လောဘအကြောင်း သိကောင်းစရာ
=====================
#လိုချင်မှုဒေါသသည် လောဘတည်း။
"လိုချင်" ဆိုသော်လည်း ကာမဂုဏ်ဆိုင်ရာ လိုချင်မှုမျိုးသည်သာ လောဘဖြစ်သည်။
နိဗ္ဗာန်လိုချင်မှု၊ တရားကို လိုချင်မှု၊ စာပေတတ်ချင်မှု၊ ဆင်းရဲသူများကို ပေးကမ်းလိုရ၍ ပစ္စည်းဥစ္စာလိုချင်မှု စသော ကောင်းသောအရာ လိုချင်မှုမျိုးကား၊ လောဘမဟုတ်။ ဆန္ဒသဘောသာ ဖြစ်သည်။
လောဘ၏အခြားအမည်များ
=================
#ဤလောဘကို"ပေမ" ဟုလည်းကောင်း၊ "တဏှာ" ဟုလည်းကောင်း၊ "ရာဂ" ဟုလည်းကောင်း၊ "သမုဒယ"ဟုလည်းကောင်း အမျိုးမျိုး နာမည်တပ်၍ ပြောဆိုသုံးနှုန်းကြသည်။
သစ္စာလေးပါး ခွဲခြားခန်း၌ကား ဤလောဘကို 'သမုဒယ'
ဟုသုံးပြန်သည်။ သမုဒယဟူသော စကား၌ 'ဒုက္ခဖြစ်
ကြောင်း ဒုက္ခလောင်း' ဟု အဓိပ္ပာယ် ရသည်။ ပြခဲ့
သော 'ပေမ တဏှာ ရာဂ' ဟု ခေါ်ဆိုရသည့် လောဘနှင့်
မကင်းနိုင်သောကြောင့် သံသရာ၌ ဆင်းရဲဒုက္ခနှင့် ယှဉ်တွဲပြီးတဝဲလည်လည် နေကြရသည်။ ယခုအခါ သူ
သူ ငါငါ တွေ့နေရသော ဒုက္ခကြီးငယ် အသွယ်သွယ်
သည် ဤတဏှာ လောဘ သမုဒယကြောင့် ဖြစ်ရကား
လောဘကြီးလျှင် ဒုက္ခကြီး၏ လောဘငယ်လျှင် ဒုက္ခ
ငယ်၏။ လောဘမရှိ ဒုက္ခမရှိတော့ပြီဟု ဆိုလိုသည်။
ဤလောဘနှင့်အတူ ဖြစ်ရသော စိတ်ကို 'လောဘစိတ်
တဏှာစိတ် ရာဂစိတ် သံယောဇဉ်စိတ်' ဟုခေါ်၍ လူ
ကိုလည်း 'လောဘကြီးသူ တဏှာကြီးသူ ရာဂကြီးသူ
သံယောဇဉ်ကြီးသူ' ဟုခေါ်၏။
#သစ္စာရှင်
မြတ်ဗုဒ္ဓ၏သာသနာpageတင်ဆက်သည
လောဘသတ်နိုင်သူများဖြစ်ကြပါ
No comments:
Post a Comment