ကမ္ဘာကျော်မေတ္တာပို့ဂါထာ
+++++++++++++++
“မေတ္တာ နိသာကရောလောကေ၊ သမ္မာ ဘာတု သုခံကရော။
မေတ္တာသီသလ ရံသီဟိ သုခန္တု ဖုသိတာ ပဇာ။”
လောကေ.. သတ္တ၀ါအလီလီ ခိုမှီပေါလတ်၊ လောကဓာတ် ကမ္ဘာအတွင်း၌၊ မေတ္တာနိသာကရော…မေတ္တာအေးလှူ ဖွေးဖြူပ၀င်း ငွေလမင်းကြီးသည်၊ သမ္မာ…သတ္တ၀ါတစ်တွေ အေးမြစေဖို့ အသရေရွှန်းကာ ကောင်းမွန်စွာ၊ သုခံကရော…သူလည်းဝမ်းသာ ငါလည်းရွှင်ပြုံး နှလုံးစိတ်ဝမ်း လန်းလာယခု ချမ်းသာကိုပြုလျှက်၊ ဘာတု…ရန်လည်းကင်းဝေး၊ ဘေးလည်းမခ အအေးရပေါ်ရွှမ်းမြ အသရေ ထွန်းပပါစေသတည်း။
မေတ္တာသီတလရံသီဟိ… မေတ္တာဖွေးလျှပ် အအေးဓာတ်ဆောင်သည့် အရောင်အ၀ါတို့ဖြင့်၊ မေတ္တာသီတလ ရံသီဟိ…မေတ္တာဖွေးလျှပ်၊ အအေးဓာတ်ဆောင်သည့် အရောင်အ၀ါတို့သည်၊ ဖုသိတာ…အဖုံဖုံလွှမ်းထုံ မွှမ်းမလပ် ထိတွေ့အပ်ကုန်သော၊ ပဇာ..ကမ္ဘာ့ခေတ်ဗွေ အပြည်ပြည်၌ တည်နေများစွာ သတ္တ၀ါတို့သည်၊ သုခန္တု…ကိုယ်စိတ်အေးကာ ဘေးရန်ကွာ၍ ၀မ်းသာတကွ ချမ်းသာကြပါစေကုန်သတည်း…
မေတ္တာပို့ရန်…
၁။ ကိုယ်စိတ်နှစ်ဖြာ၊ ဘေးရန်ကွာ၊ ချမ်းသာကြပါစေ။( သုံးခေါက်စီ…ရွတ်ဆိုရန်)
၂။ မေတ္တာနှလုံး၊ ကိုယ်စီသုံး၊ ရွှင်ပြုံးကြပါစေ။
၃။ မေတ္တာရန်သူ၊ ဒေါသမူ၊ အပူကင်းပါစေ။
၎။ မေတ္တာရေစမ်း၊ ကိုယ်စီဖြန်း၊ အေးချမ်းကြပါစေ။
၅။ ခန္တီ၏ရန်၊ ဒေါသမာန်၊ တွန်းလှန်နိုင်ပါစေ။
၆။ ခန္တီနှလုံး၊ အစဉ်သုံး၊ ရွှင်ပြုံးကြပါစေ။
၇။ ဒို့မေတ္တာစွမ်း၊ ကမ္ဘာလွှမ်း၊ ငြိမ်းချမ်းကြပါစေ။ ။
‘‘မေတ္တာ မဉ္ဇူသကောလောကေ၊ သုဖုလ္လော၊ ဟောတု သဗ္ဗဒါ။
မေတ္တာ ပုပ္ဖါ သုခံတေန၊ သုခန္တု ၀ါသိတာ ပဇာ။’’
လောကေ…သတ္တ၀ါအလီလီ ခိုမှီပေါလတ်၊ လောကဓာတ်ကမ္ဘာအတွင်း၌၊ မေတ္တာမဉ္ဇူသကော… မေတ္တာတည်းဟူသော မဉ္ဇူသက နတ်ပန်းပင်ကြီးသည်၊ သဗ္ဗဒါ…နေ့နေ့ညညခပ်သိမ်းသော ကာလတိုင်းမှာ၊ သုဖုလ္လော… အခိုင်ခိုင်ကြိုင်လှိုင်စွာ ပွင့်သည်၊ ဟောတု… မုချမသွေ ဖြစ်ပါစေသတည်း။ မေတ္တာပုပ္ဖါသုခံတေန… မေတ္တာတည်းဟူသော မဉ္ဇူသကနတ်ပန်း၏ ရနံ့ဖြင့်၊ ၀ါသိတံ… ထုံအပ်မွှမ်းအပ်ကုန်သော၊ ပဇာ…လူရော နတ်ပါ သတ္တ၀ါတို့သည်၊ သဗ္ဗဒါ…နေ့နေ့ညည ခပ်သိမ်းသော ကာလတိုင်းမှာ၊ သုခန္တု… ကိုယ်စိတ်နှစ်ဖြာ၊ လိုဣစ္ဆာဖြင့် ပြည့်ကာကြွယ်ဝ ချမ်းသာတော်မူ ကြပါစေကုန်သတည်း…။
အထက်ပါမေတ္တာပို့စာပိုဒ်လေးက ကျေးဇူးတော်ရှင် သီတဂူဆရာတော် ဘုရားကြီးရဲ့ တရားပွဲတိုင်းမှာ ဆရာတော်ကြီး အမြဲတမ်းရွတ်ဆိုနေကြ မေတ္တာပို့စာပိုဒ်လေးပါ… ဆရာတော်ကြီး၏ ကြည်လင်ပြတ်သားပြီး ကြည်ညိုဖွယ်ရာ ကောင်းလှတဲ့ အသံဖြင့် မေတ္တာပို့တာက ကြားရသူတိုင်းရဲ့ စိတ်မှာ အေးချမ်းသာယာ ရှိလှပါတယ်။
No comments:
Post a Comment