Monday, December 31, 2018

🙏 မုန်းနေတဲ့လူကို ချစ်အောင်လုပ်နည်း 🙏


🙏 မုန်းနေတဲ့လူကို ချစ်အောင်လုပ်နည်း 🙏
 အများနဲ့ နေကြတဲ့အခါ ကိုယ့်ကိုလည်း သူမကြိုက်တာ ရှိကောင်းရှိလိမ့်မယ်။ သူ့ကိုလည်း ကိုယ်မကြိုက်တာ ရှိကောင်းရှိလိမ့်မယ်။
 မေတ္တာတရား ကင်းမဲ့စွာနဲ့ နေရာမြင်တိုင်း ဒေါသက ရှုးကနဲ ရှဲကနဲ ဖြစ်နေရင်တော့ ဘယ်သူမှ အနားကပ်မှာ မဟုတ်ဘူး။
 ဘယ်နေရာမဆို အကောင်းမြင်ဝါဒနဲ့ ကြည့်ပြီး မေတ္တာထားတတ်ရင် လောကကြီးဟာ ပျော်စရာတွေ၊ ကြည်နူးစရာတွေချည်း ဖြစ်လာမှာ။
 အချင်းချင်းလည်း မေတ္တာဓာတ်တွေ ပို့လွှတ်ကြ၊ လောကကြီးကိုလည်း မေတ္တာဓာတ်တွေ များများဖြန့်ဝေပေးကြ။
 ကိုယ့်ကို ဆန့်ကျင်ဘက် လုပ်တတ်တဲ့သူ၊ မလိုမုန်းတီးနေတဲ့သူတွေကို ချစ်ခင်လာအောင် လုပ်နည်းက မေတ္တာတစ်မျိုးပဲ ရှိတယ်။
 ကိုယ့်ကို မလိုမုန်းတီးသူတွေကို အကောင်းမြင်ဝါဒနဲ့ မြင်အောင်ကြည့်၊ ပြုံးကွက်ကို ပေါ်အောင်ဖော်၊ ချမ်းသာစေချင်တဲ့စိတ်နဲ့ လှိုက်လှိုက်လှဲလှဲ မေတ္တာဓာတ်တွေကို ပို့လွှတ်လိုက်ရင် မေတ္တာအရှိန်အဝါကြောင့် တစ်ဘက်သားမှာ စိတ်ထားတွေနူးညံ့ပြီး ကိုယ်ကို အကောင်းမြင်လာလိမ့်မယ်၊ ချစ်ခင်ကြည်နူးလာလိမ့်မယ်၊ ကြည်ဖြူလာလိမ့်မယ်။
(တိပိဋကယောဆရာတော်)

No comments:

Post a Comment