Thursday, December 20, 2018

`သူ့ ကိုမုန်းရင် ကိုယ်ရှုံးသည်´


`သူ့ ကိုမုန်းရင် ကိုယ်ရှုံးသည်´
__________________________________
ရာဇဂြိုဟ်ပြည်မှာ ချမ်းသာတဲ့မိဘနှစ်ပါးက 
မွေးလာတဲ့ သားလေးတစ်ယောက် ရှိတယ်
ငယ်ငယ်က
`ထမင်းကျွေးရင် ငိုပါတယ် မစားပါဘူး´
ကိုယ့်မစင်ပဲ လျှာလေးနဲရက်ရက်ပြီး စားပါတယ်။
အကျင့်က မပျောက်တော့ ကြီးလာတော့ မိဘတွေက ရှက်လို့ အဝတ်မဝတ်တဲ့ အစေလက အာဇီဝကတွေထံ
ပို့လိုက်ပါတယ်။ အချိန်တန်ဆွမ်းစားခေါ်တော့
သူက မလိုက်ပါဘူး။
ဗိုက်မစာဘူးလိုလို
ဘာလိုလိုနဲ့ ကျန်ခဲ့တာပါ
သူက ဘာစားလဲဆိုတော့ မစင်တွင်းကို ဖွင့်ပြီး အားရပါးရ စားသတဲ့ ။
နောက်တော့ အာဇီဝကတွေက ကျောင်းကို ပြန်ချောင်းတော့မိပါတယ်
သူ့ ကို ကျောင်းက ထုတ်​လိုက်ပါတယ်
ဒါနဲ့  အိမ်သာများမဲ့ နေရာ
ဈေးတန်းကို ရွေးလိုက်ပါတယ်
သူ့ အတွက် အတော်ဟန်ကျဆိုပဲ။
သူနေတဲ့ ပုံစံက ဒီလိုပါ
လက်တစ်ဖက်က ကျောက်ဖျာကိုထောက် ခြေတစ်ဖက်က မြှောက်ပြီး ဒူးထောက်နေပါတယ်​။
ပြီးတော့ ပါးစပ်လဲ ဖွင့်ထားပြိး သူများတွေ မေးရင် လေကို သာစားတယ်လို့ ဖြေပါတယ်
ဒီလိုနဲ့  မစင်တွေစားခဲ့တာ ၅၅နှစ်​ကြာ သွားခဲ့ပါတယ်။
တစ်​​နေ့​တော့ဘုရားရှင် သွားပြီးတရားဟောရပါတယ်
နောက်ဆုံး ရဟန္တာ ဖြစ်သွားပါတယ်
( ၅၅ )နှစ် ဘာလို့  မစင်တွေစားခဲ့ရတာလဲဆိုတော့..
တစ်ခုသောဘဝမှာ
သူက ရဟန်းတစ်ပါး ဖြစ်ခဲ့တယ်
ကျောင်းကိုလာတဲ့ ရဟန်းတစ်ပါးကို ရွာထဲက ဒကာက ကြည်ညိုလို့ 
ကုတင်​ ဆွမ်း ဆတ္တာသည် သင်္ကန်း
ထို လေးမျိုးကို ဒကာက လှူမယ်ဆိုလို့  ကျောင်းနေရဟန်းက အာဂန္တု ရဟန်းကို
ထိုလာဘ်လာဘ တွေကို မရစေချင်တာ
ဒါနဲ့သူက ညနေချမ်းအခါ
အာဂန္တု ရဟန်းထံသွားပြီး
`သင်သည် ငါ့ဒကာလှူမယ့်
ဆွမ်းကို စားမယ့်​အစား မစင်စား
ဒါကမှ မြတ်သေးတယ်´
`သင်သည် ခေါင်း​ကို ဓားနဲရိတ်မယ့်​အစား ဆံပင်ကို နုတ်တာကမှ မြတ်​သေးတယ်´
`သင်သည် သင်္ကန်းဝတ်မဲ့ အစားအဝတ်မစည်းပဲနေတာကမှ မြတ်သေးတယ်´
`သင်သည် ကုတင်နဲ့ အိပ်ရတာထက် မြေကြီးမှာ အိပ်ရတာက မြတ်သေးတယ်လို့ ဒီလို ပြောခဲ့မိတယ်´
တကယ်ဆို ခဏလာတဲ့ ဧည့်သည်ပဲ သူပြန်သွားရင် ဒီပစ္စည်းတွေ ကိုယ့်ကျောင်းမှာ အကုန်ကျန်ခဲ့မှာ ယူသွားလို့လဲ မရဘူး
ဒီလိုလေးများ စဉ်းစားမိလိုက်ရင်
ခုတော့ သူပြောခဲ့မိတာက
ရဟန္တာဆိုတာ မသိခဲဘူး
( ၅၅ )နှစ်တိုင်အောင် အဝတ် မဝတ်ရဘူး
ဆံပင် အနုတ်ခံရတယ်
မြေကြီး​ပေါ်ပဲ အိပ်ရတယ်
မစင်ကိုပဲ (၅၅ ) နှစ်ကြာအောင် စားခဲရတယ် ။
သူ့ ကို ခဏလေးမုန်းတဲ့ စိတ်နဲ့
ပြောဖြစ်ခဲ့ပေမဲ့ ကိုယ့်မှာတော့
ဘဝတိုင်း ရှုံးခဲ့ရတယ်
သြော် သူ့ ကိုမုန်းရင် ကိုယ်ရှုံးသည်
မစ္ဆရိယ ဆိုတာ တကယ်ကြောက်စရာကောင်းပါလား
ရှောင်နိုင်ကြပါစေ
ဖြေဆည်ရာဆရာတော်
Credit : ဧရာဝတီ အရှင်
ဓမ္မဒါန ပူ​ဇော်​ပါသည်
စိုးဝင်း​ကျော်​(ယိုးဆနွင်း)

No comments:

Post a Comment