👧 ပိုင်ရှင်မဲ့သော ဤခန္ဓာ 👧
ငါ၏ခန္ဓာ
လှစေရာရွေး
ခြယ်သပေးလည်း
သည်းသည်းလှုပ်လှုပ်..
ဤရုပ် ဤနာမ်
ဖေါက်ပြန် ပုတ်သိုး
အေကာင္မ် ဳိးဟု
မှတ်ရှုမမြင်
သူ့လျှင်ထက်ကဲ...
ငါလှမြဲသာ
ထင်မှားပါလျှက်
တဏှာပွက်သံ
ဘဂ်ညံမျှ...
အလှခြင်းပြိုင်
အတ္တတိုင်တက်
ပြင်ရန်ခက်စွ
အဇ္ဈတ္တမီး...
အလျှံငြီးတောက်
လှဂုဏ်မောက်ဆဲ
နိုင်ပွဲဗလာ
လက်ခါခါပင်...
ငါ့လျှင်ဘာမျှ
သယ်မရကြောင်း
ထပ်လောင်း လူ့ရွာ
အလယ်လာရောက်
အသိပျောက်မြဲပျောက်နေသည်.........❤
Credit - Khin Oo
No comments:
Post a Comment