သာသနာက မဆုတ်ပါဘူး
------------------------------------
ဟိုးအရင်တုန်းက တရားလိုချင်သူတစ်ဦးဟာ
တရား ရှု့ မှတ်ဖို့ အတွက်ဆရာသမားကို
ကြိုးစားပမ်းစားလိုက်ရှာရတယ် တွေ့ တော့လည်း
သက်သက်လွတ်စား ပုတီးစိပ် ဆရာတော်တွေပဲများတယ်
အများစုက သမထ ချည်းပဲ ဝိပဿ နာတရားပြနိုင်
ကိုယ်တော်က မရှိသလောက်ရှားတယ်
ဝိပဿ နာတရားစခန်းဝင်ဖို့ က ရက်ပတ်တွေ
စောင့်ပြီးမှ ဝင်ရတယ်
ဓမ္မကထိက ကိုယ်တော်ဆိုလို့  ကြာနီကန်တစ်ပါး
လောက်ပဲတနိုင်ငံလုံးပတ်ဟောနေရတာ
တရားတခါနာဖို့ တောင်ခဲခဲယဉ်းယဉ်းရှိလှတယ်
အခုခေတ် များကြည့်စမ်းပါ
ရပ်ကွက်တိုင်းမှာတရားပွဲတွေပေါမှပေါ
တရားစခန်းဝင်ဖို့ ဆိုတာ ဘယ်အချိန်သွားဝင်ဝင်
ရိပ်သာတွေမှိုလိုပေါက်
ဘယ်ဆရာတော်တရားနာချင်လည်း အခွေတွေ
ပေါမှပေါ
အပြင်ကိုမသွားနိုင်တာတောင် ကိုယ့်အိမ်ထဲကနေ
ဒေါင်းလုတ်ဆွဲပြီးနာမလား
တရားနဲ့ ပတ်သတ်လို့ ဘာသိချင်လည်း
ကိုယ့်အိမ်ထဲကနေ လှမ်းမေးလို့ ရတယ်
အဲဒီလောက်ထိ နိဗ္ဗါန်အတွက်အထောက်အပံ့
ဖြစ်နေပါလျှက် ဘုန်းရှင်ကံရှင်တွေဖြစ်နေပါလျှက်
သာသနာတော်ကြီးဟာ ဆုတ်ယုတ်နေပြီလိုလို့ 
စွပ်စွဲတာဟာ သဘာဝမကျလှဘူး
ကိုယ်ကတော့ တရားမလိုချင်ပဲနဲ့ 
ဘုရားရှင်ရဲ့သာသနာတော်ကို အပြစ်ပုံချ
တာဟာ ဝမ်းနည်းစရာကောင်းလှပါတယ်
တကယ်တော့
abcd နေရာမှာ ဧဝံမေသုတံနဲ့ အစားထိုးကြည့်ပါလား
နယူးယောက် တို့  တိုကျိုတို့  ဆိုလ်းတို့ နေရာမှာ
ပါဋလိပုတ်တို သာဝတ္တိတို့  ဝေသာလီတို့ နဲ့ အစားထိုးကြည့်ပါလား
စိန်ဂေဟာတို့ ဂမုန်းပွင့်တို့ ကို စိတ်ဝင်စားသလိုမျိုး
ဇေတဝန်တို့  ပုဗ္ဗါရုံတို့ ကို စိတ်ဝင်စားကြည့်ပါလား
လီမင်းဟိုတို့ အွန်စောတို့ ဂျွန်စော တို့ ကို
အားကျသလိုမျိုး ဝိသာခါတို့ အနာထပိဏ်တို့ 
ခေမာတို့ ကို အားကျကြည့်ပါလား
ဒါဆိုရင် သာသနာတော်က ဆုတ်ယုတ်တာလား
လူတွေက ဆုတ်ယုတ်တာလားဆိုတာ
အဖြေပေါ်လိမ့်မယ်။
credit - ဦးမြင့်ခိုင်
No comments:
Post a Comment