Wednesday, December 19, 2018

ကမ္ဘာပေါ်မှာတန်ခိုးအကြီးဆုံးဘုရား သင့်နှလုံးသားမှာရှိ


ကမ္ဘာပေါ်မှာတန်ခိုးအကြီးဆုံးဘုရား
သင့်နှလုံးသားမှာ ရှိပါသည်။
ဂုဏ်တော် ပွားသောအားဖြင့်
ကိုယ့်နှလုံးသားမှာ
ကိုယ့်အတွက်တော့ ကမ္ဘာပေါ်မှာ
တန်ခိုးအကြီးဆုံးဘုရားပါပဲ။
ပြင်ပမှာတည်ထားတဲ့ဘုရားတွေက
အလကားနေရင်း
အလိုအလျောက်ကိုယ့်ကိုလာပြီး
ကောင်းကျိုးမပေးနိုင်ပါဘူး။
ပြင်ပက တန်ခိုးကြီးဘုရားတွေကို
ဖူးမျှော်ပူဇော်တာဟာ
အဲဒီဘုရားတွေကို အာရုံပြုပြီး
ကိုယ့်နှလုံးသားမှာ ဘုရားတည်ဖို့
့အတွက်ပါပဲ။
ကိုယ့်နှလုံးသားမှာ ဘုရားပြောင်းမတည်ဘဲနဲ့တော့
ဘယ်တန်ခိုးကြီးဘုရားကမှ
ကိုယ့်ကိုမ, မစနိုင်ပါဘူး။
ဂုဏ်တော်တွေကို
တစ်ကြိမ်တစ်ခါလောက် ပွားရုံ
ုံအကြိမ်နည်းနည်းပွားရုံနဲ့လည်း
တစ်သက်စာ အားကိုးရလောက်အောင်
#နှလုံးသားထဲက_ဘုရားက
တန်ခိုး မကြီးသေးပါဘူး။
အကြိမ်ကြိမ် အထပ်ထပ် ပွားမှ
တန်ခိုးကြီးလာတာပါ။
ဆရာတော် အရှင်ဆန္ဒာဓိက
🙏🙏🙏
🙏ဓမ္မမိတ်​​ဆွေများ ​ကောင်းကျိုးတရား တိုးပွားကြပါ​စေ🙏
Share & Save & Copy.

No comments:

Post a Comment