Monday, December 31, 2018

🍃🌸 အပါယ်လေးပါးတံခါး ဒီဘဝ ဒီခန္ဓာနဲ့တင် လုံးဝပိတ်စေချင်ရင် ...🌸🍃


🍃🌸 အပါယ်လေးပါးတံခါး ဒီဘဝ ဒီခန္ဓာနဲ့တင် လုံးဝပိတ်စေချင်ရင် ...🌸🍃
____________________________
အင်မတန်မှကံကောင်းလွန်းလို့
အခုလို လူ့ဘဝကိုရလာကြတယ် ...
ရလာတဲ့လူ့ဘဝမှာလဲ ကြုံခဲ ရခဲလှတဲ့
ဗုဒ္ဓသာသနာနဲ့ လာရောက် ကြုံနေတယ်။
ဒီရုပ်ကြီးကသာ သာသနာတွင်းနဲ့ကြုံပြီးတော့
ကိုယ့်ရဲ့ဥာဏ်ကလေးက ဗုဒ္ဓသိတဲ့
သစ္စာလေးပါး ဆိုတဲ့ အမှန်တရားတွေကို
သိခွင့်မရဘူးဆိုရင်တော့
အရှုံးကြီး ရှုံးရပါလိမ့်မယ်။
ဒီတရား အသိဥာဏ်ကို ကိုယ်သိတယ်ဆိုရင်
လောကီချမ်းသာတွေနဲ့ဘာမှမဆိုင်တဲ့
တကယ့်ချမ်းသာအစစ်ဆိုတဲ့
မဂ်ချမ်းသာ ...
ဖိုလ်ချမ်းသာ ...
နိဗ္ဗာန်ချမ်းသာ တွေကို
ရရှိနိုင်တဲ့အခြေအနေနဲ့ ကြုံနေတာပါ။
ကိုယ်က လောဘ ဒေါသ မောဟ
အတ္တဒိဋ္ဌိက စေခိုင်းတဲ့ အလုပ်တွေနဲ့
ရခဲလှတဲ့ ... အဖိုးတန်လှတဲ့ ...
ဒီအချိန်ကလေးကို အလွဲသုံးစားလုပ်ရင်း
ကုန်နေမယ်ဆိုရင်တော့
ကိုယ့်အတွက် အင်မတန်မှကို နစ်နာပါ တယ်။
ကံမကောင်း အကြောင်းမလှလို့
သာသနာပကာလမှာ လူသွားဖြစ်လို့
ဒီလို မဂ်ချမ်းသာ ...
ဖိုလ်ချမ်းသာ ...
နိဗ္ဗာန်ချမ်းသာ တရားတွေကို မရနိုင်တဲ့ အချိန်မှာ
မရရှိတာကတော့ ကိစ္စမရှိပါဘူး။
အခုလို အနတ္တသာသနာ
တစ်ပတ်ပြန်လည်လာတဲ့အချိန်နဲ့
ကြုံနေရတဲ့ အခုလက်ရှိဘဝမှာ
ကိုယ်တစ်သံသရာလုံးမှာ
တစ်ခါမှမဖြစ်ဖူးသေးတဲ့ ကုသိုလ်တွေ
မရဖူးသေးတဲ့ ချမ်းသာတွေကို
ရရှိနိုင်တဲ့ အခြေအနေနဲ့ကြုံနေကြပါ တယ်။
လူတိုင်းဟာ တစ်ချိန်မှာ တစ်စိတ်နဲ့
အသက်ရှင်နေကြတာပါ။
အဲဒီတစ်စိတ်မှာ ...
လောကီအာရုံ ကာမဂုဏ်တွေကို
ခံစားချင်တဲ့ စိတ်တွေကို
ဦးစားပေး ရှေ့တန်းတင်ပြီးတော့မှ
လောကီအာရုံ ကာမဂုဏ်တွေကို
ခံစားနေတယ်ဆိုရင်တော့ တရားချမ်းသာကို
ဘယ်လိုမှ ခံစားလို့ မရနိုင်တော့ပါဘူး။
ဒါကြောင့်မို့လို့
ဘယ်တော့မှမဆုံးနိုင်တဲ့
လောကီအာရုံ ကာမဂုဏ်တွေကို
ခံစားချင်တဲ့ စိတ်ရိုင်းကလေးကို
အလိုမလိုက်ပဲနဲ့ ...
အပါယ်လေးပါးတံခါးပိတ်တဲ့အထိ ...
ပထမနိဗ္ဗာန် သောတပတ္တိမဂ်ကို
မြင်ရတဲ့ ဉာဏ်ကို ရဖို့အထိတော့
အနည်းဆုံး ကြိုးစားပြီး
ကျင့်ကြံအားထုတ်ဖို့
အင်မတန်မှ အရေးကြီး ပါတယ်။
ဒီလို ကျင့်ကြံအားထုတ်တဲ့နည်းကို ပေးတဲ့
ဆရာသမားကောင်းတွေနဲ့ တွေ့ဖို့ဆိုတာကလဲ
အင်မတန့် အင်မတန်မှကို ခဲယဉ်းပါတယ်။
ကိုယ်က အခုလိုခဲယဉ်းတဲ့ အခြေအနေတွေနဲ့
လာပြီးတော့ ကြုံနေတဲ့အချိန်ကို
အလွဲသုံးစား မလုပ်ပဲနဲ့
ကြိုးကြိုးစားစား ကျင့်ကြံ အားထုတ်ရင်တော့
ကိုယ့်ရဲ့အပါယ်လေးပါး တံခါးက
ဒီဘဝ ဒီခန္ဓာနဲ့တင်
လုံးဝပိတ်သွားနိုင်ပါတယ်။
ကိုယ့် ရဲ့အဖိုးတန်တဲ့ အချိန်တွေကို
အလွဲသုံးစားမလုပ်ပါနဲ့။
ကျေးဇူးတော်ရှင် ဆရာတော်ဘုရားကြီး
အရှင်ဥတ္တမသာရ
သဘာဝတရားရိပ်သာ
#Via - ညီညီ

သားရေးသမီးရေး စီးပွာရေး လုပ်ရင်းနဲ့ နိဗ္ဗါန်လည်း လိုချင်လား


သားရေးသမီးရေး စီးပွာရေး လုပ်ရင်းနဲ့ နိဗ္ဗါန်လည်း လိုချင်လား
--------------------------------

ပုဏ္ဏားကြီး တစ်ဦးက ဘုရားရှင်ကို
လျှောက်တယ်

အရှင်ဘုရား
တရားလည်း မရှာနိုင်သေးဘူး
သားရေး သမီးရေးတွေ ပြုလုပ်နေရင်းနဲ့  စီးပွားရေးလည်း
ချမ်းသာချင်တယ် နိဗ္ဗါန်အတွက်လည်း ပါရမီ ဖြည့်ချင်တယ်

အဲဒီအတွက် နည်းလမ်းလေးများ
ရှိရင် ဟောပါဘုရားဆိုတော့

ဗုဒ္ဓက ရှိတယ်ပုဏ္ဏားကြီး
လောကီမှာလည်း သားရေးသမီးရေးတွေလုပ်
လောကုတ္တရာအတွက်လည်း
ပါရမီဖြည့်ချင်တယ်ဆိုရင် ဒီဆယ်နှစ်ချက်နဲ့ ညီအောင်နေတဲ့

ရှာဖွေ
စုဆောင်း

မိတ်ကောင်းရှိစေ

ဝင်ငွေနှင့်မျှ ချိန်ဆသုံးပေ
( ဝင်ငွေ ထွက်ငွေ ချိန်ပြီးသုံး )

လုပ်ကွက်နေရာ မှန်ကန်စွာရွေး
( သမ္မာအာဇီဝ ကျတဲ့ အလုပ်မျိုးကို
ရွေးချယ် တတ်ရမယ် )

အချိန်အလေးပြု
( အချိန်ကို တန်ဘိုးထားခြင်း )
ကြိုးစားမှု့ ကောင်း
(အလုပ်ကို ကြိုးကြိုးစားစားလုပ် )

တကြောင်းဥပဓိ ရုပ်ရည်ရှိနှင့်
( ရုပ်ချောတာ ရုပ်ဆိုးတာကို ပြောခြင်းမဟုတ်ပါဘူး မိမိရဲ့အလုပ်နဲ့ 
သင့်တင့်လျောက်ပတ်အောင်
ဝတ်စားဆင်ယဉ်မှု့မျိုးကိုပြောတာ)
ချီးမြှင့်ပေးကမ်း
( ဒါန ပြုလုပ်ခြင်း )

တန်းတူဆက်ဆံ
( ကိုယ့်ထက်နိမ့်သူကို မနှိမ်နဲ့  )
ပြန်လှန်ကောင်းကျိုး ပွားတိုးဆောင်လို
( သူ့ အကျိုး ကိုယ့်အကျိုး ကြည့် )့
နုတ်ချိုစကား

ဆယ့်နှစ်ပါးကား
စီးပွားတက်ကြောင်း နည်းလမ်းကောင်းတည်း

မှတ်ချက်
ဘယ်သူဌေးကြီးက ချမ်းသာချင်ရင်
ဘယ်အချက်တွေဘယ်လိုကျင့်ဆိုတာ
သူတို့ အတွေ့ အကြုံနဲ့ သူတို့  ပြောထားတာ သူတို့ ပြောတဲ့အတိုင်း
ကြိုးစားလို့  လူတိုင်း မချမ်းသာနိုင်ဘူး

ဗုဒ္ဓပေးတဲ့နည်းက ၁၂ မျိုးပဲရှိတယ်
ကြိုက်တဲ့လူကျင့်
အဲဒီ၁၂ ချက်နဲ ညီရင် ချမ်းသာမယ်
လောကုတ္တရာအတွက်လည်း
ပါရမီဖြည့်ပြီးသားဖြစ်မယ်

ဒါ့ကြောင့် သားရေးသမီးရေးတွေလည်း လုပ်မယ် နိဗ္ဗါန်လည်း လိုချင်တယ် ဆိုရင်တော့ အဲဒီ ၁၂ ချက်နဲ့ ညီအောင်နေကြပါစေလို့  တိုက်တွန်းနိုးဆော်ပါတယ်

ဦးမြင့်ခိုင့်

share

🙏 မုန်းနေတဲ့လူကို ချစ်အောင်လုပ်နည်း 🙏


🙏 မုန်းနေတဲ့လူကို ချစ်အောင်လုပ်နည်း 🙏
 အများနဲ့ နေကြတဲ့အခါ ကိုယ့်ကိုလည်း သူမကြိုက်တာ ရှိကောင်းရှိလိမ့်မယ်။ သူ့ကိုလည်း ကိုယ်မကြိုက်တာ ရှိကောင်းရှိလိမ့်မယ်။
 မေတ္တာတရား ကင်းမဲ့စွာနဲ့ နေရာမြင်တိုင်း ဒေါသက ရှုးကနဲ ရှဲကနဲ ဖြစ်နေရင်တော့ ဘယ်သူမှ အနားကပ်မှာ မဟုတ်ဘူး။
 ဘယ်နေရာမဆို အကောင်းမြင်ဝါဒနဲ့ ကြည့်ပြီး မေတ္တာထားတတ်ရင် လောကကြီးဟာ ပျော်စရာတွေ၊ ကြည်နူးစရာတွေချည်း ဖြစ်လာမှာ။
 အချင်းချင်းလည်း မေတ္တာဓာတ်တွေ ပို့လွှတ်ကြ၊ လောကကြီးကိုလည်း မေတ္တာဓာတ်တွေ များများဖြန့်ဝေပေးကြ။
 ကိုယ့်ကို ဆန့်ကျင်ဘက် လုပ်တတ်တဲ့သူ၊ မလိုမုန်းတီးနေတဲ့သူတွေကို ချစ်ခင်လာအောင် လုပ်နည်းက မေတ္တာတစ်မျိုးပဲ ရှိတယ်။
 ကိုယ့်ကို မလိုမုန်းတီးသူတွေကို အကောင်းမြင်ဝါဒနဲ့ မြင်အောင်ကြည့်၊ ပြုံးကွက်ကို ပေါ်အောင်ဖော်၊ ချမ်းသာစေချင်တဲ့စိတ်နဲ့ လှိုက်လှိုက်လှဲလှဲ မေတ္တာဓာတ်တွေကို ပို့လွှတ်လိုက်ရင် မေတ္တာအရှိန်အဝါကြောင့် တစ်ဘက်သားမှာ စိတ်ထားတွေနူးညံ့ပြီး ကိုယ်ကို အကောင်းမြင်လာလိမ့်မယ်၊ ချစ်ခင်ကြည်နူးလာလိမ့်မယ်၊ ကြည်ဖြူလာလိမ့်မယ်။
(တိပိဋကယောဆရာတော်)

" ဟန်​ကုသိုလ်​နဲ့စံကုသိုလ်​ "


" ဟန်​ကုသိုလ်​နဲ့စံကုသိုလ်​ "
~~~~~~~~~~~~~~
ဟန်​ကုသိုလ်​ဆိုတာ
ကုသိုလ်​လုပ်​တဲ့​နေရာမှာ
ဟန်​​ဆောင်​ပြီး
နာမည်​ရ​အောင်
အထင်​ကြီး​အောင်
ကျော်​ကြား​အောင်
ပရဟိတ​ယောင်​​ဟန်​​ဆောင်​ပြီးလုပ်​တာကို
ဟန်​ကုသိုလ်​လို့​ခေါ်တယ်​ ။
စံကုသိုလ်​ဆိုတာက​တော့
ကုသိုလ်​လုပ်​တဲ့​နေရာမှာ
သူတစ်​ပါး​တို့က
စံပြနမူနာထိုက်​​အောင်
တကယ်​လိုအပ်​တဲ့​နေရာမှာ
ပေးဆပ်​လိုမှု​စေတနာသက်​သက်​နဲ့
အနစ်​နာခံပြီး
တကယ်​ပရဟိတစိတ်​နဲ့လုပ်​​တာ​ကို
စံကုသိုလ်​လို့​ခေါ်တယ်​ ။
မျိုးဆက်​သစ်​အရှင်​(ဖို​လေးလုံး)

ဥပုသ်သီလ (ကိုယ်ကျင့်အဘိဓမ္မာ - ၅၆)


ဥပုသ်သီလ (ကိုယ်ကျင့်အဘိဓမ္မာ - ၅၆)

ဥပုသ်သီလ
 
ဗြဟ္မစရိယ၊ ၀ိကာလဘောဇနစသော ဥပုသ်သီလများကား ပြခဲ့သော ငါးပါးသီလ စသည်တို့ကဲ့သို့ သူတစ်ပါး မဆင်းရဲရအောင် စောင့်ရှောက်ရသော သီလ မဟုတ်။ မိမိစိတ်ဓာတ်ကို မြင့်မြတ်အောင် စောင့်သုံးရသော သီလများတည်း။ 
ချဲ့ဦးအံ့ - ယခုကာလ အများစောင့်သုံးသော အိမ်နီးချင်းရိုသေရုံ ဥပုသ်မဟုတ်ဘဲ တကယ်စောင့်ရသော ဥပုသ်မျိုးကို “အရိယဥပုသ်” ဟုခေါ်၏။


ထိုအရိယဥပုသ်ကို စောင့်သူသည် သီလဆောက်တည်ပြီးနောက် ဘုရားဂုဏ်တော်ကို ဖြစ်စေ၊ သို့မဟုတ် တရားဂုဏ်၊ သံဃာ့ဂုဏ်၊ မိမိသီလဂုဏ်၊ ဒါနဂုဏ် တစ်မျိုးမျိုးကို ဖြစ်စေ အာရုံပြု၍ ကမ္မဋ္ဌာန်းဘာဝနာကို ပွားများနေထိုင်ရမည်။ 
 
ထိုသှို့ ပွားများနေထိုင်သောအခါ မိမိ၏ စိတ်ဝယ် လောဘ ဒေါသ မာန စသော အကုသိုလ်များ နည်းသည်ထက် နည်းပါး၍ စိတ်နေစိတ်ထားလည်း ကြီးသည်ထက် ကြီးမားလာပေလိမ့်မည်။ 
 
ထှို့ကြောင့် ဥပုသ်သီလတို့မှာ သီလမည်ရုံသာမက ဘာဝနာနှင့် အဖော်အပေါင်း ဖြစ်သည့်အပြင် အရင်ခံဖြစ်သော ပါဏာတိပါတစသည်မှလည်း ရှောင်ကြဉ်ပြီး ဖြစ်သောကြောင့် ရိုးရိုး ငါးပါးသီလထက်ပင် သာလွန်မြင့်မြတ်သော အကျင့်ဖြစ်ကြောင်းကို သိနိုင်ပါသည်။

အဒိန္နာဒါန ကာမေသုမိစ္ဆာစာရ မုသာဝါဒ သုရာပါန ဝိရတိများ (ကိုယ့်ကျင့်အဘိဓမ္မာ - ၅၅)


အဒိန္နာဒါန ကာမေသုမိစ္ဆာစာရ မုသာဝါဒ သုရာပါန ဝိရတိများ (ကိုယ့်ကျင့်အဘိဓမ္မာ - ၅၅)

အဒိန္နဒါန၀ိရတိ
 
သူ့ဥစ္စာကို ခိုး၍ တိုက်၍ လုယက်၍ ယူမူကြောင့် ဥစ္စာရှင်တို့မှာ ဆင်းရဲကြရရှာသည်။ တစ်နိုင်ငံလုံးကို တိုက်ခိုက်လုယူမူကြောင့် နိုင်ငံရှင် ဘုရင် မိဖုရား ဆွေတော်မျိုးတော်များနှင့်တကွ နိုင်ငံသူနိုင်ငံသားတို့ မခံမရပ်နိုင်အောင် စိတ်ဆင်းရဲကြရ၏။ ရသင့်ရထိုက်သော နိုင်ငံတွင်းရှိ အလုပ်များကို မလုပ်နိုင်ကြ။ လုပ်ဖို့ အခွင့်လည်း မရကြသဖြင့် ဥစ္စာဓနရှားပါး၍ ကိုယ်ဆင်းရဲရ၏။ ထို့ကြောင့် အဒိန္နာဒါနမူသည် ဥစ္စာရှင်များကို အဆက်ဆက် နာလန်မထူနိုင်အောင် ဖိစီးနှိပ်စက်သော အမူကြီးပေတည်း။ ထိုအဒိန္နဒါဒါနမှ ရှောင်ကြဉ်၍ အဒိန္နာဒါန၀ိရတိ သီလကို စောင့်ထိန်းကြပါလျှင် ထိုဆင်းရဲမျိုးကို ကမ္ဘာမှာ တွေ့မြင်ကြရတော့မည် မဟုတ်သဖြင့် အဒိန္နာဒါန၀ိရတိ သီလသည် ကမ္ဘာသူကမ္ဘာသားများကို ဆင်းရဲဒုက္ခမှ မုချလွတ်လပ်ခွင့်ရစေနိုင်သော ကိုယ်စိတ်နှစ်ဖြာ ချမ်းသာစေနိုင်သော သီလပေတည်း။

ကာမေသုမိစ္ဆာစာရ၀ိရတိ
 
ကာမဂုဏ်အတွေ့သည် ပုထုဇဉ်များ၌ ထူးခြားသော အာရုံတစ်မျိုးဖြစ်ရကား ထိုအတွေ့ပစ္စည်းကို အခြားပစ္စည်းထက် ခင်မင်၏။ မိမိပိုင်ဆိုင်သော (မိမိအလွန်မြတ်နိုးသော) ထိုကာမအတွေ့ကို အခြားသူအား (အရူး အနှမ်း မဟုတ်လျှင်) အပိုင်ပေးဖို့ မဆိုထားဘိ၊ ခေတ္တမျှ မပေးနိုင်ရုံသာမက တစ်နည်းအားဖြင့် နှောက်ယှက်လုယူမည့်သူကိုပင် ရန်သူကြီးအစစ်ဟု တထစ်ချ မှတ်ယူလေ့ရှိကြသည်။ 
 
ထို့ကြောင့် သူပိုင်ကာမကို ခိုး၍ လု၍ ယူလျှင် ပိုင်ရှင်ဖြစ်သူမှာ အခြားပစ္စည်းကို လုယူသွားသည်ထက် နက်နက်နဲနဲဆင်းရဲရ၏။ တကယ်လို့ ခုခံနိုင်လျှင် အသက်ချင်းလဲမည့်သူသာ များလေသည်။ ထို့ကြောင့် ထိုမိစ္ဆာစာရမှ ရှောင်ကြဉ်မူ သီလသည် သူတစ်ပါး၏ ဆင်းရဲရမည့်အရေးကို လေးလေးပင်ပင် ရှောင်ကြဉ်ရာရောက်သဖြင့် ကမ္ဘာသူကမ္ဘာသား လူအများ ချမ်းသာစေနိုင်သော သီလတစ်မျိုး ဖြစ်ပေသည်။

မုသာဝါဒ၀ိရတိ
 
လောက၀ယ် အလိမ်ခံရသော ဆင်းရဲလည်း “ပျော့ပျော့နှင့် နံ”ဆိုသလို အတော့်ကို အခံရခက်သော ဆင်းရဲတစ်မျိုးတည်း။ ထို အလိမ်ခံရသည့်အတွက် အကျိုးပျက်စီးရပုံတို့မှာ မျက်မြင်အားဖြင့် ထင်ရှားရုံသာမက လိမ်သူက စွမ်းလှလျှင် နိုင်ငံတစ်ခုလုံးကိုပင် ရအောင် လိမ်နိုင်ကြသဖြင့် မည်မျှလောက် နစ်နာကြသည်ကိုစဉ်းစားကြလေတော့။ ယခုခေတ် ဘာသာအမျိုးမျိုး၏ ဆရာအမျိုးမျိုး တရားတွေကြောင့် (ဗုဒ္ဓဘာသာ တရားတော်အရ ဆိုလျှင်) မြော်မြင်မှန်းဆ၍ မကုန်နိုင်သော ဆင်းရဲကိုလည်း အမှားလမ်း လိုက်မိသူတိုင်း တွေ့ရတော့မည်။ ထို့ကြောင့် မုသာဝါဒမှ ရှောင်ကြဉ်မူသီလလည်း တစ်ယောက် နှစ်ယောက်မှစ၍ ကမ္ဘာသူကမ္ဘာသားတို့၏ ဒုက္ခကို မုချ စောင့်ရှောက်ရာ ရောက်ပေသည်။ (ဤနေရာဝယ် ဗုဒ္ဓဘာသာဝင်ထဲမှ တချို့တရားဟောဆရာတွေ ညာနေပုံ၊ ဉာဏ်မရှိသူ လူအများပင် ထိုအညာဆရာကို အထင်ကြီးပုံကိုပါ စဉ်းစားကြပါလေ။)

သုရာပါန၀ိရတိ
 
သေရည်သေရက် သောက်သူသည် မိမိဘာသာ သောက်ရုံ သက်သက်ဖြစ်လျှင် မိမိမှာ နောင်ဘ၀သံသရာ၌ မကောင်းကြိုးခံစားရရုံမှတစ်ပါး အခြားသူတို့၌များစွာ မထိခိုက်သေးပေ။ သို့သော် ထိုကဲ့သို့ သောက်ရုံသက်သက်ဖြင့် အမြဲတင်းတိမ်မည် မဟုတ်၊ မူးလာသောအခါ ရှေ့သိက္ခာပုဒ်များကို ကျူးလွန်ဖို့ရန် အခြေခံ ဖြစ်လေပြီ။ လောက၌ အလွန်လည်ပတ်သူ လူတစ်ယောက်သည် သတ်မူ ခိုးမူ ကာမမူစသည်တို့ကို တစ်စုံတစ်ခုမျှ ကိုယ်တိုင်မပြု။ သို့သော် သူ၏ဘက်သား ရဲဘော်များကို ကျကျနန နည်းပေးလမ်းပြလေ့ရှိ၏။ ထိုလူလည်ဖြစ်သည်သည် (သူကိုယ်တိုင်မလုပ်သော်လည်း) ကိစ္စအားလုံး၌ နည်းပေးလမ်းပြ ခေါင်းဆောင်နေသူဖြစ်ရကား ကိုယ်တိုင်လုပ်သူထက်ပင် ကြောက်မက်ဖွယ် ကောင်းသေး၏။ ကိုယ်တိုင်လုပ်သူထက်ပင် သူများကို ဆင်းရဲစေသေး၏။ ထို့အတူ သုရာပါနမူလည်း တဖြည့်းဖြည်း အနယ်ကျ၍ ယစ်ထုပ်ဘ၀သို့ ရောက်သောအခါ ပါဏာတိပါတမူစသည်ထက် ကြောက်မက်ဖွယ်ကောင်းလှ၍ ပါဏာတိပါတမူစသည်တို့ထက် သတ္တ၀ါအများ၏ ဆင်းရဲဒုက္ခကို များစွာ ဖြစ်စေနိုင်ပါသည်။ ထှို့ကြောင့် သုရာပါန၀ိရတိလည်း မိမိအိမ်သူအိမ်သားမှစ၍ ကမ္ဘာသူ ကမ္ဘာသားအထိ ဆင်းရဲမည့် အဖြစ်မှ ကယ်တင်ရာ ရောက်လေသည်။
ဤနည်းအားဖြင့် အခြားသော အာဇီဝဋ္ဌမကသီလ စသည်တို့၏ အကျိုးကို စဉ်းစားကြပါလေ။ ဤကဲ့သို့ အကျိုးအပြစ်ကို စိစစ်လိုက်သောအခါ တစ်ကမ္ဘာလုံး ငါးပါးသီလ လုံခြုံနေပါမူ တစ်ကမ္ဘာလုံး ချမ်းသာကြမည့်အကြောင်း ကောင်းကောင်းကြီး ထင်ရှားရကား ငါးပါးသီလတစ်မျိုးတည်းသည်ပင် ဒါနထက် သာလွန်မြင့်မြတ်ကြောင်း ထင်ရှားပြီ။ သို့ဖြစ်၍ မိမိကိုယ်တိုင်နှင့် စပ်ဆိုင်ရာ အားလုံးဝယ် ငါးပါးသီလ ပြည့်ဝလုံခြုံသူချည်းဖြစ်အောင် သတိဆောင်ကာ သတ္တ၀ါများအပေါ်၌ မေတ္တာ ကရုဏာ ထားနိုင်ကြပါစေသတည်း။

နှစ်သစ်ဆုတောင်း


မင်္ဂလာ နှစ်သစ်မှာ
အတွေးသစ်
အမြင်သစ်
စိတ်ကူးစိတ်သန်းအသစ်များနှင့်
မပြုဖူး မဖြစ်ဖူးသေးတဲ့
ကုသိုလ်ကောင်းမှု
အသစ်အသစ်များစွာပြုဖြစ်ပြီး
မရဖူး မရှိဖူးသေးတဲ့
အသစ်အသစ်ဖြစ်တဲ့
ကောင်းကျိုးချမ်းသာများစွာကို
ရရှိပိုင်ဆိုင်နိုင်ကြပါစေ။


Pannyissara Sayadaw

"ဘဲ"ကျောင်းသမား


"ဘဲ"ကျောင်းသမား
============

တစ်ခါတုန်းက မြို့တစ်ခုရဲ့အနီးမှာ ရေကန်ကြီးတစ်
ကန်ရှိတယ်၊ အဲဒီရေကန်ထဲမှာ တောထဲက တောဘဲ
တွေလာပြီး ကျက်စားကြတယ်။

တစ်နေ့ မြို့ထဲက
အရူးတစ်ယောက်ကလည်း ကန်ဘောင်ဘက်လမ်း
လျှောက်ထွက်အလာ၊မြို့သားလူလည်တစ်ယောက်
ကလည်းကန်ဘက်လမ်းလျှောက်ထွက်အလာ ကန်
ဘောင်ပေါ်မှာဆုံကြတယ်။

ကန်ဘောင်မှာဆုံကြတော့
အရူးက ကန်ထဲကဘဲတွေကြည့်ပြီးတော့ "ဟာဘဲတွေ
အကောင်ကလည်းအကြီးကြီး။ အရေအတွက်က
လည်းများလိုက်တာ။ ဘယ်သူ့ဘဲတွေပါလိမ့်လို့"အဲ့
လိုထုတ်ပြောလိုက်တော့ မြို့သားကိုလူလည်က ဟာ
ဒီကောင်လူ "အ"ပဲ။ တောဘဲ တောဘဲမှန်းမသိဘူး။
ဟန်ကျပြီး ဒီကောင်တော့ ငါအချဉ်ဖောက်မှပဲဆိုပြီး
အဲ့ဒီမှာ မြို့သားကိုလူလည်က "ဟေ့လူ အဲဒါကျုပ်
ဘဲတွေဗျ။ ခင်များသဘောကျနေလား။ သဘောကျ
ရင်လစဉ်စားမနေနဲ့။ တစ်ကောင်းတစ်ကျပ်နဲ့ပဲပေး
အကောင်ရေသုံးဆယ်သာရှိတယ်။ ငွေသုံးဆယ်ပေး
ဆိုပြီးတော့ အရူးကိုရောင်းလိုက်တယ်။

အရူးကလည်းစဉ်စားတယ်။ ဟာ ကြည့်စမ်း
ဒီလောက်အကောင်ကြီးတဲ့ ဘဲတွေကို ငါ့ကို
တစ်ကောင်တစ်ကျပ်နဲ့လာရောင်းတာ ဧကန္တ
အပြင်ဘဲပေါက်ဈေးမသိဘူးနဲ့တူတယ်။ ငါတော့
ဟန်ကျပြီး အချောင်ရပြီးဆိုပြီး ငွေသုံးဆယ်ပေး
ပြီး တောဘဲအကောင်သုံးဆယ်ကို ဝယ်လိုက်တယ်။

မြို့သားကိုလူလည်က ငွေသုံးဆယ်ခါးကြားညှပ်ပြီး
ထွက်သွားပြီ။ အရူးက အဲဒီတောဘဲတွေကို သူ့ဘဲ
ထင်ပြီး ဟောဒါငါ့ဘဲတွေပဲဆိုပြီးတော့ တစ်နေကုန်
ဘဲထိုင်ကျောင်းနေတယ်။ တောဘဲတွေက တောင်
ဘက်ပြေးလိုက် တောင်ဘက်လိုက်လိုက်၊ မြောက်
ဘက်သွားရင် မြောက်ဘက်လိုက်လိုက်နဲ့ တစ်နေ
ကုန် ဘဲကျောင်းနေတယ်။

ညနေစောင်းတဲ့အကျတော့ ဘဲတစ်အုပ် ထပျံသွား
ပြီ။ တောဘဲမို့ တောထဲပြန်သွားတာ မဆန်းဘူးလေ။
ဒါပေမယ့် အဲဒိတောဘဲတွေကို "ငါ့ဘဲ"လို့ထင်ထား
တဲ့ အရူးက တောဘဲတွေနောက်ကို လိုက်ပြီ ဒုက္ခတွေ
ရောက်နေလိုက်တာ။ တောဘဲတွေကို ငါ့ဘဲတွေဘယ်
ပျံပါလိမ့်၊ ငါ့ဘဲတွေ ဘယ်ပျံပါလိမ့်ဆိုပြီးတော့ အရူး
ဟာ တောဘဲအုပ်ကလိုက်ရင်းနဲ့ ခလုတ်တိုက်လို့
တိုက် ချိုင့်ထဲကျလို့ကျ ဒုက္ခရောက်လိုက်တာ။ လိုက်
မမီတော့ပြန်လာ။

သွားပြီ ဒီဘဲတွေတော့ ပြန်မရ
တော့ဘူး။ စိတ်ပျက်ပျက်နဲ့ နေကန်ပြန်လာတော့
ကန်ထဲမှာ ဘဲအချို့ကျန်နေသေးတယ်။ ဒါလည်း
သူ တောဘဲမှန်းမသိသေးဘူး။ ကျန်တဲ့ဘဲတွေကို
ဆက်ကျောင်းနေတယ်။ ညနေစောင်းလို့ နေလည်း
ဝင်ရော ကျန်တဲ့ ဘဲတစ်အုပ်လည်း ထပျံသွားရော။
အရူးကြီး နောက်ကလိုက်ပြန်ပြီ။ ဒုက္ခရောက်လိုက်တာ။ တောဘဲကဘဲမို့ တောထဲပြန်တာ မဆန်းပေ
မယ့် ဒီတောဘဲတွေကို ငါ့ဘဲလို့ ထင်နေတဲ့ အရူးကြီး
က ဘဲအုပ်နောက်လိုက်ရတာလည်း ဒုက္ခ၊ နောက်ဆုံး
ဘဲတွေရှိသေးလားဆိုတော့ တစ်ကောင်မှမရှိတော့ဘူး။ အကုန် တောထဲ ပြန်ကုန်ကြပြီ။

ဒီဥပမာအတိုင်ပဲ ဓမ္မမိတ်ဆွေတို့ရေ.....
"ကိုယ်မပိုင်တဲ့ သားခန္ဓာ၊သမီးခန္ဓာ၊ပစ္စည်းခန္ဓာ
တွေကို ကိုယ်ပိုင်တယ်ဟဲ့လို့ထင်ပြီးတော့ ဒါက
ငါ့သား ငါ့သမီး ငါ့ပစ္စည်းတွေရယ်လို့ ထင်ပြီး
တောဘဲတွေကို အိမ်ဘဲတွေထင်ပြီး ကျောင်းနေ
ကြတာ။

ကိုယ့်လက်ထဲရောက်လို့ ကိုယ်ပိုင်တယ်
လို့ပြောရတာ သားသမီးတွေက အချိန်တန်တော့
သူ့တို့လမ်းသူတို့သွားကြတာပါပဲ။ ကိုယ်တားလို့
လည်းမရဘူးနော်။ တကယ်တော့ဘကိုယ်မပိုင်
ဘူး။ ဒီပစ္စည်းဥစ္စာတွေဟာလည်း ဓမ္မမိတ်ဆွေတို့
ရေ...။ ကိုယ့်လက်ထဲရောက်လို့သာ ဒါငါ့အိမ်ပဲ၊
ငါ့တိုက်ပဲ၊ငါ့ကားပဲ၊ငါ့ရွှေပဲ၊ ငါ့ငွေပဲ-လို့ပြောရတာ။


ရေ၊မီး၊မင်း၊သူခိုး၊သားဆိုး သမီးဆိုးတွေကြောင့်
အချိန်မရွေးပျက်စီးသွားနိုင်တယ်။ ဒါကြောင့်
အဲ့ဒါတွေဟာ ကိုယ်ပိုင်ဘဲမဟုတ်ပါဘူး။တောဘဲ
တွေ။ တစ်နေ့ အနိစ္စသဘောနဲ့ ကိစ္စချောမယ့် အရာ
တွေ။တချို့များ သားလေးသေသွား သမီးလေး
သေသွား ဒုက္ခရောက်လိုက်တာ။

နေမကောင်းဖြစ်
လို့ သေခါနီးဖြစ်ပြီဆိုရင် ဒီအဖေမိဘ ဒုက္ခရောက်
ပြီ။ တကယ်သေသွားတော့ "အမယ်လေး ငါ့သား
လေးမှ ငါ့သမီးလေးမှ သေရလေခြင်းဟယ်"လို့ဆို
ပြီး ငိုလိုက်ကြရတာ၊ဒုက္ခကိုရောက်လို့ပေါ့။ အရူး
ကြီး တောဘဲအုပ်နောက်လိုက်ပြီးတော့ ဒုက္ခရောက်
ရသလိုပဲတဲ့။

မြတ်ဗုဒ္ဓက သားသမီးခန္ဓာမပြောလေနဲ့
ကိုယ့်ခန္ဓာတောင်ကိုယ်မပိုင်ဘူးတဲ့။ သား သမီး ဇနီး
ခင်ပွန်စသည်များသည် ကိုယ့်ဆီကို ခဏအလည်လာ
တဲ့ ဧည့်သည်တွေပါ အချိန်တန်ရင် ကိုယ်စီကိုယ်စီ
ပြန်သွားကြမှာပါ။ တောဘဲတွေပါ အချိန်တန်ရင်
ကိုယ့်ကိုထားသွားကြမှာပါ။ သူတို့က ထားမသွား
ခင်လည်း ကိုယ်က ထားသွားရင် ထားသွားရမှာပါ။

တကယ်ကိုယ်ပိုင်ဘဲကတော့ ကိုယ်နဲ့ထပ်ကြပ်မကွာ
ရှိနေမှာပါ။ ကိုယ်ပိုင်ဘဲဆိုတာ အခြားမဟုတ်ပါဘူး။
"ဒါနပြုတာ ကိုယ်ပိုင်ဘဲတွေပါ။ သီလစောင့်တည်
ကျင့်သုံးတာဟာ ကိုယ်ပိုင်ဘဲတွေပါ။ဘာဝနာပွားများ
တာဟာ ကိုယ်ပိုင်ဘဲတွေပါ"။

ကိုယ်ပိုင်ဘဲဖြစ်တဲ့
"ဒါန၊သီလ၊ဘာဝနာ"ကုသိုလ်တရားများကို တန်ဖိုး
ထား အလေးထားပြီး ပြုလုပ်မှသာလျှင် ဒုက္ခတွေ
တစ်ဖြေးဖြေးနည်းပြီးတော့ နောက်ဆုံး ဒုက္ခခပ်သိမ်း
ချုပ်ငြိမ်းရာ နိဗ္ဗာန်ကို မျက်မှောက်ပြုကြရမှာဖြစ်
ပါတယ်။

ဒါမို့ကြောင့် ဓမ္မမိတ်ဆွေများ တောဘဲတွေ
ချည်း အချိန်ပြည့်ကျောင်းမနေပါနဲ့၊ တစ်ခါတလေ
ကိုယ်ပိုင်ဘဲတွေလည်း အချိန်လေးလုပြီး ကျောင်း
ကြပါလို့ သတိထားမိအောင် သတိပေးပြောကြား
လိုက်ပါတယ်။ ။

ခွင့်မတောင်းဘဲ(Share/Copy)လုပ်နိုင်သည်။

ဓမ္မစာပေများနှင့်ဗဟုသုတများတိုးပွားရာ