Sunday, December 23, 2018

မုန်းသူကို ချစ်အောင်လုပ်နည်း


မုန်းသူကို ချစ်အောင်လုပ်နည်း

+++++++++++++++++++++

ဤတွင် နည်းပေးပါမည်။
ဥပမာ- ဘာအကြောင်းကြောင့်ဖြစ်စေ တစ်စုံ
တစ်ယောက်သောသူက မိမိကို ရန်မူလာလျှင်၊ ရန်သူလို
သဘောထားနေလျှင်၊ တိုက်ခိုက်နေလျှင်၊ ထိုရန်လုပ်နေ
သူကို သနားစိတ်ထားရမည်၊ ထိုရန်လုပ်နေသူအပေါ်
စိတ်အာရုံညွတ်၍

“သူဟာ ငါ့ကို ရန်လုပ်နေရတာ ချမ်းသာမှာမဟုတ်ဘူး၊
စိတ်နှလုံး ပူဆာနေရှာမှာ၊အမှန် သနားလိုက်တယ်။

ဒီတော့ ငါဘာလုပ်မလဲ။
ဒေါသဆိုသည် ကြီးစွာသော စိတ်မီးတည်း၊ မေတ္တာ
သည် အားကောင်းသော ရေတည်း၊ သူက ရန်မူနေ
လျှင် ငါက မေတ္တာဖြင့် ခုခံကာကွယ်ရမယ်၊

ဒေါသမီးတောက်ကို အဟုန်ပြင်းစွာ မလောင်
အောင် အေးသောမေတ္တာရေဖြင့် ဆီးတား ကာကွယ်
ရမယ်၊ မီးကို ရေဖြင့်ငြိမ်းသတ်၍ အောင်မြင်စေနိုင်သည်
မဟုတ်လား ဟူ၍ မှန်သောအသိဉာဏ် နှလုံးသွင်းရမည်။

“သူသည် မမြဲသော သတ္တဝါတစ်ဦးသာတည်း၊
ငါလည်း မမြဲသော သတ္တဝါတစ်ဦးသာတည်း၊တစ်နေ့
သောအခါ သေသွားကြရမည့် သူချည်းသာတည်း။

လူ့ဘဝ ခဏတာမျှ ရပ်တည်နေကြရသူအချင်းချင်း
သူက ဒေါသထားသော်လည်း ငါက မခံချင်
စိတ် မာန၊ လောင်ကျွမ်းစေသော ဒေါသ ထားရန်မလို။

အမှန်မှာ သနားထိုက်သော သူတစ်ယောက်သာ
ထိုက်သော သတ္တဝါအဖြစ် ပိုင်နိုင်စွာ မြင်အောင်ကြည့်ပါ၊

မြင်လာလျှင် မိမိဘက်က နူးညံ့သော ကရုဏာစိတ်
ဝင်လာပြီမှတ်ပါ။
ကြည်လင်သော ကရုဏာစိတ် ဝင်စေပြီးသော
နောက်မှကပ်၍ မေတ္တာစိတ် ဝင်လာစေရမည်။

မေတ္တာစိတ် သိသာအောင် စိမ့်ဝင်လာပြီးဖြစ်လျှင်
ထိုစိတ်ကို လက်မလွတ်စေဘဲ တကယ်ချမ်းသာစေလို
သော စေတနာဖြင့် မြဲမြံစွာ စူးစိုက်ထားပြီး လှိုက်လှိုက်
လှဲလှဲ မေတ္တာပို့နေပါ။

အချိန်ကြာကြာကြီး အစဉ်တစိုက် မလုပ်စေဦးတော့
မေတ္တာပို့လွှတ်ပေးနေဆဲ အချိန်ပိုင်းကာလတွင် လှိုက်
လှဲသော စေတနာထက်သန်မှု ရှိဖို့ အဓိကဖြစ်၏။

ထက်သန်မှုရှိမှထက်သန်မှုအားကောင်းမှ မေတ္တာတန်ခိုး
ထက်မြက်သည်မှတ်ပါ၊ စေတနာထက်လျှင် အောင်မြင်
မှု အမြန်ရ၏ဟု မှတ်။

ဤနေရာတွင် သတိပြုရန်မှာ စိတ်ညွတ်၍ မေတ္တာ
ပို့နေဆဲအခါဖြစ်စေ၊ စိတ်အာရုံ ရထားဆဲအခါ ဖြစ်စေ
မိမိ စေတနာကောင်းထဲသို့ ဒေါသစိတ် ဝင်မလာရပါ။

တစ်ဘက်သား မပျက်စီးစေလိုခြင်း, တစ်စုံတစ်ခု
ဒုက္ခ ရောက်မသွားစေလိုခြင်း စသော ဒေါသစိတ် မသိ
မသာဝင်လာတတ်၏။

ဒေါသစိတ်ဝင်လာလျှင် သတိဖြင့် ထွက်ခွာသွား
အောင် ဖယ်ထုတ်ပစ်ပါ၊ ဒေါသစိတ်, မာနစိတ် ကင်း
အောင် ဖယ်ထုတ်ပစ်နိုင်လျှင် မိမိအပေါ် တစ်ဘက်သား
က ရန်လုပ်၍မရတော့ပါ၊ မိမိက ရန်သူကို နိုင်ပြီဟူ၍မှတ်ပါ။

[တောင်တန်းသာသနာပြုဆရာတော်၏ မေတ္တာစွမ်းအား လက်တွေ့အကျိုးများ စာအုပ် စာ ၁၀၃၊ ၁၀၆ ]
မုန်းသူကိုချစ်အောင်ပြန်လုပ်နည်းမှ Mini Monk

မျှဝေတင်ဆက်ပါသည်။
မေတ္တာနှလုံးကိုယ်စီသုံးကျင့်သုံးနိုင်ကြပါစေ

No comments:

Post a Comment