Saturday, December 22, 2018

အသေမဦးခင် အသိဥာဏ် အရင်ဦးအောင် လုပ်ထားကြ


အသေမဦးခင် အသိဥာဏ် အရင်ဦးအောင် လုပ်ထားကြ
🍂🍂🍂🍂🍂🍂🍂🍂🍂🍂🍂🍂🍂🍂🍂🍂
နွားသတ်သမားက သတ်မဲ့နွားကို နွားသတ်ရုံဆီ
ဆွဲသွားတယ်..အဲ့ဒီ နွားက သားသတ်ရုံမရောက်ခင်
လမ်းခုလတ်မှာ အခြားနွားကိုတွေ့တော့." ဝပ်ထရိန်း ဝပ်ထရိန်း " နဲ့ တွန်သံပေးတယ် နောက် ဒေါတွေ မာန်တွေထပီး ဂျိုသွေး လိုက်သေးတယ်.ခွာများတောင် ယှက်တဲ့အခါ ယှက်လိုက်သေး.. အဲဒီ နွားက မကြာခင် နွားသတ်ရုံဆီ ရောက်လို့ သေရတော့မယ် လည်လှီးခံရတော့မယ် ဆိုတဲ့ အဖြစ်ဆိုးကို မသိရှာဘူး..
မသိလို့သာ တွန်နိုင် ဂျိုသွေးနိုင် ခွာယှက်နိုင်တာပါ။
ဒို့တကာတွေလည်း ဒီနည်းနဲ့ မခြားလှဘူးဆိုရင် မှားသလား? " ငါ့ ဘာအောက်မေ့လို့လဲ" ဆိုတာ တွန်သံပေးတာ..။ " ငါ့ အကြောင်းသိစေရမယ် ဘာမှတ်သလဲ" ဆိုတာ ဂျိုသွေးတာ..။
"တွယ်လိုက်ရ အုပ်ထဲ့လိုက်ရ မျိုးပြုတ်သွားမယ်' ဆိုတာ
ခွာယှက်တာဘဲ မဟုတ်လား?
နွားသတ်ရုံဆီ သွားတဲ့နွား လမ်းမှာ တွန်တုံး ဂျိုသွေးတုန်း
ခွာယှက်တုန်း ဆိုရင် တော်မလား စဉ်းစားကြ ။
တကာတို့ ဖြစ်စဉ်ကိုက် ပြောနေတာ ကြမ်းလှချည်လား
မအောက်မေ့နဲ့..
ကိုယ့်ဝမ်းထဲမှာ သေမင်းက အမြဲပါနေတာ အခုသေမလား
တော်ကြာနေ သေမလား မသိနိုင်ဘူး ဒါကြောင့် အသေမဦးခင် အသိဥာဏ် အရင်ဦးအောင် လုပ်ထားကြ။
{မိုးကုတ်ဆရာတော်ကြီး }

*ကံပစ်ချရာသတ္တဝါ ရောက်ကာနေရသည်။
*၃၁ ဘုံ သားသတ်ရုံ ပမာပုံတူသည်။
*သတ္တ၀ါ များ သတ်ခံနွား မခြားတူလေသည်။
*ဇရာတရား ဆွဲသမား သတ်သူထံပါးဆွဲနေသည်။
*မရဏတရားသတ်သမား ရောက်နွားအကုန်သတ်လေသည်။
*ယခုချိန်ဟာ ရုန်းထွက်ရာ ချိန်ခါကောင်းလေသည်။
*တရားဘာဝနာ ပွားများတာ ထွက်ခွာသွားတဲ့အလုပ်မည်။
(ဆရာတော်ဦးပုညာနန္ဒ)
Credit: Momeik Ashin
#PhyoeMayOo

No comments:

Post a Comment