Sunday, December 23, 2018

ပဲ့ကိုင်သူ


ပဲ့ကိုင်သူ
•••••••••
မိမိသွားလိုသောနေရာကို မိမိစိတ်တိုင်းကျ ဟန်မူမပျက် ဣနြေ္ဒမပျက် သွားပါ။
သူတစ်ပါးခိုင်းမှ သွားရတာမျိုး
မဖြစ်စေရဘူး။
ကိုယ့်ဘဝရဲ့ပဲ့ကိုင်သူသည်
ကိုယ်သာ ဖြစ်စေရမယ်။
ကောင်းသောလမ်း မကောင်းသောလမ်း ကိုယ်သာ ရွေးချယ်ပိုင်ခွင့်ရှိရမယ်။
သူတစ်ပါးခိုင်းလို့ လုပ်ရတဲ့အလုပ်
တခဏ အားနာပါးနာလုပ်ပါ။
မိမိကိုယ်တိုင် စိတ်ပါလက်ပါ ကိုယ်ဘဝ တစ်လျှောက်လုံး ကောင်းစားဖို့နဲ့
သံသရာအတွက်ကတော့
မိမိသာလျှင် ပဲ့ကိုင်သူဖြစ်ပြီး
လက်ရှိဘဝကို အကောင်းဆုံးအဖြစ် ကြိုတင်ရွေးချယ်လိုက်ပါ။
တခဏအတွက် စိတ်လိုက်မာန်ပါ
မရွေးမိပါစေနဲ့။
ပစ္စုပ္ပန်သံသရာ နှစ်ဖက်မြင်သော
အတွေးအခေါ် အကြံအစည်ကို သတိ
ပြဋ္ဌာန်းသောဉာဏ်ဖြင့် ဆောင်ရွက်နိုင်ပါစေ။
မှန်ကန်တဲ့လမ်းကို လျှောက်သူများအတွက် အနှောက်အယှက် ရှိလာတဲ့အခါ…
"ဘာဘဲဖြစ်ဖြစ် ခဏလေးပါ " ဆိုတဲ့ ဆောင်ပုဒ်ကလေး သိပ်ခရီးပေါက်တယ်။
ဘယ်သူတွေ ဘာပဲပြောပြော ကိုယ်က စေတနာမှန် အလုပ်မှန် အကျင့်မှန်
နေမယ်ဆိုရင် …
"ဘာပဲဖြစ်ဖြစ် ခဏလေးပါ" ဟု
စိတ်ကိုဖြေချလိုက်။
မြောက်ဦးဆရာတော်
#Credit - Original Uploader
#Via - Paral Lel >>> thank

No comments:

Post a Comment