ဖိုမ မဆက်ဆံဘဲ မွေးသူများ
----------------------
ဒုကူလရသေ့သည် ပါရိကရသေ့မ၏ ချက်ကို
ခြေမဖြင့်သုံးသပ်ရာ ကိုယ်ဝန်ရ၍ သာမ သတို့ သား
ကိုဖွာ့းမြင်၏
မာတင်္ဂရသေ့သည် ဒိဋ္ဌမင်္ဂလိက သူဌေးပျိုမ၏
ချက်ကို ခြေမဖြင့်သုံးသပ်ရာ ကိုယ်ဝန်ရ၍
မဏ္ဌဗျ သူတို့ သားကို ဖွားမြင်၏
စန္ဒပဇ္ဇော၏ မိခင်သည် ချက်၌ကင်းမြီးကောက်
ရွရွသွားသည်ကို သာယာ၍ ကိုဝန်ရှိကာ
စန္ဒင်္ံပဇ္ဇောကိုဖွားမြင်ခဲ့၏
ခေတ္တရာရသေ့၏ သုတ်သွေးပါသော ကျင်ငယ်ရေကို
သမင်မတကောင်သောက်မိ၍ ကိုဝန်ရှိသွားပြီး
ဗေဒါရီ သတို့ သားကိုဖွားမြင်၏
ကိုယ်တွင်း၌ ကိလိဋ္ဌဓာတ် လှုံ့ ဆော်ပွားများ
ကြုံကြိုက်သောအခါ ကြက်မတို့ သည်
ကြက်ဖ၏တွန်သံကို ကြားသော သောတအတွေ့ 
ဖြင့်ပင် ပဋိသန္ဓေရနိုင်ကုန်၏
နွားမတို့ သည် နွားလားဥဿဘ တို့ ၏ တွန်သံကို
ကြားရယုံဖြင့် ပဋိသန္စေရနိုင်ကုန်၏
ဗျိုင်းအောက်များတွင် အဖိုမရှိပေ
မိုးခြိမ်းသံကြောင့် ကိုယ်ဝန်ရှိကြရကုန်၏
အချိန်အရွယ်နှင့်ပြည့်စုံသော မိန်းမသည်
ကိုယ်တွင်းဝတ္တုသန့် စင်၍နေသောအခါ
အလွန်လှပစွာသောယောင်္ကျား၏ အဆင်းအင်္ဂါကို
အလိုရှိတိုင်းကြည့်ခွင့်ရ၍ စက္ခုသမ္ဖသ အလှိုင်းကြီးဖြစ်ခဲ့သော် စက္ခုအတွေ့ ဖြင့်ပင်
ပဋိသန္ဓေရနိုင်ကုန်၏
ဦးမြင့်ခိုင်
share
No comments:
Post a Comment