Friday, December 28, 2018

နှလုံးသားလှချိန်လေး


နှလုံးသားလှချိန်လေး
------------------
နှလုံးသား လှချိန်ဆိုတာ ဘယ်အချိန်လည်းလို့  လူတွေရဲ့  စိတ်ထဲ ဇဝေဇဝါ ပဟေဠိတွေနဲ့  သို့ လော သို့ လော
ဖြစ်နေကြမှာပဲလေ--။
ဖြစ်စရာအကြောင်းတွေလည်း အများကြီးဆိုတော့ ဖြစ်နိုင်တာပေါ့--။
တချို့  ဒကာလေးတွေကို မေးကြည့်လိုက်တယ် တကာလေး
နှလုံးသား လှချိန်ဆိုတာ ဘယ်အချိန်လို့ 
ထင်ပါသလဲလို့ မေးကြည့်လိုက်တော့--။
ဘုန်းသလ္လာရေ နှလုံးသား လှချိန်ဆိုတာ
ကိုယ်ချစ်တဲ့ သူကို သတိရတဲ့ အချိန်
ဖြစ်နိုင်ပါတယ် ဘုရား-----၊
ဟာ ဒကာလေး ဒီလိုဆိုရင် ကိုယ်မုန်းတဲ့သူကို
သတိရတဲ့ အချိန်ဆိုရင်ကော ဘယ်လိုပြောမလဲ ၊ နှလုံး မလှတော့ဘူးပေါ့''
မှန်ပါ့ အရှင်ဘုရား ဒါလဲ ဟုတ်နေပြန်တာပေါ့တဲ့''
ဒီနေရာ မှာ ဘုန်းသလ္လာတင်ပြခြင်တာကတော့ ထေရာအပါဒါန်မှာလာတဲ့
နှလုံးသားလှတဲ့ အကြောင်းလေး တင်ပြလိုက်ချင်ပါတယ် -----။
နှလုံးသားလှတဲ့ အချိန်ဆိုတာလေးကိုပဲ
ဦးတည်ပြီး ပြောချင်ပါတယ်
ဓမ္မရုစိဆိုတာ
တရားကို နှစ်သက်တဲ့ပုဂ္ဂိုလ်ပေါ့။
နှလုံးသား ဘယ်အခိျန်တွေ လှသလဲ----?
မကောင်းမူ မှန်သမျှကို
စက်ဆုပ်တယ်
ကိုယ်ဖြင့် အကုသိုလ်အလုပ်ကို မလုပ်ဘူး
လုပ်ရမှာကို စက်ဆုပ်တယ်၊
ပါးစပ်ဖြင့် မကောင်းတဲ့စကားတွေမပြောဘူး
ပြောရမှာကိုလည်း စက်ဆုပ်တယ်၊
စိတ်နဲ့  မကောင်းတဲ့ အတွေးတွေ အကြံစည်တွေ မကောင်းတဲ့ သဘောတရားတွေ မတွေဘူး မကြံစည်ဘူး မစဉ်းစားဘူး ''
မကောင်းတဲ့ အကြံအစည် တွေ ကြံရာမှာ
စက်ဆုပ်တယ် ။
ဒီတော့
ကောင်းတဲ့ အကြံစည်ပဲ သူကြံတော့မယ် ။ ကောင်းတဲ့ စကားပဲ ပြောတော့မယ်။ကောင်းတဲ့ အမူပဲ
သူလုပ်တော့တယ်
ဒါဆိုလို့ ရှိရင် နှလုံးသား လှချိန်လေးဆိုတာ
အဲဒီအခိျန်လေးပေါ့ ---။
ခု ဦးဇင်းတို့  နှလုံးသားတွေ လှချင်တယ်ဆိုရင် ဘယ်လို လုပ်ကြမလဲ-?
ဘုရား အဆုံးအမ တရားအဆုံးအမ
တရားတွေနဲ့ နေမယ်ဆိုရင်
နှလုံးသားက လှနေမှာပါ။
မေတ္တာ ဗြဟ္မစိုရ်တရားတွေ ပွါးများ အားထုတ်နေမယ်ဆိုရင် နှလုံးသားတွေ
လှနေပါ့မယ် အဲဒါကိုပဲ နှလုံးသား လှတယ်လို့  ခေါ်ဆိုကြတာပဲ မဟုတ်လား။
စိတ်ထားလှနေတယ်ဆိုတာ
သူတစ်ပါးကို
ဒါန လှူချင်တယ်၊ စာဂ စွန့် ကြဲချင်တယ်၊
နောက်ပြီးတော့ သူတစ်ပါးအပေါ် မေတ္တာစိတ် ထားတယ် ကရုဏာပွါးတယ်
မုဒိတာလည်း ပွါးတယ် ဥပေက္ခာလည်း ပွါးတယ်ပေါ့ ---။
ဆင်းရဲတဲ့သူတွေကို မြင်ရင် သနားတယ်
ကရုဏာဖြစ်တယ် သူတစ်ပါးချမ်းသာတာကို
ဝမ်းသာနိုင်တယ် မုဒိတာ ဖြစ်တယ်
အဲဒီလို ဆိုလို့ ရှိရင် အဲဒီပုဂ္ဂိုလ်ရဲ့  နှလုံးသားဟာ လှတယ်လို့  ဓမ္မမိတ်ဆွေတို့ 
မှတ်ယူလိုက်ပါ---။
ဒါကြောင့်
ခုတော့ ဓမ္မမိတ်ဆွေတို့ လည်း နှလုံးသား လှချိန်လေး လေး ဆိုတာ
ဘယ်အချိန်လှသလဲ ဆိုတာတွေ သိရှိသွားကြတယ်ဆိုတော့
နှလုံးသားလှအောင် ပြင်နိုင်ကြပါစေ လို့ 
ဆန္ဒပြုလိုက်ပါရစေလား ဓမ္မမိတ်ဆွေ
---------------------------
သလ္လာမြေအရှင်

No comments:

Post a Comment