ရဟန်းသံဃာ အိမ်ကြွလာခြင်း၏ အကျိုး
❝❝❝❝❝❝❝❝❝❝❝❝❝❝❝❝❝❝❝❝❝
❖ဗုဒ္ဓဘာသာဝင်များသည် မြတ်ဗုဒ္ဓ၏
အဆုံးမကိုခံယူထားသူပီပီ ရဟန်းတစ်ပါးကို
တွေ့ မြင်ရ၍ကြည်ညိုနေကြခြင်းထက်
မိမိနေထိုင်ရာ အိမ်ဂေဟာသို့ ရဟန်းတစ်ပါး
ကြွရောက်လာပါက ပိုမို၍စိတ်ထဲမှာ ကြည်နူး
ပီတိဖြစ်တတ်လေ့ရှိကြ၏ ဝမ်းသာအားရ
ကျေနပ်စွာဖြင့်လည်း ဂုဏ်ယူတတ်ကြလေ့ရှိ၏၊
ပီတိဖြစ်၍လည်း ကျေလည်း ကျေနပ်စရာဖြစ်သလို
ဂုဏ်ယူလည်း ဂုဏ်ယူချင်စရာပင်မဟုတ်လား
အဘယ့်ကြောင့်နည်းဆိုသော်ကား
မိမိနေထိုင်ရာအိမ်ကို ရဟန်းတစ်ပါး
ကြွလာခြင်းကြောင့် မိမိ၏စိတ်သန္တာန်မှာ
ထိုရဟန်းကိုလွန်လွန်ကဲကဲကြည
ဝမ်းသာစေသောစိတ်ကိုဖြစ်ပေါ်လ
ကြောင့်သာဖြစ်၏ ဝမ်းသာနေစဉ်ခဏ၌လည်း
ရုပ်ကြည်နေသလို သွေးသားလည်းကြည်နေ၏
သွေးသားလည်းကြည်လင်နေသလို _
စိတ်မှာလည်းကြည်လင်လေ၏_
စိတ်ကြည်လင်စေခြင်းသည်ကုသို
စိတ်ချမ်းလည်းသာနေတတ်၏ ထိုဆဲခဏ၌
သေလွန်သွားပါက ဧကံမုချပင် ရဟန်းတစ်ပါးကို
ကြည်ညိုခြင်း၏အစွမ်းပကားကြေ
အထက်နတ်ရွာသုဂတိသို့ ရောက်စေနိုင်ပေ၏
ထိုအရာကား မိမိနေထိုင်ရာအိမ်ဂေဟာသို့ 
ရဟန်းတစ်ပါးကြွချီလာခြင်း၏ ပထမအကျိုးသာပင်။
❖ဗုဒ္ဓဘာသာဝင်များသည် မိမိနေထိုင်ရာ
အိမ်မှာတော့ ဖြစ်သလိုသာနေတတ်ကြပေမယ့်
ဖြစ်သလိုထိုင်တတ်ကြပေမယ့်လိ
ရဟန်းသံဃာများကြွရောက်လာပါက
တိုင်းပြည်အုပ်ချုပ်တဲ့ဘုရာ
ပြာပြာသလဲဖြင့်အိမ်၏ခေါင်းရ
နေရာကိုအမှုက်သရိုက်ရှိကရှင်
သဲမှုံမှမကျန်သန့် ရှင်းများလုပ်ကာ ကျကျနန
သင်ဖြူးများခင်းလျှားပေးခြင်း နှင့်
အခင်းထည်တစ်ခုခုကိုခင်းကျင်
မြင့်မြတ်သောနေရာအသွင်တစ်ခု
စေတနာ မေတ္တာအပြည့်ဖြင့် ဖန်တီးတတ်ကြသည်
ဒီအစဉ်လာ ဒီအပြုမူ ဒီကျင့်ဝတ်ကောင်းသည်
ရှေးဘိုးဘွားအစဉ်လာရှိကတည်း
ယနေ့ ထက်တိုင်ရှိနေသေးတာကား
ဗုဒ္ဓဘာသာဝင်များအတွက်လည်းအလ
အားရကျေနပ်စရာပင်မဟုတ်ပါလား
ထိုသို့ သောအစဉ်လာကောင်းကို
ယနေ့ တိုင်ထိထိမ်းသိမ်းကြသလို
နောင်သားစဉ်မြေးဆက်ထိတိုင်
ထိန်းသိမ်းထားသင့်တဲ့ မြန်မာမူ မြန်မာ့အကျင့်
ဗုဒ္ဓရဲ့အမွေနှစ်လည်းဖြစ်ပေ၏
ထိုသို့ ရဟန်းတစ်ပါးကို မြင့်မြတ်သောအသွင်ပြင်
နေထိုင်ခင်းပေးရတဲ့အကျိုးအာ
ဖြစ်လေရာဘဝတိုင်း၌လည်း
နိမ့်ကျဆင်းရဲသောမျိုးရိုး၌
မြင့်မြတ်သောအမျိုး၌သာဖြစ်ခ
ဤကား …… ရဟန်းတစ်ပါး မိမိ၏အိမ်သို့ 
ကြွချီလာခြင်း၏အကျိုးသာဖြစ်
❖တစ်ခါတရံ၌ ပုထုဇဉ်လူသားတွေမို့ 
ဣဿာ နှင့် မစ္ဆရိယအားကြီးတတ်ကြလေ၏
သူစိမ်းတွေကိုအသာထား ညီအကိုမောင်နှမ
အချင်းချင်းတောင် ကိုယ့်ထက်ကြီးပွားလာပါက
မလိုနာကြ ကိုယ့်ထက်အစစအရာရာ
သာလွန်လာလျှင် ဝန်တိုတတ်ကြလေ၏
ကိုယ့်မှာရှိနေတာကိုလည်းခွဲ
ပေးရကမ်းရမှာကို အလွန်နှမျှောတတတ်သော
မစ္ဆရိယအားကြီးသော်လည်း ကိုယ်နဲ့ သွေးမတော်
သားလည်းမဆပ်တဲ့ ကိုယ့်အိမ်ကိုကြွလာတဲ့
ရဟန်းတစ်ပါးကိုတော့ ကျွေးချင်မွေးချင်တဲ့
စိတ်ကလေးတော့ အတော်များများရှိတတ်ကြ၏
ရှိတာလေးနဲ့ လည်းသင့်တယ်စွာစီမံဧည့်ခံသ
မရှိရင်လည်း တစ်ခုခုလေးတော့ဖန်တီး၍
ကျွေးမွေးလှူ ဒါန်းဆက်ကပ်ကြသည်
တစ်ရံတစ်ခါ ကိုယ်ကျွေးမွေးဆက်ကပ်ထားတဲ့
အရာဝတ္ထုလေးက ဖွယ်ဖွယ်ရာရာမဖြစ်ခဲ့ရင်တော
အားတုံ့ အားနာနေတတ်ကြသည်၊
ထို့ ကြောင့် ရဟန်းတစ်ပါး မိမိအိမ်သို့ 
ကြွလာစဉ်ခဏ၌ ထိုအချိန်သည်ကား
အလွန်အားကြီးသော ဣဿာနှင့်မစ္ဆရိယတရားများ
ကင်းလွတ်ကင်းဝေ၍အချိန်ကာလတစ
ဖြစ်နေသောကြောင့် တတိယအကျိုးလည်းဖြစ်ပေ၏။
❖ထိုသို့ ဣဿာနှင့်မစ္ဆရိယတရားနှစ်ပါး
ကင်းကင်းရှင်းဖြင့် တက်နိုင်တာလေးနှင့်
အိမ်၌ကြွလာတဲ့ရဟန်းသံဃာများ
ကျွေးချင်မွေးချင်လှူ ဒါန်းဆက်ကပ်လိုတဲ့
စေတနာသဒ္ဓါတရားများကြောင့်
လှူ ဒါန်းလိုက်ရတဲ့ ထိုသူ့ ဘဝမှာ
ဖြစ်လေရာမှာဆင်းရဲခြင်းလည်း
စည်းစိမ်ချမ်းသာမှန်သမျှကို
ရရှိစေနိုင်တတ်၏ ဤကား ရဟန်းတစ်ပါး
မိမိ၏အိမ်သို့ ကြွချီလာရခြင်း၏
စတုတ္ထအကျိုးအာနိသင်သာဖြစ်၏။
❖လောကလူသားတို့ သည်
ဘဝပေးအခြေနေရ မိမိဘဝအတွက် နှင့်
သားရေး သမီးရေးတို့ ၏ ဘဝအခြေနေအတွက်
အလုပ် လုပ်ရသူတွေချည်းသာဖြစ်ပေသည်
မျက်စိနှစ်လုံးဖွင့်ကတည်းကတ
မျက်လုံးနှစ်လုံးပိတ်သည့်တိ
အလုပ် လုပ်ကြရသည် ဘဝပေးအခြေနေရ
ရုန်းကန်လှုတ်ရှားနေကြရသည် ကြာလာတော့
ဘဝသည်အလုပ်ဖြစ်၍ အလုပ်သည်လည်း
ဘဝဆိုတာအလိုလိုဖြစ်၍လာခဲ့မှ
ကောင်းမှုတစ်ခုတစ်ခုလုပ်ဖို့ ရန်အတွက်ကား
အချိန်မပေးနိုင်သလို အချိန်လည်းမရနိုင်တော့
တရားလည်းမနာယူနိုင်တော့ပေ၊
တရားနှင့်ကင်းဝေးသောလူတစ်ယေ
ဘာသာရေးနှင့်ဆက်နွယ်သော အသိဥာဏ်
ဗဟုသုတလည်းအားနည်းလာသည်
ဗဟုသုတအသိဥာဏ်မရှိတော့ မလုပ်သင့်တာကို
လုပ်သင့်သည်ဟုယူဆလာသည်
လုပ်သင့်တာတွေကို ရှောင်ကျဉ်သင့်သည်ဟု
အတွေးအမြင်တွေမှားရွင်းလာသည
သို့ ပေမယ့် ဘယ်လောက်ပဲအလုပ်တွေများများ
အိမ်ကို ကိုယ်နဲ့ အသိကျွမ်းတဲ့ရဟန်းသံဃာ
ကြွလာတော့မယ်လို့ သတင်းကြားရင်ဖြင့်
လုပ်လက်စအလုပ်တွေကိုရပ်ထားေ
ဝမ်းမြောက်စွာကြိုဆိုတတ်ကြသ
အိမ်ရှင်ကလည်းလှူ စရာရှိတာလှူ ကြသလို
ရဟန်းသံဃာဘက်ကလည်း ဘာသာရေး
ဗဟုသုတဆက်နွယ်တဲ့အဆုံးမတရား
ဟောကြားဆုံးမတတ်ပေသည်မဟုတ်လ
နောက်ဆုံး ကိုယ့်ရဲ့အိမ်ကို ရဟန်းသံဃာတွေ
ကြွချီ၍လာခဲ့သောကြောင့် တရားလည်း
နာယူခွင့်ရလိုက်ရ၏ ဘာသာရေးအသိပညာ
ဗဟုသုတလည်းတိုးပွားခွင့်ရလိ
မိမိ၏စိတ်ထဲ၌ဖြစ်နေသော ယုံမှားသံသယများလဲ
ကင်းရှင်းသွားလေ၏ ဤကား ……
ကိုယ့်ရဲ့အိမ်ကို ရဟန်းသံဃာများကြွချီလာခြင်း
ပဉ္စမအကျိုးသာဖြစ်ပေ၏။
အားလုံး ဘာသာ နှင့် သာသနာကို
ကြည်ညိုအလေးထား၍ ကိုးကွယ်ဆည်းကပ်ကာ
စောင့်ရှောက်၍ ထောက်ပန့် နိုင်တဲ့
သာသနာ့အမျိုးကောင်းသား / အမျိုးသမီးများ
ဖြစ်နိုင်ကြပါစေလို့ ဆုမွန်ကောင်းဆန္ဒများဖြင့်
ဖန်ခါးမြေ အရှင်
⭐⭐⭐⭐⭐
No comments:
Post a Comment