Saturday, September 29, 2018

ထို့ ကြောင့် ဗုဒ္ဓဟုခေါ်သည်


ထို့ ကြောင့် ဗုဒ္ဓဟုခေါ်သည်
-------------— —-------------

ဒီကနေ့ သိပ္ပံပညာတွေအဖြေမထုတ်နိုင်တဲ့
အရာဝတ္တုတွေရုတ်တရက်ပျောက်ဆုံးတာ(ဘာမြဒါ)
လူတွေရုတ်တရက်အိုတာ တွေဟာ ဘာ့ကြောင့်
ဆိုတာဗုဒ္ဓကဟောပြီးသား

အေအိုင်ဒီအက်စ်တို့ ကင်ဆာတို့ အကြောင်းကို
ဗုဒ္ဓက လူတွေ ၇၅ နှစ်တမ်းမှာ
ကုမရတဲ့ရောဂါဆန်းတွေ ဝင်ရောက်လိမ့်
မယ်လို့ ဟောပြီးသား

ကမ္ဘာ့အပြင်ဘက်ကလေထုဟာ ကြောက်စရာ
ကောင်းတယ်ဆိုတာကို သိပ္ပံက ဂြိုဟ်တုတွေ
လွတ်မှ သိတာ် ဗုဒ္ဓက ကမ္ဘာပတ်လေထုရဲ့အန္တရယ်
ကြီးမားပုံကို နဝကနိပါတ် ဂိဇ္ဈဇာတ်မှာ လွန်ခဲ့တဲ့
နှစ်ပေါင်း ၂၅၀၀ ကတည်းက ဟောပြီးသား

ဆေးပညာရှင်တွေဟာ ပဋိသန္ဓလွယ်တာကို
အမြှုပ်ကစပြီးပဲ တွက်နိုင်တယ် ဗုဒ္ဓက အမြှုပ်ထက်
သေးငယ်တဲ့ ကလလ ရေကြည်ကနေစပြီး
တွက်ပေးထားပြီးသား

သိပ္ပံကအခုမှ အင်္ဂါဂြိုဟ်အကြောင်းပဲသိသေး
တယ်သောကြာဂြိုဟ်ဆိုတာ ခုမှ သွားတုံး
ဗုဒ္ဓက အာနန္ဒာ ငါဘုရားရှင်ဟာ တခါတခါမှာ
တပါးသောစင်္ကြာဝဠာကိုကြွပြီး အဲဒီကပုဂ္ဂိုလ်တွေ
ရဲ့ပုံသဏ္ဌာန်ပြုကာ သူတို့ ရဲ့ဘာသာစကားနဲ့ 
အကျိုးစီးပွာနဲ့ စပ်တဲ့အကြောင်းအရာတွေကိုဟောပြီး
ပြန်ကြွလာခဲ့တယ် သူတို့ ဟာ ငါဘုရားရှင်ကို
လူလော နတ်လော ဗြဟ္မာလော စသဖြင့်
မခွဲခြားနိုင်ကြဘူး အာနန္ဒာတဲ့
ဗုဒ္ဓက ဂြိုဟ်သားတွေကိုတောင် တရားဟောပြီး
ပြန်ကြွလာခဲ့ပြီ့းပီ

ကမ္ဘာမြေကြီးရဲ့ထုကိုသိပ္ပံက ခုထိ အဖြေ
မထုတ်နိုင်သေးဘူး သူတို့ ရှာဖွေလို့ ရသလောက်ပဲ
ထုတ်ပြန်နိုင်ကြသေးတယ် ဗုဒ္ဓက ယူဇနာ
နှစ်သိန်းလေးသောင်းလို့ ဟောပြီးသား

သိပ္ပံက ကမ္ဘာကြီးရဲ့အသက်တမ်းဟာ ဘီလီယံ
ထရီလီယံ ဘယ်လောက်ရှပြီဆို့ပီး မှန်းတွက်ကာ
ထုတ်ပြန်ထားကြတယ် ဗုဒ္ဓက ကမ္ဘာကြီးဟာ
ဘယ်လိုဖြစ်ပြီး ဘယ်တော့ပျက်မည် လူတွေ
တိရစ္ဆာန်တွေ တောတောင်သဘာဝတွေဟာ
ဘာ့ကြောင့် ဘယ်လို ဖြစ်ပေါ်လာတာလဲဆိုတာ
လွန်ခဲ့တဲ့နှစ်ပေါင်း ၂၅၀၀ ကျော်ကတည်းက
ဟောပြီးသာပါ။

ယျောက်ျားဘဝကမိန်းမပြောင်းတာတို့ 
မိန်းမဘဝကနေ ယျေက်ျားဘဝပြောင်းတာတို့ ဆိုတာ
ဒီနေ့ ထိ ဘာ့ကြောင့်ဆိုတာမသိကြဘူး
ဗုဒ္ဓက ဥဘတောဗျည်း ဆိုတာ
အဲဒါတွေကို ပြောတာပါ
ယျေက်ျားဖြစ်နိုင်တဲ့ ကံ
မိန်းမဖြစ်နိုင်တဲ့ကံ နှစ်မျိုးကြောင့်
အင်္ဂါဇတ်ပြောင်းလဲသူ လို့ ခေါ်တာပါ
ကံကြောင့်ဖြစ်တာတွေပါလို့ ဟောပြီးသား

သိပ္ပံကမမီတာမှန်သမျှ
သဘာဝလွန်ဆိုပြီးခေါင်းစဉ်တပ်ကြတယ်

ပုထုဇဉ်ဥာဏ်တွေ နဲ့  မမီနိုင်တာတွေ
လောကမှာအများကြီးပါ

ဗုဒ္ဓက သဗ္ဖေညုတ ဥာဏ်တော်ကြီးနဲ့ 
ဟောထားတာ အကုန်သိတယ်

လောကဝိဓူ ဆိုတဲ့ ဂုဏ်တော်ဟာ
လောကအကြောင်းအကုန်သိတယ်
လို့ ပြောတာပါ

တကယ်တော့
သဘာဝလွန်ဆိုတာ ရှိကိုမရှိပါဘူး

share

No comments:

Post a Comment