❝ ဒိဋ္ဌေ ဒိဋ္ဌ မတံ္တ နည်းနဲ့
သံသရာခရီး တစ်ထိုင်တည်း ပြတ်စေသောဝ် ❞
သံသရာခရီး တစ်ထိုင်တည်း ပြတ်စေသောဝ် ❞
✧ သတ္တလောက သတ္တဝါဟူသမျှဟာ
သံသရာခရီး ဘယ်ကစလို့ ဘယ်မှာ ဆုံးကြမှာလဲ••• ?
သံသရာခရီး ဘယ်ကစလို့ ဘယ်မှာ ဆုံးကြမှာလဲ••• ?
✧ အဝိဇ္ဇာခေါင်းဆောင်ကာ •••
တဏှာနောက်လိုက်တွေနဲ့ သံသရာခရီးတွေ
ရှည်လျှား ခဲ့ကြတာဖြင့် ရေတွက်၍ပင် မကုန်
အဖုံဖုံသော သတ္တဝါတွေမှာ သင်္ခါရတရားတွေကို
အဝိဇ္ဇာဦးစီးပြီး တဏှာ ရာဂ ဒိဋ္ဌိတွေနဲ့
လုပ်ဆောင်ခဲ့ကြလေတယ်။
တဏှာနောက်လိုက်တွေနဲ့ သံသရာခရီးတွေ
ရှည်လျှား ခဲ့ကြတာဖြင့် ရေတွက်၍ပင် မကုန်
အဖုံဖုံသော သတ္တဝါတွေမှာ သင်္ခါရတရားတွေကို
အဝိဇ္ဇာဦးစီးပြီး တဏှာ ရာဂ ဒိဋ္ဌိတွေနဲ့
လုပ်ဆောင်ခဲ့ကြလေတယ်။
✧ ဒီလို ကံသင်္ခါရ တွေကြောင့် •••
ခန္ဓာမျိုးစုံနဲ့ ဘဝဇာတ်ခုံပေါ်မှာ ငိုတစ်ခါ
ရယ်တစ်လှည့် သံသရာစက်ရဟတ်မှာ
မရပ်မနားအဝိုင်းပြေး ပြေးနေကြရတယ်ပေါ့။
ခန္ဓာမျိုးစုံနဲ့ ဘဝဇာတ်ခုံပေါ်မှာ ငိုတစ်ခါ
ရယ်တစ်လှည့် သံသရာစက်ရဟတ်မှာ
မရပ်မနားအဝိုင်းပြေး ပြေးနေကြရတယ်ပေါ့။
✧ မမောနိုင်မပမ်းနိုင် •••
ပျော်စရာတွေ့တော့ ပျော်လိုက်ကြ
ငိုစရာနဲ့တွေ့တော့ ငိုလိုက်ကြတာ
ဘယ်၍ဘယ်မျှရှည်ကြာခဲ့ကြပြီလဲ။
ပျော်စရာတွေ့တော့ ပျော်လိုက်ကြ
ငိုစရာနဲ့တွေ့တော့ ငိုလိုက်ကြတာ
ဘယ်၍ဘယ်မျှရှည်ကြာခဲ့ကြပြီလဲ။
✧ အဝိဇ္ဇာနဲ့ ကံသင်္ခါရတွေကြောင့် •••
ခန္ဓာနာမ်ရုပ် တွေအထပ်ထပ်ရလာကြတာမှာ
ကိလေသာနွံအတွင်း နစ်မယ်မှန်းမသိ
ဇွတ်အတင်းသက်ဆင်းနေကြရတယ်ပေါ့။
ခန္ဓာနာမ်ရုပ် တွေအထပ်ထပ်ရလာကြတာမှာ
ကိလေသာနွံအတွင်း နစ်မယ်မှန်းမသိ
ဇွတ်အတင်းသက်ဆင်းနေကြရတယ်ပေါ့။
✧ ရုန်းလေ မြုတ်လေ ပေါ်ချီ ငုတ်ချီ နဲ့
မငြီးငွေ့နိုင်ကြပေဘူးပေါ့။
မငြီးငွေ့နိုင်ကြပေဘူးပေါ့။
🔺❝ မြင်ကာမတ်တတ် မြင်သိစိတ်မှာ ရပ် ❞
※ မြတ်စွာဘုရားရှင် •••
သာဝတ္ထိပြည်တွင်း ဆွမ်းခံကြွတော်မူစဉ်အခါ
``ဗာယိယ´´ပုဂ္ဂိုလ်ထူးဟာ သံသရာက
လွတ်ရာလွတ်ကြောင်း ကမ္မဋ္ဌာန်းတောင်းပါတယ်။
သာဝတ္ထိပြည်တွင်း ဆွမ်းခံကြွတော်မူစဉ်အခါ
``ဗာယိယ´´ပုဂ္ဂိုလ်ထူးဟာ သံသရာက
လွတ်ရာလွတ်ကြောင်း ကမ္မဋ္ဌာန်းတောင်းပါတယ်။
※ ဘုရားရှင်က •••
ဗာယိယကို ခေတ္တခဏ စောင့်ခိုင်းတယ်။
ဘာလို့လည်းဆိုရင်
ဘုရားကလည်း ဆွမ်းခံတုန်း၊
ဗာယိယ မှာလည်း အမောမပြေသေး၊
ဗာယိယ အနေနဲ့က တရားအပေါ်ဉာဏ်မစူးစိုက်
နိုင်သေးလို့ အချိန်ဆွဲထားခြင်းပါ။
ဗာယိယကို ခေတ္တခဏ စောင့်ခိုင်းတယ်။
ဘာလို့လည်းဆိုရင်
ဘုရားကလည်း ဆွမ်းခံတုန်း၊
ဗာယိယ မှာလည်း အမောမပြေသေး၊
ဗာယိယ အနေနဲ့က တရားအပေါ်ဉာဏ်မစူးစိုက်
နိုင်သေးလို့ အချိန်ဆွဲထားခြင်းပါ။
※ မြတ်စွာဘုရားက •••
ချစ်သားဗာယိယ``ဒိဋ္ဌေ ဒိဋ္ဌ မတံ္တ´´
ကမ္မဋ္ဌာန်းအချုပ်ကို ဟောပြတော်မူပါတယ်။
ချစ်သားဗာယိယ``ဒိဋ္ဌေ ဒိဋ္ဌ မတံ္တ´´
ကမ္မဋ္ဌာန်းအချုပ်ကို ဟောပြတော်မူပါတယ်။
➢ အသင်အနေနဲ့ •••
``မြင်စရာအာရုံအပေါ်မှာ မြင်သိရမယ်၊
ကြားစရာအာရုံတွေကို ကြားသိရမယ်´´ဆိုရင်
သိသိချင်းရပ်တန့်လိုက်ပါ။
အဲဒီအာရုံအပေါ်မှာ တဏှာ မာန ဒိဋ္ဌိ တွေနဲ့
``ငါ မြင်တယ်၊ ငါ့ဟာပဲငါပိုင်´´ ဖြစ်တယ်လို့
စွဲမယူလေနဲ့။
``မြင်စရာအာရုံအပေါ်မှာ မြင်သိရမယ်၊
ကြားစရာအာရုံတွေကို ကြားသိရမယ်´´ဆိုရင်
သိသိချင်းရပ်တန့်လိုက်ပါ။
အဲဒီအာရုံအပေါ်မှာ တဏှာ မာန ဒိဋ္ဌိ တွေနဲ့
``ငါ မြင်တယ်၊ ငါ့ဟာပဲငါပိုင်´´ ဖြစ်တယ်လို့
စွဲမယူလေနဲ့။
➢ ``မြင်ခါမတ်တတ် ကြားခါမတ်တတ်´´
လေးကို အသိစိတ်မှာ မရပ်ပါဘဲ``ဥပါဒါန်အစွဲ´´နဲ့ ကာမဂုဏ်တွေ ဆက် သွားရင်
ဘဝဆိုးတွေက ပြတ်မှာမဟုတ်ပါဘူးတဲ့။
လေးကို အသိစိတ်မှာ မရပ်ပါဘဲ``ဥပါဒါန်အစွဲ´´နဲ့ ကာမဂုဏ်တွေ ဆက် သွားရင်
ဘဝဆိုးတွေက ပြတ်မှာမဟုတ်ပါဘူးတဲ့။
※ ယခုအချိန်အခါမှာ •••
မြတ်စွာဘုရားရဲ့ တရားဓမ္မတွေ ဟာ
လောကအလယ် နည်းမျိုးစုံနဲ့ ပြန့်ပွားနေကြပါတယ်။
မြတ်စွာဘုရားရဲ့ တရားဓမ္မတွေ ဟာ
လောကအလယ် နည်းမျိုးစုံနဲ့ ပြန့်ပွားနေကြပါတယ်။
※ ဒီဘဝဒီခန္ဓာ မစွန့်ကြခင်မှာ •••
``အနိစ္စ´´တစ်လုံး သိရုံမျှ အမိအရယူနိုင်ကြပါစေ။
``အနိစ္စ´´တစ်လုံး သိရုံမျှ အမိအရယူနိုင်ကြပါစေ။
※ ဗာယိယပုဂ္ဂိုလ်ထူးကြီးမှာ •••
မြတ်ဘုရားပေးတဲ့ သံသရာထွက်ပေါက်ကို
အသိဉာဏ်ထူးနဲ့ ဖြတ်လို့ ထွက်လမ်းတွေ့သွားပါပြီ။
မြတ်ဘုရားပေးတဲ့ သံသရာထွက်ပေါက်ကို
အသိဉာဏ်ထူးနဲ့ ဖြတ်လို့ ထွက်လမ်းတွေ့သွားပါပြီ။
※ ဒါ့ကြောင့် မိမိတို့တစ်တွေလည်း
``ဒိဋ္ဌေ ဒိဋ္ဌ မတံ္တ နည်းနဲ့ သံသရာခရီးကို
တစ်ထိုင်တည်း ဖြတ်တောက်နိုင်´´ကြပါစေကုန်
သတည်း။
``ဒိဋ္ဌေ ဒိဋ္ဌ မတံ္တ နည်းနဲ့ သံသရာခရီးကို
တစ်ထိုင်တည်း ဖြတ်တောက်နိုင်´´ကြပါစေကုန်
သတည်း။
【ရွှေကျင်သာသနာပိုင်
ရွှေဟင်္သာဆရာတော်ဘုရားကြီး】
ရွှေဟင်္သာဆရာတော်ဘုရားကြီး】
❁ အပ္ပမာဒေန သမ္မာဒေထ ❁
✿ ရွှင်လန်း ✿ ချမ်းမြေ့ ✿ ပါစေ ✿
✿ ရွှင်လန်း ✿ ချမ်းမြေ့ ✿ ပါစေ ✿
No comments:
Post a Comment