Friday, December 21, 2018

" သေနည်း( နှစ်မျိုး ) "


" သေနည်း( နှစ်မျိုး ) "
••••••••••••••••••••••••
သတ္တဝါ မှန်သမျှဟာ "သေမိန် "့ကျပြီသားသူတွေချည်း ပါ။ သေမိန့် ကျသူအချင်းချင်း မသေခင်သိသင့်သိထိုက်သော "မိုးကုတ်ဆရာတော် ဘုရားကြီး "ဟောကြားတဲ့ "သေနည်း နှစ်မျိုး" အကြောင်း ဓမ္မဒါန ပြုပါသည်။
(ခန္ဓာ-၅ပါးတစ်ဦး)
••••••••••••••••••••••••••••••••
"ဇာဏုသောနိပုဏ္ဏားကြီး"က ဘုရားရှင် ထံ လာရောက် ၍ လျှောက်ထားသည်မှာ ....
"အရှင်ဘုရား ... လောကကြီးထဲမှာ သေရမှာ မကြောက်တဲ့သူရယ် လို့ မရှိပါဘူး ၊ ကြောက်တဲ့သူချည်းပါပဲ ဘုရား "
" ပုဏ္ဏားကြီး ... ဒီလို တစ်ထစ်ချ မယူလိုက်နဲ့ ၊ သေရမှာ ကြောက်တဲ့သူ လဲ ရှိတယ် ၊ မကြောက်တဲ့သူ လဲ ရှိတယ် ၊ ကြောက်တဲ့သူ "လေးမျိုး" နှင့် မကြောက်တဲ့ သူ "လေးမျိုး" ရှိတယ် " လို့ မိန့်တော်မူပြီး ရှင်းပြတော်မူ ပါတယ် ။
သေရမှာကြောက်တဲ့သူ ပုဂ္ဂိုလ်"လေးမျိုး"မှာ ......
၁ ။ အချို့ပုဂ္ဂိုလ်တို့ဟာ သားသမီး နဲ့ စီးပွားဥစ္စာ ငါးဖြာအာရုံ ကာမဂုဏ်တို့ ၌ တွယ်တာမှု မကင်းသေး ၊ ထိုပုဂ္ဂိုလ်တို့ သန္တာန် မှာ ရောဂါဝေဒနာ တစ်ခုခု ရောက်လာလျှင် " စည်းစိမ်ဥစ္စာတွေ , သားသမီးတွေက ငါ့ကို စွန့်တော့မယ် ၊ ငါကလဲ စည်းစိမ်တွေနဲ့သားသမီးတွေကို စွန့်ရတော့မယ် " လို့ တွေးပြီး စိုးရိမ်ပူဆွေး ငိုကြွေးလျက် ပင်ပန်းဆင်းရဲစွာ ခံစားကြရတယ် ၊ ဤပုဂ္ဂိုလ်မျိုးက သေရမှာ ကြောက်ကြသည် ။
( ငါးဖြာအာရုံ ကာမဂုဏ် တို့ကို မစွန့်နိုင်သူ တစ်ယောက် )
၂ ။ နောက်တစ်ယောက် မှာ မိမိခန္ဓာကိုယ်ပေါ်၌ တွယ်တာမှု မကင်းသေး ၊ ထိုပုဂ္ဂိုလ်တို့ သန္တာန်မှာ ရောဂါဝေဒနာ တစ်ခုခု ရောက်လာလျှင် " ချစ်လှစွာသော ငါ့ခန္ဓာကိုက ငါ့ကိုစွန့်တော့မယ် ၊ ငါကလဲ သူ့ကို စွန့်ရတော့မယ် ၊ ဒီဘဝကနေ ထွက်သွားရတော့မယ် " လို့ တွေးပြီး စိုးရိမ်ပူဆွေး ငိုကြွေးလျက် ပင်ပန်းဆင်းရဲစွာ ခံစားကြရတယ် ၊ ဤပုဂ္ဂိုလ်မျိုးကလည်း သေရမှာ ကြောက်ကြသည် ။( မိမိခန္ဓာကိုယ် နှင့် လက်ရှိဘဝကို ခင်တွယ်နေတဲ့ ပုဂ္ဂိုလ် တစ်ယောက် )
၃ ။ နောက်တစ်ယောက်ကား ကုသိုလ်ကောင်းမှုတွေ မပြုရသေး ၊ အကုသိုလ်တွေတော့ ပြုမိလျက်သား ဖြစ်နေပြီ ၊ ထိုပုဂ္ဂိုလ်ရဲ့ သန္တာန်မှာ ရောဂါဝေဒနာ တစ်ခုခု ကပ်ရောက်လာလျှင် " ငါ့မှာ ကုသိုလ်ကောင်းမှုရယ်လို့ မရှိသေး ၊ အကုသိုလ်တွေတော့ ပြုမိထားခဲ့ပြီ ၊ ငါ့ရဲ့ နောက်ဘဝအတွက် လားရောက်ရာ မကောင်းနိုင်တော့ပါလား " လို့ တွေးပြီး စိုးရိမ်ပူဆွေး ငိုကြွေးလျက် ဆင်းရဲပင်ပန်းစွာ ခံစားကြရတယ်။ဤပုဂ္ဂိုလ်မျိုးကလည်း သေရမှာ ကြောက်ကြသည် ။
( အကုသိုလ်တွေ များနေတဲ့ ပုဂ္ဂိုလ် တစ်ယောက် )
၎ ။ နောက်တစ်ယောက်ကား အကြောင်း နဲ့ အကျိုးဧ။် ဖြစ်ခြင်းချုပ်ခြင်း ကို နားမလည် ၊ တရားဓမ္မ သဘာဝတွေကို သဘောမပေါက် ၊ တရားတော် ၌ ယုံမှားသံသယ(ဝိစိကိစ္ဆာ) ဖြစ်လျက်ရှိ၏။ ထိုပုဂ္ဂိုလ်ရဲ့ သန္တာန်မှာ ရောဂါဝေဒနာ တစ်ခုခု ရောက်လာလျှင် " ငါ့ မှာ တရားကိုလည်း နှလုံးမသွင်းနိုင် ၊ တရားတော်ကို ယုံမှားသံသယ ရှိခဲ့ပြီ ၊ ငါ့ဘဝကား အကျိုးမဲ့ ဖြစ်ခဲ့ရပြီ " လို့ တွေးပြီး စိုးရိမ်ပူဆွေး ငိုကြွေးလျက် ဆင်းရဲပင်ပန်းစွာ ခံစားကြရတယ် ။ ဤပုဂ္ဂိုလ်မျိုးကလည်း သေရမှာ ကြောက်ကြသည် ။
( တရားဓမ္မ သဘာဝတွေကို လေ့လာလိုက်နာမှုမရှိ တရားတော်ကို လျစ်လျူရှုနေသူ တစ်ယောက် )။
ဤသည်တို့ကား သေရမှာ ကြောက်တဲ့သူ ပုဂ္ဂိုလ် လေးမျိုး ဖြစ်ပါတယ် ။
" သေရမှာ မကြောက်တဲ့"သူ ပုဂ္ဂိုလ်လေးမျိုး ကတော့....
၁ ။ ငါးဖြာအာရုံ ကာမဂုဏ်တို့၌ တွယ်တာမှုကင်းနေသူ ဖြစ်သည် ၊ အနိစ္စ (မမြဲ), ဒုက္ခ (ဆင်းရဲ), အနတ္တ (အစိုးမရ)လက္ခဏာတို့ကို သုံးသပ်ရှုမြင်တတ်သူ ဖြစ်သည် ၊ ထိုပုဂ္ဂိုလ်တို့ သန္တာန်မှာ ရောဂါဝေဒနာ တစ်ခုခု ကပ်ရောက်လာသော် မည်သည့်အရာ မည်သည့်သူကိုမျှ စွဲလန်းခြင်းမရှိ ၊ ထို့ကြောင့် မည်သည့်ပူပန်စိုးရိမ်မှုမျှမဖြစ်၊ ထိုပုဂ္ဂိုလ်တို့က သေရမှာ မကြောက်ကြ ပါဘူး။
( လောကသဘာဝ ဖြစ်ပျက်နေမှုတို့ကို နားလည်လက်ခံထားသော ပုဂ္ဂိုလ်တစ်ယောက် )
၂ ။ ခန္ဓာကိုယ်ပေါ်၌ တွယ်တာမှု ကင်းနေသူဖြစ်ဧ။် ၊ ခန္ဓာရရှိထားခြင်းဧ။် ဆင်းရဲခြင်းတို့ကို ကောင်းစွာအမှန် နားလည်ထားသောသူဖြစ်သည် ၊ ထိုပုဂ္ဂိုလ်တို့ သန္တာန်မှာရောဂါဝေဒနာ တစ်ခုခု ကပ်ရောက်လာသော် မည်သည့် စိုးရိမ်ပူပန်မှုမျှ မဖြစ်တော့ဘဲ သေခြင်းကို ရဲရင့်စွာ ရင်ဆိုင်နိုင်ပေသည် ၊ ထိုပုဂ္ဂိုလ်တို့က သေရမှာ မကြောက်ကြ ပါ။( မိမိဧ။် ခန္ဓာကိုယ် အပြစ်တွေကို အမြဲ ဆင်ခြင်နေသော ပုဂ္ဂိုလ် တစ်ယောက် )
၃ ။ အကုသိုလ်တွေ နည်းပါ၍ ၊ ကုသိုလ်အမှုတွေ များစွာပြုထားသူလည်းဖြစ်သည် ၊ အကုသိုလ် နှင့် ကုသိုလ်တို့ဧ။် အကျိုး အပြစ်တွေကို နားလည်လက်ခံထားပြီး ၊ မိမိတွင်ဖြစ်ပေါ်လာမည့် ကုသိုလ် အကျိုးတွေ ကို သိရှိထားသူဖြစ်သည် ၊ ထိုပုဂ္ဂိုလ်တို့ သန္တာန်မှာ ရောဂါဝေဒနာ တစ်ခုခု ကပ်ရောက်လာသော် ထိုသူတို့သည် သုဂတိ ဘဝတွေ နှင့် နိဗ္ဗာန် သဘာဝတွေကို မြင်ထားသောကြောင့် သေရမှာကိုမကြောက်ကြပါဘူး ။
( ကုသိုလ်ကောင်းမှုများကို အစဉ်အမြဲ အမှတ်ထား၍ပြုမူနေသူ ပုဂ္ဂိုလ်တစ်ယောက် )
၎ ။ တရားဓမ္မ သဘာဝတွေကို လေ့လာနားလည်ထားပြီး ၊ အကြောင်း အကျိုး ဖြစ်ပျက်မှုကို သဘောပေါက် လက်ခံထားသူ ဖြစ်သည် ၊ လက္ခဏာရေးသုံးပါးတင်၍ ဝိပဿနာ ဘာဝနာ ဖြင့် ရင်းနှီးလေ့ကျင့်နေသူလည်း ဖြစ်သည် ၊ ထိုပုဂ္ဂိုလ်တို့ သန္တာန်၌ ရောဂါဝေဒနာ တစ်ခုခု ကပ်ရောက်လာသော် ၊ ဝေဒနာကိုသော်လည်ကောင်း ၊ ရုပ်နာမ်သဘာဝ ဖြစ်ပျက်သဘော ကို သော်လည်းကောင်း သတိပညာ အသိဥာဏ် တို့ဖြင့် ရှုမှတ်ပွားများနေနိုင်ပြီး သေခြင်းကို အမှုမထား သက်သာချမ်းသာစွာဖြင့် သေမည့်ဘေး အရေးမလုပ် ၊ သေရမှာကို မကြောက်ပေ ။
(တရားဓမ္မကို ရိုသေစွာ ယုံကြည်ပြီး သတိပညာဖြင့် အစဉ်အမြဲ အားထုတ်နေသူ ပုဂ္ဂိုလ်တစ်ယောက် )
ဤသည်တို့ကား သေရမှာ "မကြောက်တဲ့သူ" ပုဂ္ဂိုလ်လေးမျိုးဖြစ်ဧ။် ။
ဤသို့ ပုဂ္ဂိုလ် (၈) မျိုး ရှိရာတွင်...
ရှေ့လေးမျိုးကား သေခါနီးမှာ စိုးရိမ်ထိတ်လန့် တုန်လှုပ်ခြောက်ခြားပြီး သေရ၍ အဆင်မပြေကြဘဲ သေရသည့်အတွက် " မဲ့ သေ " ဟု ဆိုရ၏ ။
နောက်ပုဂ္ဂိုလ် လေးမျိုးကား သေလျှင် သုဂတိဘဝ သို့ လားရောက်ရမည် (သို့မဟုတ်) နိဗ္ဗာန်ကို မျက်မှောက်ပြုနိုင်မည်ကို အတတ်သိမြင်ထားသောကြောင့် သေရမှာကို မကြောက်ကြ ပြုံး၍ပင် အသင့်စောင့်နေကြသေး၏။ ထို့ကြောင့် ထိုပုဂ္ဂိုလ်များသေလျှင် " ပြုံးသေ" ဟု ဆိုရ၏။
ထိုမျှ မကသေး "မျက်စိ ၊ နား ၊ နှာခေါင်း၊ လျှာ ၊ ကိုယ် ၊ ဣနြေ္ဒတွေ ပါ ကြည်လင်နေတတ်ကြ၏။ ပျော့ပျောင်းနေတတ်ကြ၏။အများအားဖြင့် "ဦးခေါင်းကလည်း ညာဘက် သို့ စောင်း၍နေတတ် "ပါတယ်..တဲ့။
သို့ဖြစ်၍ "ညာစောင်း ပြီး ပြုံး သေ " သေနိုင်အောင် အစဉ်ထာဝရ ဝိပဿနာ ဘာဝနာကို လက်ကိုင်ပြုလျက် မမေ့မလျော့ သတိတရားဖြင့် နေနိုင်အောင် ကြိုးစားဆောင်ရွက်သင့်ကြောင်းတင်ပြယင်း ကုသိုလ်ပြုပါသည် ။
(သာဓု၊သာဓု၊သာဓု)
••••••••••••••••••••••••••••••
*** မိုးကုတ်ဆရာတော် ဘုရားကြီး ၏ တရားတော် မှ ထုတ်နှုတ်ပူဇော် ဖေါ်ပြထားပါသည် ။ ( အင်္ဂုတ္တရ ၊ စတုက္ကပါဠိ ၊ ၄၉၃ ) ။
ကိုးကား (http://www.dhammaransi.com/index.php…)

No comments:

Post a Comment