစ်သွားတယ်။ ခန္ဓာကိုယ် လက်သီးနဲ့ ထိုးတာကတော့ အပြင်မှာဒဏ်ရာတွေ ဖြစ်တယ်။ ပါးစပ်နဲ့ပြောတာက စိတ်ထဲမှာ ဒဏ်ရာတွေဖြစ်တယ်။

★ ဒါကြောင့် ဒီနေရာမှာ #အ၀ိဟိံသသင်္ကပ္ပ တွေးတာတောင်မှ အကြမ်းဖက်တဲ့ အတွေး မတွေးပါနဲ့တဲ့။ နောက်ပြီးတော့ “သမ္မာဝါစာ” မှာ သူများကိုထိခိုက်တဲ့ အပြောမျိုးလဲ မပြောပါနဲ့တဲ့ မြတ်စွာဘုရားက ဒီထဲမှာပြောထားတယ်။ ဒီပုံစံမျိုးနဲ့လုပ်နိုင်တဲ့ ပုဂ္ဂိုလ် စိတ်ရှည်တယ်၊ သူများပြောတာကို သေသေချာချာ နားထောင်ပြီးတော့ ဆန်းစစ်ကြည့်တယ်ဆိုရင် ဒီပုဂ္ဂိုလ်က သူ ခေါင်းဆောင် ဖြစ်သွားမှာပဲ။

★ ခေါင်းဆောင်နိုင်တဲ့ အရည်အချင်းရှိတယ်။ လူတွေကို ညီညွတ်အောင်လုပ်နိုင်တဲ့ အရည်အသွေးရှိတယ်။ ပိုလုပ်နိုင်တဲ့ ပုဂ္ဂိုလ်ကို ခေါင်းဆောင်တင်ရင် ဘုန်းဘုန်းက လေးကျွန်းသူတွေအဖွဲ့ဝင်တွေ အားလုံးကို ခေါင်းဆောင်ဖြစ်စေချင်တယိ။ ဒို့များ ဒီထပ်ပိုပြီးတော့ စွမ်းနိင်တယ် - We are more capable than this. Emotional management တော့လိုအပ်တယ်။

ကျေးဇူးတော်ရှင်အောက်စဖို့ဒ်ဆရာတော်ဒေါက်တာဓမ္မသာမိ
🙏🙏🙏

“တို့လူသားများ ဒီထက်ပိုစွမ်းတယ် (၂) – Human Beings are more capable than this (၁.၆.၂၀၁၈)” တရားတော် ဒုတိယပိုင်းမှ ရေးသားပူဇော်ပါသည်။

Transcribed #Htarsuhlaing

No comments:

Post a Comment