Tuesday, September 25, 2018

နေဝင်တော့မည်…………


နေဝင်တော့မည်…………

+++++++++++++++++

ထိုတံခါးသည် စေ့ရုံစေ့ထားသည်လည်း မဟုတ်။
ပိတ်၍ထားသည်လည်း မဟုတ်။
ဟင်းလင်းပွင့်၍သာနေ၏။
မမြဲသောအကြောင်းအရာတို့ဖြင့်
ဖြစ်တည်အပ်သော ဘဝခန္ဓာတို့သည်
ပျက်စီးလွယ်ပါ၏။
တစ်သံသရာလုံး၌ ထိုမပျက်စီးသောအကြောင်းဟူသည်
အဘယ်နည်း။
မပျက်စီးသောအကျိုးဟူသည် အဘယ်နည်း။
သင်သည် ဟုတ်တိုင်းမှန်စွာရှုမြင်အပ်၏။
ထို အိုနာသေမှ လွတ်ရာသော ဘဝခန္ဓာတို့မည်သည်
အဘယ်နည်း။
မကြာမြင့်မီမှာပင် သင်သည် အရာအားလုံးကို
စွန့်ခွာ၍သွားရပေမည်။
ထိုခရီးသည်လည်း အဘယ်သို့သောခရီးနည်း။
အိုနာသေ ခရီးမှတပါး တခြားအဘယ်နည်း။
သင်သည် မအို မနာ မသေလိုသော်
ထိုမဂ်ပညာကို ဆည်းပူးအပ်၏။
အားထုတ်အပ်၏။
စွဲမြဲစေအပ်၏။
ဝိပဿနာဘာဝနာသည် မဂ်ပညာအဖို့
နီးသောအကြောင်းဖြစ်၏။
အနိစ္စာ ဒိဝသေန ဝိဝိဓေဟိ ဓမ္မေ ပဿတီတိ ဝိပဿနာ၊
ပညာဝေသာ အတ္ထသော။ (အဋ္ဌသာလိနီ၊ အဋ္ဌကထာ၊
စိတ္တုပ္ပါဒကဏ္ဍ၊ ကာမာဝစရကုသလ အဖွင့်)
ယာဓမ္မဇာတိ၊ အကြင်တရားသဘောသည်။
အနိစ္စာ ဒိဝသေန၊ အနိစ္စအစရှိသည်တို့၏အစွမ်းအားဖြင့်။
ဝိဝိဓေဟိ၊ အထူးထူးအပြားပြားကုန်သော။
အာကာရေဟိ၊ အခြင်းအရာတို့ဖြင့်။
ဓမ္မေ၊ ရုပ်နာမ်ဓမ္မ ပရမတ္ထသဘာဝတို့ကို။
ပဿတိ၊ ရှုတတ်၏။
ဣတိတသ္မာ၊ ထို့ကြောင့်။
သဓမ္မဇာတိ၊ ထိုတရားသဘောတို့သည်။
ဝိပဿနာ၊ ဝိပဿနာမည်၏။
ဧသာ၊ ထိုဝိပဿနာဟူသည်။
အတ္ထတော၊ ပရမတ္ထသဘောအားဖြင့်။
ပညာဝ၊ ပညာတရားသည်သာတည်း ................... ။

Credit--ဥူးဝဏ္ဏိတ

No comments:

Post a Comment