Sunday, December 23, 2018

ငါးရံ့မင်းပရိတ် ဓမ္မဒါနပြုလိုက်ပါတယ်။


ငါးရံ့မင်းပရိတ် ဓမ္မဒါနပြုလိုက်ပါတယ်။
~~~~~~~~~~~~~~~~~~~~~~
၁။''ပုနာပရံ ယဒါ ဟောမိ၊ မစ္ဆရာဇာ မဟာသရေ။
ဥဏှေ သူရိယသန္တာပေ၊ သရေ ဥဒက ခီယထ။
၂။ ''တတော ကာကာ စ ဂိဇ္ဈာ စ၊ ကင်္ကာ ကုလလသေနကာ။
ဘက္ခယန္တိ ဒိဝါရတ္တိံ၊ မစ္ဆေ ဥပနိသီဒိယ။
၃။ ''ဧဝံ စိန္တေသဟံ တတ္ထ၊ သဟ ဉာတီဟိ ပီဠိတော။
'ကေန နု ခေါ ဥပါယေန၊ ဉာတီ ဒုက္ခာ ပမောစယေ'။
၎။ ''ဝိစိန္တယိတွာ ဓမ္မတ္ထံ၊ သစ္စံ အဒ္ဒသ ပဿယံ။
သစ္စေ ဌတွာ ပမောစေသိံ၊ ဉာတီနံ တံ အတိက္ခယံ။
၅။ ''အနုဿရိတွာ သတံ ဓမ္မံ၊ ပရမတ္ထံ ဝိစိန္တယံ။
အကာသိံ သစ္စကိရိယံ၊ ယံ လောကေ ဓုဝသဿတံ။
၆။ '''ယတော သရာမိ အတ္တာနံ၊ ယတော ပတ္တောသ္မိ ဝိညုတံ။
နာဘိဇာနာမိ သဉ္စိစ္စ၊ ဧကပါဏမ္ပိ ဟိံသိတံ။
၇။ '''ဧတေန သစ္စဝဇ္ဇေန၊ ပဇ္ဇုန္နော အဘိဝဿတု။
အဘိတ္ထနယ ပဇ္ဇုန္န၊ နိဓိံ ကာကဿ နာသယ။
ကာကံ သောကာယ ရန္ဓေဟိ၊ မစ္ဆေ သောကာ ပမောစယ'။
၈။ ''သဟ ကတေ သစ္စဝရေ၊ ပဇ္ဇုန္နော အဘိဂဇ္ဇိယ။
ထလံ နိန္နဉ္စ ပူရေန္တော၊ ခဏေန အဘိဝဿထ။
၉။ ''ဧဝရူပံ သစ္စဝရံ၊ ကတွာ ဝီရိယမုတ္တမံ။
ဝဿာပေသိံ မဟာမေဃံ၊ သစ္စတေဇဗလဿိတော။
သစ္စေန မေ သမော နတ္ထိ၊ ဧသာ မေ သစ္စပါရမီ''။
ရွတ်ဖတ်ပူဇော်လိုသူများအတွက် ငါးရံ့မင်းပရိတ် ဓမ္မဒါနပြုလိုက်ပါတယ်။
ယင်းငါးရံ့မင်းပရိတ်ကို နေ့စဉ်ရွတ်ဖတ်ပူဇော်ပါက မိုးကိုရွာသွန်းစေနိုင်ကြောင်း
မိုးတွင်းကာလ မဟုတ်၍ မိုးမရွာသည့်တိုင် အလွန်ပူလောင် ပြင်းပြသောရာသီတွင်
ရွတ်ဖတ်ပူဇော်ပါက အပူရှိန်လျော့ပါးပြီး အပူဒဏ်ကြောင့် ဖြစ်သော ရောဂါများ
ကင်းစေနိုင်ကြောင်း ယုံကြည်ကြသည်။
ငါးရံ့မင်းပရိတ်တော်ဖြစ်စဉ် ၀တ္ထု
ဘုရားအလောင်းတော်နုစဉ် ငါးရံ့မင်း ဖြစ်စဉ်က တစ်ခုသော နွေရာသီတွင် မိုး အလွန်ခေါင်လှသဖြင့် ရေကန်တွင်းရှိ ရေများခန်းခြောက်သည်ထက် ခန်းခြောက်ပြီး ငါး၊ လိပ်၊ သတ္တ၀ါများမှာ ရေထဲတွင် မကူးခပ်နိုင်၊ မလူပ်ရှားနိုင်ဘဲ ရေပေါ်သို့ ပေါ်လာလေသည်။
ထိုပေါ်လာသော လိပ်၊ ငါး၊ ဖား စသော ရေနေသတ္တ၀ါတို့ကို ကျီး၊ စွန်များနှင့် လင်းတများက လာရောက် ထိုးသုတ် ဆယ်ယူ စားသောက်ခြင်းကို ခံကြရလေတော့သည်။
ထိုအဖြစ်ကိုမြင်ရသော အလောင်းတော် ငါးရံ့မင်းမှာ မိမိ၏ အမျိုးအဆွေ ရေနေသတ္တ၀ါများကို ကြာမျိုးငါးပါးနှင့် ပြည့်စုံစွာ သာယာအေးမြ ရေပေါလှသော ကန်ကြီးတို့ကို ရှာဖွေ ရွှေ့ပြောင်းပေးချင်လှသော စိတ်ဆန္ဒပြင်းပြ သော်လည်း လူသတ္တ၀ါများကဲ့သို့ စွမ်းနိုင်သောဘ၀ မဟုတ်သဖြင့် များစွာပင် စိတ်ဒုက္ခရောက်၍ နေရရှာလေတော့သည်။
ကြာလေ ရေခန်းလေ အဖြစ်ဆိုးလေ ဆိုရမည့် ဒုက္ခကို မရူရက် မမြင်ရက်သည့် အဆုံးတွင် -
“သိတတ်သည့်အရွယ်မှစ၍ ယနေ့ထိ သူတစ်ပါး၏ အသက်ကို သေစေလိုသော စိတ်ဖြင့် စားမျိုခဲ့ခြင်း မရှိပါ။ ဤမှန်ကန်သော သစ္စာစကားဖြင့် မိုးများရွာသွန်းပါလော့” ဟု သစ္စာပြုလိုက်တော့သည်။
ထိုသို့ သစ္စာပြုလိုက်သည်နှင့် တစ်ပြိုင်နက် ပူပြင်းလှသည့် နေမင်းကြီး အရှိန်ကွယ်ပျောက်ကာ ကောင်းကင် တစ်ပြင်လုံး အုံ့မိုင်း ညိုမည်း လျှပ်စီးရောင်ဝင်းကာ ပြင်းစွာ ထစ်ချုန်း သည်းစွာသော မိုးကြီး ရွာချလိုက်လေတော့သတည်း။
ထိုအချိန်မှစ၍ ငါးရံ့မင်းပရိတ် (ခေါ်) မစ္ဆသုတ်တော် ဖြစ်ပေါ် ရွတ်ဆိုပွားများခဲ့ကြပါသတည်း။

No comments:

Post a Comment