Monday, September 24, 2018

အမြတ်ဆုံးအလှူ


အမြတ်ဆုံးအလှူ
----------------
အလှူတကာ့အလှူထဲတွင် တရားအလှူသည် အမြတ်ဆုံးအလှူဖြစ်သည်။
လောကမှာရှိရှိသမျှ အလှူအားလုံးထဲမှာ တရားအလှူဟာအနိုင်းမဲ့အလှူ ဖြစ်ပါတယ်။ ဘာလို့လဲဆိုတော့ တရားအလှူထက်ပိုပြီး အလှူခံပုဂ္ဂိုလ်ကို ကောင်းကျိုးပြုပါတယ်လို့ နိုင်းယှဉ်စရာ၊ အစားထိုးစရာ၊ ထပ်တူပြုစရာ တစ်ခြားအလှူ မရှိတော့လို့ပါပဲ။
သတ္တ၀ါတွေ ကောင်းမှုအကျိုးခံစားရပြီး ချမ်းသာပြည့်စုံနေရခြင်းရဲ့ ပင်မအကြောင်းတရားကတော့ တရားအလှူပါပဲ။
တရားအလှူမရှိရင် ကုသိုလ်ကောင်းမှုမရှိနိုင်၊ ကုသိုလ်ကောင်းမှုမရှိရင် ကောင်းကျိုးချမ်းသာ မရှိနိုင်တဲ့အတွက် အလှူအားလုံးထဲမှာ တရားအလှူသည်သာ အကောင်းဆုံး၊ အမြတ်ဆုံးအလှူ၊ အနိုင်းမဲ့အလှူ ဖြစ်ရပါတယ်။
ဗုဒ္ဓဘာသာဝင်မှန်ရင် မလုပ်မဖြစ်လုပ်ရမယ့် ကောင်းမှု ဆယ်မျိုးထဲမှာ
"ဓမ္မဒေသနာ(ဓမ္မဒါန)" တရားဟောကြားခြင်းဆိုတဲ့ ကောင်းမှုတစ်ခု ပါဝင်ပါတယ်။ ဓမ္မဒါနကောင်းမှုဆိုတာ ဘုန်းကြီးတွေသာ လုပ်ရမယ့်အလုပ် မဟုတ်ပါဘူး။ လူဝတ်ကြောင်တွေလည်း လုပ်ရမယ့် အလုပ်ပါ။
ပလ္လင်ပေါ်မှာ ထိုင်ဟောမှလည်း ဓမ္မဒါန မဟုတ်ပါဘူး။ သွားရင်းလာရင်း တရားစကားပြောဆိုတာဟာလည်း ဓမ္မဒါနပါပဲ။
တရားစာပေ ပို့ချသင်ကြားတာဟာလည်း ဓမ္မဒါနပါပဲ။
နူတ်ကထုတ်ပြောမှလည်း ဓမ္မဒါန မဟုတ်ပါဘူး။ တရားနဲ့ပက်သက်တဲ့ စာပေရေးသားတာ၊ တရားစာအုပ်လှူတာ၊ တိပ်ခွေလှူတာ၊ အပြီးမလှူတောင်မှ ခတ္တငှားရမ်းတာ၊ တရားဟောပြောသူ၊ တရားစာရေးသားသူကို တတ်စွမ်းသမျှ လူအား၊ ပစ္စည်းအားနဲ့ ကူညီထောက်ပံ့တာ... ဒါတွေအားလုံးဟာ ဓမ္မဒါန တရားအလှူတွေချည်းပါပဲ။
(ဆရာတော် အရှင်ဆန္ဒာဓိက)

No comments:

Post a Comment