ကိုယ့်စိတ်ကို သိအောင် ကြိုးစားပါ
▬▬▬▬▬▬▬▬▬▬▬▬▬
▬▬▬▬▬▬▬▬▬▬▬▬▬
★ မြတ်စွာဘုရားက " သူများစိတ် မသိလျှင် နေပါစေ ကိုယ့်စိတ်ကို သိအောင် ကြိုးစားပါ" တဲ့။
★ သူများစိတ်သိဖို့ဆိုတာ လွယ်တာမဟုတ်ဘူးလေ။ များသောအားဖြင့် လူတွေက သူများအကြောင်း သိဖို့ ကြိုးစားကြတာ များတယ်။ ကိုယ့်အကြောင်းတော့ ကိုယ်သိတယ် ထင်တာကိုး။
★ အဲဒီတော့ ကိုယ့်အကြောင်းကိုယ် သိအာင် ကြိုးစားပါ။ အထူးသဖြင့် ကိုယ့်စိတ်ကလေးကို ကိုယ်သိအောင် ကြိုးစားပါတဲ့။
★ သိအောင် ကြိုးစားပါဆိုတော့ ဘာတွေ သိအောင် ကြိုးစားရမှာလဲဆိုလျှင်





★ စိတ်ရဲ့ အညစ်အကြေးတွေ ကိုယ့်သန္တာန်မှာ ရှိနေတာ တွေ့ရလျှင် ဒီအညစ်အကြေးတွေကို ဖယ်ရှားပြစ်ဖို့က အဓိကပဲ။ အဲဒီ ဖယ်ရှားပြစ်တဲ့ နည်းလမ်းမှာလည်းပဲ နည်းလမ်းမှန်နှင့် ကျင့်ကြံကြိုးကုတ် အားထုတ်လိုက်လျှင် ထိုအညစ်အကြေးတွေ လျော့သထက် လျော့၊ ပျောက်သထက် ပျောက်သွားလျှင်၊ ဒါ မှန်ကန်တဲ့ တရားလို့ မှတ်ပါတဲ့။
★ အဲဒီလို မဟုတ်ဘူး မှားယွင်းတဲ့ တရားဖြစ်လို့ ဒီ "စံ" နှုန်းနှင့် မကိုက်ညီဘူးဆိုလျှင် ဘုရားဟော တရား မဟုတ်ဘူးလို့ မှတ်ပါတဲ့။
ကျေးဇူးတော်ရှင်ပါမောက္ခချုပ်ဆရာတော်ဘုရားကြီး
🙏
🙏
🙏



‘သေချာသောလမ်းမှလျှောက်လမ်းပါ’ တရားတော်မှ ကောက်နှုတ်ချက်ဖြစ်ပါသည်။
No comments:
Post a Comment