Monday, December 31, 2018

`facebook​ပေါ် တက်မလာနဲ့ ´


`facebook​ပေါ် တက်မလာနဲ့ ´
----------------------
ငါကတော့ ကောင်းတာလုပ်တာပဲ
ဘယ်သူမှ မကောင်းပြောမှာမဟုတ်ဘူးလို့  မထင်နဲ့ 
ခုလိုအချိန်မျိုးမှာ သာသနာပြုသူ
တွေကို မကောင်းကြောင်းပြောဖို့ 
ထိုင်စောင့်နေတဲ့သူတွေ အများကြီးရှိနေတယ်
ဒါကတော့ ဘုရားဟောပဲ
ဘယ်သူမှ ငြင်းမှာမဟုတ်ဘူးလို့ 
ထင်ထားလား
မထင်ပါနဲ့  ဥာဏ်တထွာ တမိုက်နဲ့ 
ဘုရားဟောကို ဆန့် ကျင်ဖို့ 
စောင့်နေတဲ့ ကိုးကွယ်မှု့  မတူသူတွေနဲ့  ဘာသာအယူမရှိတဲ့သူတွေ
အများကြီးပဲ
ငါရေးထားတာကို လူအများလက်ခံ
သဘောကျတယ် ဆန့် ကျင်တဲ့သူ
ရှိမှာမဟုတ်ဘူး ဆိုပြီး မတွေးနဲ့ 
ဆန့် ကျင်ဘက် ပြောရမှ
ဆန့် ကျင်ဘက် ရေးရမှ
ထမင်းစားဝင်တဲ့ တဘက်ပိတ်တွေ
အများကြီးပဲ
မမြင်ရတဲ့ ကံ ကံ၏
အကျိုးအကြောင်း
သဘောတရားတွေ ၃၁ ဘုံသားတွေ အကြောင်း စတဲ့ သာမန်မျက်စိ
သာမာန်ဥာဏ်နဲ့  မမြင်နိုင်ပေမဲ့
ဘုရားရှင်ဟောကြားထားလို့ 
ယုံကြည်လက်ခံနိုင်လို့ 
ဘယ်သူမှ ငြင်းလိမ့်မယ်မထင်ဘူးလို့  ထင်နေလား
မထင်ပါနဲ့ အသည်းအသည်း
ငြင်းပြီး လှောင်ကြ ပြောင်ကြမဲ့
ကွန်မြူ နစ် တွေ အများကြီးပဲ
ဘယ်လို မှ ငြင်းလို့ လည်းမရ
ငြင်းစရလည်းမလို
လူအမျာစုလည်း လက်ခံနေလို့ 
ဘာမှ အပြောမခံရတော့ဘူးလို့ 
ထင်နေလား
မထင်ပါနဲ့ 
သတ်ပုံမှားတာတွေ ပုဂ္ဂိုလ်ရေး
ကိုးကွယ်တာတွေမတူညီတဲ့
အလိုဆိုးရှိတဲ့ သူတွေက
အပြစ်ပြော အမှားရှာဖို့ ထိုင်စောင်
နေကြတာတွေ ဒုနဲ့ ဒေး ရှိတယ်
အဲဒီတော့
သာသနာပြုတော့မယ်ဆိုရင်
ဒီသဘောတရားတွေကို
နောကျေအောင်
လေ့လာထားဖို့  လိုအပ်ပါတယ်
ဒီသဘောတွေကို နားမလည်ပဲ
fb ပေါ်တက်မလာနဲ့ 
ရန်ဖြစ်နေရတာနဲ့ ကို
အချိန်က မလောက်ဘူး
Credit :ဦးမြင့်ခိုင်
ဓမ္မဒါန ပူ​ဇော်​ပါသည်
https://www.facebook.com/soewin.kyaw.733076

No comments:

Post a Comment